×

Warning

JUser: :_load: Unable to load user with ID: 540


အစားတလိုင်းတို့အတွက် လက်ဖက်ရနံ့သင်းသင်းလေးနဲ့ ကြက်ကင်လေး

အစားတလိုင်းတို့ ကြိုက်နှစ်သက်စေမယ့် လက်ဖက်အနံ့လေးမွှေးမွှေးလေးနဲ့ ကင်ထားတဲ့ကြက်ကင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လက်ဖက်ဆိုတာကလဲ မကြိုက်တဲ့သူက ခပ်ရှားရှား ကြက်ကင်ဆိုလဲ မကြိုက်တဲ့သူက ခပ်ရှားရှားဆိုတော့ အဲနှစ်ခုပေါင်းလိုက်တော့ တော်တော်ကောင်းတဲ့ လက်ဖက်ကြက်ကင်လေးဖြစ်ပါတယ်။


ပါဝင်သောပစ္စည်းများကတော့ ကြက်သား၊ လက်ဖက်နှပ်ပြီးသား၊ ငါးငံပြာရည်၊ သကြား၊ အရောင်တင်မှုန့်၊ ကြက်သွန်ဖြူ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ။ ကြက်သားရဲ့ လည်ပင်းရိုးကို ကပ်ကြေးနှင့် ညှပ်၍ထုပ်ထားပါ။ပြီးလျှင် သံချောင်းရှည်ရှည်ဖြင့် ထိုးထားပါ။

 

ပြီးနောက် ကြက်သွန်ဖြူနှင့် လက်ဖက်နှပ်ကို တောက်တောက်စဉ်းထားပါ။

 

ပြီးလျှင် ကြက်သားကို ဇလုံတစ်ခုထဲ၊ တောက်တောက်စဉ်းထားသော ကြက်သွန်ဖြူ၊ လက်ဖက်နှပ်၊ ငါးငံပြာရည်၊ သကြား၊ အရောင်တင်မှုန့်တို့ဖြင့်နယ်ပြီး အနည်းဆုံးလေးနာရီခန့်နှပ်ထားပါ။

 

ပြီးနောက် ကြက်သားကင်ဖို့အတွက် အကင်မီးဖိုကို အပူချိန် အနိမ့်ဆုံးမှာထားပါ။ မီးအေးအေးဖြင့်ကင်ပါ။ပြီးလျှင် ကြက်သားကို ကင်လိုက်ပါ။

 

ပြီးရင်တော့ အကင်မီးဖိုမှာ အဖုံးအုပ်တာပါလျှင် အုပ်ထားတာပိုကောင်းပါတယ်။ ကြက်သားကို ကင်နေတုန်းမှာ ကြက်သားက ကျန်နေတဲ့အရည်တွေကို မသွန်ပစ်ပါနဲ့။

 

မီးသွေးမီးဖြင့်လဲကင်လို့ရပါတယ်။  မိနစ် နှစ်ဆယ် လောက်နေလျှင် ကြက်သားကို နှပ်ထားပြီးကျန်တဲ့အရည်သုပ်ပြီးနောက် တစ်ဖက်လှန်၍ ကင်လိုက်ပါ။

 

ပြီးရင်တော့ နောက်ထပ် မိနစ် နှစ်ဆယ်နေလျှင် မီးအပူမပေးသောဘက်ကို အထက်ပါနည်းအတိုင်း နှပ်ထားပြီးကျန်တဲ့အရည်သုပ်၍ အထက်အောက်လှန်၍ ကင်ပါ။

 

ကင်တာ အချိန် တစ် နာရီလောက်ဆိုရင် ရပါပြီ။

 

နောက်ဆုံးတွင်တော့ လက်ဖက်အနံ့လေး မွှေးကြိုင်ပြီး အတွင်းထဲက အသားတွေကလဲ နူးအိနေတဲ့ လက်ဖက်မွှေးကြက်ကင်လေးကို အိမ်တွင် လွယ်လင့်တကူပြုလုပ်စားနိုင်အောင်လမ်းညွှန်ပေးလိုက်ပါတယ်။

 

Read More >>>>>  ထမင်းမြိန်စေမယ့် ဝက်သုံးထပ်သားနှင့် ပန်းငရုတ်ပွဟင်း

Read times Last modified on Friday, 18 January 2019 15:07
Rate this item
(1 Vote)