Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထောပတ်သီးရေခဲချောင်းလေးလုပ်စားရအောင်

Unicode

ထောပတ်သီးရေခဲချောင်းလေးလုပ်စားရအောင်

ပိတ်ရက် အိမ်မှာကလေးများအကြိုက်တွေ့စေမယ့် ထောပတ်သီးရေခဲချောင်းလေးလုပ်စားဖို့အတွက် နည်းလမ်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ထောပတ်သီး၊ သကြား၊ ဆား၊ ရေကျက်အေးတို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ထောပတ်သီးကို အခွံခွာပြီး ကျေအောင် ကြိတ်စက်ဖြင့် ကြိတ်ချေထားပါ။

 

Rice Mills (83)ဆန်စက်များ ၈၃ ခုကိုရှာရန်နှိပ်ပါ။

 

ပြီးလျှင်  ဆား၊ သကြား၊ ရေနှင့် ရေခဲချောင်းလုပ်မယ့် အံခွက်ကို ပြင်ထားပါ။


   
ပြီးနောက် ကျေအောင် ချေထားသော ထောပတ်သီး၊ ပန်းကန်ထဲမှာ ဆား၊ သကြား၊ ရေကျက်အေးတို့ကိုထည့်ပြီး သမအောင် မွှေပေးပါ။

 

ပြီးလျှင် ထောပတ်သီးဖျော်ရည်များကို ရေခဲချောင်း အံထဲသို့  ခပ်ထည့်လိုက်ပါ။

 

Read More >>>>>  ကြော်စား၊ ချက်စား၊ သုပ်စားနိုင်တဲ့ ဆန်ပြားဖတ်ပြုလုပ်နည်း

 

ပြီးနောက် ရေခဲချောင်းလုပ်မယ့် တုတ်ချောင်းလေးတွေကို စိုက်ထည့်ပေးပါ။

 

ပြီးလျှင် အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ၈နာရီလောက်ထည့်ပြီး ခဲပေးထားပါ။

 

ပြီးနောက် ရေခဲချောင်း စားဖို့ပြင်တဲ့အခါ ရေခဲသေတ္တာထဲမှ ထုတ်ယူပြီး ရိုးရိုးရေဖြင့် သုံးမိနစ်ခန့် စိမ်ထားပေးပြီးမှ အံခွက်ထဲမှ ထုတ်ယူကာ ထောပတ်သီး ရေခဲချောင်းလေးကို  အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Industry Directory

 

 


 


 


 


 

Rice Mills (83)ဆန်စက်များ ၈၃ ခုကိုရှာရန်နှိပ်ပါ။

 


 



   

 


 


 


 


 


Read times Last modified on Saturday, 22 February 2020 09:29
Rate this item
(0 votes)