Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


မြေဆီလွှာက ကျောက်သားလို မာနေတယ်

မြေဆီလွှာက ကျောက်သားလို မာနေတယ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်း မြူနီစီပယ် နယ်နိမိတ်အတွင်းမှ  ကျေးလက် လယ်မြေများသည် လူသူကင်းမဲ့ကာ တိတ်ဆိတ်နေသည်။

အပြင်မှာ ၄၂ ဒီဂရီစင်တီဂရိတ်ရှိပြီး လယ်သမားများ လူရိပ်လူခြေ မတွေ့ရ။ 

ရာသီဥတုက လူတွေရော ကောက်ပဲသီးနှံတွေအတွက်ပါ ပူပြင်းလွန်းပါသည်။

 

Astir Power

ယခုရက်ပိုင်း နေမထွက်ခင် မနက် ၃ နာရီမှာ လယ်ကွင်းတွေထဲ အလုပ်စလုပ်ကြရကြောင်း တောင်သူတွေက ပြောပြပါသည်။ နေထွက်လာသည့်အခါ အိမ်ပြန်ကြပြီး အိမ်ထဲမှာ နေကြရသည်။

 

လယ်သမား Wang Yong Fu သည် အပူလှိုင်းကြားတွင် မည်သည့်သီးနှံကိုမျှ စိုက်ပျိုးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

 

china_heat_wave_tryu.png

 

သူ့ဘဝတစ်လျှောက်လုံး ယာခင်းထဲတွင် ပင်ပန်းစွာ အလုပ်လုပ်နေခဲ့သည်။

 

သူက   ရှုံ့နေသော ခရမ်းချဉ်ပင်များကို ညွှန်ပြသည်။ ပုံမှန်ရာသီဥတုအခြေအနေအောက်တွင် အနည်းဆုံး ခါးအထိ မြင့်ကြောင်း သူက ပြောပြသည်။

 

china_heat_wave_3343.png

 

"စိုက်လို့ မရဘူး။ ဘယ်လိုပဲ လုပ်လုပ် ဘာကိုမှ စိုက်လို့ မရဘူး။ ကျွန်တော်တို့ ယာခင်းထဲ နေ့တိုင်း ရောက်တယ်။ ဒါပေမဲ့ စိုက်လို့မရဘူး။ ဒီရက်ပိုင်း ဂေါ်ဖီ‌တွေ  မရဘူး။ အပင်တွေ အကုန်သေကုန်တယ်" ဟု သူက ပြောသည်။

china_heat_wave_43.png

 

သီတင်းပတ်များ အတန်ကြာအောင် မီးကင်သလို ပူနေသော အပူချိန်နှင့် မိုးရွာသွန်းမှုမရှိခြင်းတို့ကြောင့်   ချုံကင်းတွင် မြစ် ၆၆ စင်းနှင့် ရေလှောင်ကန် ၂၅ ခု ခန်းခြောက်သွားခဲ့သည်။

ပြီးခဲ့သည့်လတွင် အမြင့်ဆုံးအပူချိန်သည် ၄၅ ဒီဂရီစင်တီဂရိတ်သို့ စံချိန်တင်ရောက်ရှိခဲ့သည်။

 

ဇူလိုင်လနှင့် ဩဂုတ်လများတွင် တရုတ်နိုင်ငံသည် မိုးလေဝသမှတ်တမ်းများအရ ၁၉၆၁ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံးနှင့် အပြင်းထန်ဆုံး အပူလှိုင်းကို ကြုံတွေ့ခဲ့ရသည်။

 

အပူရှိန်ကြောင့် နိုင်ငံတစ်ဝှမ်းရှိ လယ်ယာထွက်ကုန်များကို အကြီးအကျယ် ထိခိုက်ခဲ့ပြီး အစားအစာ ကုန်ဈေးနှုန်းများ မြင့်မားလာနိုင်သည်။

 

