Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းမှ သစ်သီးဝလံများအား တရုတ်နိုင်ငံသို့ Green Channel ဖြင့် လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရန် ဖြေလျှော့ပေး

ပြည်တွင်းမှ သစ်သီးဝလံများအား တရုတ်နိုင်ငံသို့ Green Channel ဖြင့် လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရန် ဖြေလျှော့ပေး

 

ပြည်တွင်းမှ သစ်သီးဝလံများအား တရုတ်နိုင်ငံသို့ Green Channel ဖြင့် လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရန် ဖြေလျှော့ပေးပြီး ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ ဦးအောင်သက်ဦးက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၂ ရက်တွင်ပြောသည်။

 

ဦးအောင်သက်ဦးက “Green Channel စနစ်ဆိုတာ က သစ်သီးတွေကို အထူးလိုင်းဦးစားပေးအနေအထားနဲ့ စစ်ပေးတာပေါ့။ တခြားကုန်ခြောက်တွေနဲ့ ရောမစစ်ဘဲ သစ်သီးကို သီးသန့်တစ်လိုင်းစစ်ပေးတာပါ’’ ဟု ပြောသည်။

 

ယခင်က ပြည်တွင်းမှ သစ်သီးဝလံများအား တရုတ်နိုင်ငံသို့ တင်ပို့ရာတွင်စစ်ဆေးမှုများခံယူရန် ရက်၂၀ ကျော် ကြာမြင့်ခဲ့ကြောင်းသိရသည်။

 

“သရက်သီးရာသီကုန်ပြီး သြဂုတ်လကုန်ဆိုရင် ဖရဲသီး နဲ့ သခွားသီး ကို တရုတ်နိုင်ငံကို တင်ပို့မှာပါ။ အသီးတွေကို Green Channel လုပ်ပေးတော့ အသီးတွေ ပုပ်သိုးမှုမရှိဘဲ လတ်လတ်ဆတ်ဆတ်တင်ပို့လို့ရတော့ တင်ပို့မှုမြန်လေ ကုန်ကျစရိတ်သက်သာပြီးတော့ အကျိုးအမြတ်ကတော့ များတာပေါ့’’ ဟု ၎င်းက ဆက်ပြောသည်။

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်း မှ တရုတ်နိုင်ငံဘက်သို့ ဖရဲသီး၊ သခွားသီး၊ သရက်သီး တို့ကို တင်ပို့လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် သရက်သီးရာသီကုန်ခါနီးပြီဖြစ်ပြီး လက်ကျန် သရက်သီးများအား မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်း မှ တင်ပို့လျက်ရှိကြောင်း သိရသည်။

#MyanmarFoodGuide

Telegram Channel
https://t.me/Guid4U

Source: Xinhua

 

Read 1143 times
Rate this item
(0 votes)