Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ပျားရည်ဆမ်း ကြက်တောင်ပံကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူချက်ပြုနိုင်တဲ့

ပျားရည်ဆမ်း ကြက်တောင်ပံကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်တောင်ပံ၊ ဆီ၊ ငံပြာရည်၊ ပဲငံပြာရည်၊ ပျားရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ လိုအပ်ပါမယ်။

 

ကြက်တောင်ပံကို ရေဆေးသန့်စင်ပြီး ၂ ပိုင်းပိုင်းထားပါ။ ပြီးလျှင် ကြက်တောင်ပံကို ပန်းကန်လုံးတစ်ခုတွင်းထည့်ကာ ကြက်သွန်ဖြူ၊ ချင်းတို့နှင့် နယ်၍ နှပ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင်၍ ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်တောင်ပံကိုထည့်၍ အညိုရောင်သန်းလာသည်အထိ ကြော်ပေးပါ။

 

ညိုလာလျှင် ငံပြာရည်၊ ပဲငံပြာရည်၊ ပျားရည်ထည့်၍ နှံ့သွားအောင် မွှေပေးရပါမယ်။

 

မိနစ်အနည်းငယ်ကြာလျှင် ကြက်သွန်မြိတ်ဖြူး၍ အရသာရှိသော ပျားရည်ဆမ်း ကြက်တောင်ပံကြော် ကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:58
Rate this item
(2 votes)