ယခုနှစ်တွင်  ယခင်နှစ်ထက် အထွက်နှုန်း ၈၀ ရာခိုင်နှုန်း လျော့နည်းကြောင်း  ဒေသခံတောင်သူများက ပြောပြသည်။

 

“လယ်နှစ်ကွက် စိုက်တယ်။  သီးနှံအားလုံး ခြောက်သွေ့ပြီး သေကုန်ကြပြီ။  မြေဆီလွှာက ကျောက်သားလို မာကျောတယ်” ဟု ချုံကင်းရှိ စင်ရှီကျေးရွာမှ အသက် ၇၃ နှစ် ရှိသူ ယာသမား Zhou Qi က ပြောပြသည်။ 

 

မကြုံစဖူး အပူလှိုင်းကြောင့် ပဲပုပ်၊ ဂျုံနှင့် ပြောင်းကဲ့သို့သော ကောက်ပဲသီးနှံများ ထုတ်လုပ်မှုကို ထိခိုက်နိုင်သည်ဟု ဗဟိုမိုးလေဝသ စောင့်ကြည့်ရေးဌာနက သတိပေးထားသည်။

 

စိုက်ပျိုးရေးထွန်စက်များသည် အပူရှိန်မြင့်မားသဖြင့် မီးထလောင်သည်။ လယ်သမားများသည် ယခုနှစ်နွေရာသီတွင် စိုက်ပျိုးရေးထွန်စက်များ အသုံးမပြုလိုကြချေ။

 

စိုက်ပျိုးရာသီစတင်ချိန်မှာ ထိခိုက်ထားသဖြင့်  ရိတ်သိမ်းချိန်ရောက်မှ အကျိုးသက်ရောက်မှုကို ခံစားရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

 

“အထူးသဖြင့် အစိမ်းရောင်အရွက်တွေက တကယ်ကို အပူဒဏ်မခံနိုင်ဘူး။   မိုးခေါင်တာ အသာထား၊ စကားထဲ ထည့်မပြောနဲ့၊  နေ့စဥ်အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိတာနဲ့တင် ပျက်စီးကုန်ပြီ" ဟု စိုက်ပျိုးရေး ဆန်းစစ်လေ့လာသူ Even Pay က ပြောကြားသည်။

 

ဟင်းသီးဟင်းရွက်နှင့် လတ်ဆတ်သော သစ်သီးဝလံဈေးနှုန်းများသည် ဇူလိုင်လတွင် ခုန်တက်သွားခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ အဓိကအကျဆုံး အသားဖြစ်သောဝက်သားလည်း ဈေး တက်သည်။

 

ဗဟိုအစိုးရ၏ စာရင်းဇယားများအရ နွေအပူလှိုင်းကြောင့် စိုက်ပျိုးမြေဟက်တာ နှစ်သန်းကျော်နှင့် တိရစ္ဆာန် အကောင်ရေ ၃၅၀,၀၀၀ ကျော် ထိခိုက်ခဲ့သည်။

 

 စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး စိုက်ပျိုးသူ Wang က သူ့ကြက်တော်တော်များများ သေဆုံးသွားကြောင်း ပြောပြသည်။

 

"၁၀ ရက်လောက်ကြာတော့ ကြက်ခြံက အရမ်းပူ‌နေတယ်၊ အလေးချိန် ၄ ကီလိုကျော်ရှိတဲ့ ငါ့ရဲ့ အကြီးဆုံး ကြက်တောင် သေသွားတယ်။”

 ဟု သူက ပြောပြသည်။

အေးအောင် လုပ်ပေးခြင်း မရှိပါက  အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်တွင် တိရစ္ဆာန်များ သေဆုံးရန်ရက်အနည်းငယ်သာ ကြာသည်ဟု သူက ဆိုသည်။

 

ကုန်ဈေးနှုန်း ဈေးတက်စေသည့် နောက်အချက်မှာ သွင်းကုန်စရိတ်များ မြင့်တက်လာခြင်းပင်ဖြစ်သည်။

