Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်မှ ယခုနှစ်ကုန်တွင် ရန်ကုန်မြို့၌ Little Sheep ဟော့ပေါ့ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း

နာမည်ကျော် တရုတ် ဟော့ပေါ့ Little Sheep ကို ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း

Yoma Strategic က မေလ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Little Sheep ဟော့ပေါ့ကို Yum China ကုမ္ပဏီက ပိုင်ဆိုင် ပြီး ယင်းကုမ္ပဏီနှင့် Yoma Str-ategic တို့ အကျိုးတူပူးပေါင်းဖွင့် လှစ်မည်ဟု သိရပါတယ်။

 

စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင် Yoma Strategic က မြန်မာနိုင်ငံတွင် ကြီးထွားလာ သည့် လူလတ်တန်းစားကို အဓိက ရည်ရွယ်သည့် အစားအသောက် ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လာမှု၏ အစိတ်အပိုင်းတစ် ခုဖြစ်ကြောင်း သိရပါတယ်။

 

‘‘ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်က မြန်မာနိုင်ငံရဲ့အစားအ စာနဲ့ အဖျော်ယမကာလုပ်ငန်းမှာ ရှေ့တန်းက ဦးဆောင်နိုင်ဖို့ ဖြစ် တယ်’’ဟု Yoma Strategic အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun က ပြောကြား ခဲ့ပါတယ်။

 

Little Sheep ကို ရန်ကုန်မြို့ တွင် စတင်ဖွင့်လှစ်ပြီး အခြားမြို့ များတွင် ဆက်လက်ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံတွင် ပြောင်းလဲ လာသော စားသုံးသူဈေးကွက်ကို အခြေခံ၍ ဆိုင်လာရောက်ဖွင့် လှစ်ခြင်းဖြစ်သည်ဟု ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

 

ကုမ္ပဏီခန့်မှန်း ချက်အရ မြန်မာလူထုသည် အခြေခံလိုအပ်ချက်အပေါ် သုံးစွဲနေခြင်းအစား လူနေမှုထုတ်ကုန်များ ကို ဝယ်ယူသုံးစွဲလာနိုင်သည့် ဝင်ငွေရှိလာကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသည် ၂၀၂၀ တွင် လူ လတ်တန်းစားဝင်ငွေနှင့်အထက် ရရှိသူ ၁၀ သန်း ကျော်ရှိလာမည် ဟု ကုမ္ပဏီက ခန့်မှန်းထားကြောင်း သိရပါတယ်။

 

Little Sheep သည် နိုင်ငံ တကာ အသိအမှတ်ပြုခံရသည့် ဟော့ပေါ့လုပ်ငန်းဖြစ်ပြီး ၁၉၉၉ တွင် တရုတ်နိုင်ငံ၌ စတင်ဖွင့်လှစ် ခဲ့ပြီး လက်ရှိတွင် ရှန်ဟိုင်း၊ ဟောင်ကောင်၊ တိုကျို၊ နယူး ယောက်၊ မဲလ်ဘုန်းမြို့များ အပါ အဝင် ကမ္ဘာပေါ်ရှိ မြို့ ၁၂၀ ကျော်တွင် ဆိုင်ခွဲ ၃၀၀ ခန့် ဖွင့်လှစ် ထားကြောင်း သိရပါတယ်။

 

Yoma Strategic  ကုမ္ပဏီသည် စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ စား သောက်ကုန်၊ မော်တော်ယာဉ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည်ဟုလည်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:20
Rate this item
(1 Vote)