စတော်ဘယ်ရီ ဒိန်ချဉ်ရေခဲချောင်း
Unicode
စတော်ဘယ်ရီ ဒိန်ချဉ်ရေခဲချောင်း
ကလေးများအကြိုက်တွေ့စေမယ့် စတော်ဘယ်ရီ ဒိန်ချဉ်ရေခဲချောင်းလေးကို အိမ်မှာ လုပ်စားဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ စတော်ဘယ်ရီသီး၊ ဒိန်ချဉ်၊ သကြား တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး စတော်ဘယ်ရီသီးတွေကို ရေဆေးပြီး ထက်ခြမ်းခြမ်းပေးထားပါ။
Read More >>>>> ထောပတ်သီးရေခဲချောင်းလေးလုပ်စားရအောင်
ပြီးနောက်ကျန်တဲ့ စတော်ဘယ်ရီသီးတွေကိုတော့ ဖျော်စက်ထဲထည့်ကာ ကြိတ်ချေထားပါ။
ပြီးလျှင် ဖျော်ရည်ထဲကို ဒိန်ချဉ်အနည်းငယ်နဲ့ သကြားအနည်းငယ်ထည့်ပေးပါ။
ပြီးနောက် ရေခဲချောင်းလုပ်တဲ့ခွက်ထဲကို ခြမ်းထားတဲ့ စတော်ဘယ်ရီသီးအစိတ်လေးတွေကို ထည့်၊ ပြီးရင် ချေထားတဲ့စတော်ဘယ်ရီနဲ့ဒိန်ချဉ်အရောကို ထည့်ပေးပြီးရင်တော့ ရေခဲသေတ္တာ အအေးဆုံး အကန့်ထဲထည့်ပြီး ခဲအောင် အအေးခံထားပါ။
ခဲပြီဆိုရင်တော့ ကလေးများအကြိုက်တွေ့မယ့် စတော်ဘယ်ရီ ဒိန်ချဉ်ရေခဲချောင်းကို သုံးဆောင်နိုင်ပါပြီ။
Myanmar Food Industry Directory