 

မိုးခေါင်ရေရှားကာလတွင် ရေပမာဏ အလွန်နည်းသဖြင့် အချို့သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လမ်းကြောင်းများကို အသုံးပြု၍ မရတော့ချေ။ 

ယန်ဇီမြစ်သည် ပြောင်းနှင့် ပဲပုပ်ကဲ့သို့သော သွင်းကုန် လယ်ယာထွက်ကုန်များ တင်ပို့မှုအတွက် အဓိက ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံအလယ်ပိုင်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုရန်  ဝူဟန်မြို့ ဆိပ်ကမ်းတွင် ကုန်ချသည်။ 

 

china_heat_wave.png

အဆိုပါ သင်္ဘောလမ်းကြောင်းများ မြစ်ရေခန်းခြောက်သဖြင့် ပြတ်တောက်‌နေပြီး သင်္ဘောများသည် ကမ်းရိုးတန်း အနီးတစ်ဝိုက်အထိသာ သွားလာ၍ ရသည်။ ကုန်တွင်းပိုင်းသို့ လာ၍ မရကြတော့ချေ။ ကုန်လမ်းဖြင့် ဆက်လက်ပို့ဆောင် ရသောကြောင့် စရိတ်ကြီးသည်။ဝက်၊ ကြက်၊ ငါး မွေးမြူရေး အစာဈေးများ မြင်တက်သည်။ 

မိုးခေါင်ရေရှားမှုဒဏ်ခံရသော ဒေသများသည် တရုတ်နိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုဧရိယာ စုစု‌ပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့် ရှိသည်။

တရုတ်နိုင်ငံတွင် အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်ပြတ်လပ်မှု ဖြစ်လာသည့်အခါ တရုတ် အစိုးရသည် အရန်ဆန်စပါး သိုလှေုာင်မှုမှ ထုတ်ရောင်း သည်။ ဆန်ဈေး တည်ငြိမ်အောင် ထိန်းပေးသည်။

 

တရုတ်နိုင်ငံ၏ ဆန်စပါးအရန်စာရင်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်ပြီး ယခုနှစ်တွင် စပါး ရိတ်သိမ်းခြင်း လုံးဝမပြုလျှင်လည်း တရုတ်နိုင်ငံ၏ လူဦးရေကို တစ်နှစ်စာ လုံလောက်စွာ ကျွေးမွေးနိုင်သည်။

 

“စားနပ်ရိက္ခာ အကျပ်အတည်း ချက်ချင်းဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု Hang Seng ဘဏ်မှ စီးပွားရေးပညာရှင် ဝမ်ဒန်က ပြောကြားသည်။

 

ဩဂုတ်လကုန်တွင် အစိုးရက မိုးခေါင်ရေရှားကြုံတွေ့နေရသည့် လယ်သမားများအား ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံဖိုး သူံစွဲမည်ဟု ကြေညာခဲ့သည်။

 

“သူတို့က သီးနှံတစ်ရာသီ ဆုံးရှုံးခဲ့ရင် နောက်တစ်ရာသီ သီးနှံစိုက်ဖို့ ကြီးကြီးမားမား ဒုက္ခရောက်ကြရတယ်။  ဒါကြောင့် တောင်သူတွေကို အခုချိန်မှာ တတ်နိုင်သမျှ ပံ့ပိုးပေးဖို့နဲ့ နောက်စိုက်ပျိုးရာသီရောက်လာတဲ့အခါ သူတို့စီးပွားရေးအခြေအနေ ကောင်းနေဖို့က တကယ်ကို အရေးကြီးပါတယ်” ဟု လယ်သမား တစ်ဦးက ပြောသည်။ 

Source: CNA

#MyanmarFoodIndustryGuide 

Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Friday, 16 September 2022 10:47
Rate this item
(0 votes)