Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ် ကျင့်စန့်ကျော့ နယ်စပ်ဂိတ် မြန်မာ့ စိုက်ပျိုးရေးထုတ်ကုန်တစ်ခုသာ တရုတ် တင်သွင်းခွင့်ပြု

မြန်မာ - တရုတ် နယ်စပ်ဖြစ်တဲ့ မူဆယ် (၁၀၅) မိုင်ဇုန်ရှိ ကျင့်စန့်ကျော့ ဂိတ်ကို ကိုဗစ်စည်းကမ်းနဲ့ အညီ ယနေ့ ဖွင့်လှစ်ခွင့် ပြုလိုက်တာပါ။


နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီမှစတင်ပြီး ၎င်းဂိတ်မှာ ကျန်ရှိနေတဲ့ မြန်မာ ကုန်တင်ယာဉ် ၁၅၀ စီးခန့် ခါလီဖြင့် မြန်မာဘက်အခြမ်းကို ဝင်ရောက်ခွင့် ပြုမှာဖြစ်သလို မြန်မာဘက်ခြမ်းရှိ ပိတ်မိ ကုန်တင်ကား ၂၅၀ စီးခန့်ကို တရုတ်နိုင်ငံဘက်အခြမ်းသို့ စမ်းသပ်ဝင်ရောက်ခွင့် ပြုနေတာပါ။
“စမ်းသပ်ကာလကိုတော့ မသိသေးပါဘူး။ အခုဟာက ဖွင့်ပေးနေပြီ။ ကုန်တင်ယာဉ် ခါလီတွေပဲ ဝင်/ထွက် ခွင့်ပြုနေတာပါ။ မြန်မာဘက်ကိုတော့ သွင်းကုန်မရှိသေးဘူး။ တရုတ်ဘက်ကနေ စိုက်ပျိုး ထုတ်ကုန်တွေ ပြန်တင်သွားတယ် ဆန်နဲ့ ပဲ များတယ်။ ကျွန်တော်တို့လည်း လက်ရှိ ဖွင့်ပေးနေပြီ ကုန် တင်ပို့ တင်သွင်း ခွင့်တွေကို နှစ်ဦးနှစ်ဖက် စောင့်ကြည့်နေရတယ်”လို့ မူဆယ် နယ်စပ် ကုန်တင်ယာဉ် ပိုင်ရှင် တစ်ဦးက MFN ကို ဆိုပါတယ်။
အဲဒီနယ်စပ်ဂိတ်ကို စမ်းသပ်ကာအဖြစ် ဖွင့်လှစ်တာကြောင့် တရုတ်ဘက်မှ ကုန်ပစ္စည်းတင်ဆောင်ပြီး ခေါက်တို ကား ၅ စီးနဲ့ မြန်မာဘက်အခြမ်းသို့ ဝင်ရောက်လာပြီး မြန်မာဘက်ခြမ်းမှ မူဆယ်မှာထားတဲ့ Export ပစ္စည်းကား ၅ စီးတို့ကို ကျင့်စန့်ကျော့ ကုန်ချိန်းကွင်းမှာ ၄၈ နာရီ ပိုးသတ်ထားပြီး ခေါက်တို ကွန်တိန်နာယာဉ်ပေါ်သို့ ကုန်ပစ္စည်းချိန်းပြောင်းပြီး တရုတ်ဘက်အခြမ်း သို့ ပို့ဆောင်မှာပါ။
ဒီအပြင် မူဆယ် (၁၀၅)မိုင် ဂိုဒေါင်များမှာ ချထားပြီးဖြစ်တဲ့ အတက်ကုန် Export တန်ချိန် ၈ သောင်း လောက်ကို ပထမဦးစွာ ပို့ဆောင်စေမှာဖြစ်သလို နောက်ပိုင်း ရန်ကုန်၊ မန္တလေးတို့မှ တက်လာမယ့် ကုန်တင်ယာဉ် တွေကတော့ (၁၀၅) မိုင် ရွှေမိုင်းယု ဆီဆိုင် ကားကွင်းမှာ ဂိတ်ဆုံးစေပြီး ကိုဗစ် - ၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခံရသွားရမှာဖြစ်ပါတယ်။
အဲဒီမှတစ်ဆင့် ယာဉ်များကို ရွှေမိုင်းယု ဆီဆိုင်ကားကွင်းမှစကာ ရှန်တိန်ယာဉ်မောင်းအဆင့်နဲ့ ကျင့်စန့်ကျော့ ကုန်ချိန်းကွင်းထံသို့ မောင်းနှင်ရမှာပါ။
ပြန်လည် ဖွင့်လှစ်တဲ့ ကျင့်စန့်ကျော့ ဂိတ်ဟာဆိုရင် တရုတ် - မြန်မာ ကုန်စည် တင်ပို့ တင်သွင်း စနစ်ကို တရုတ်- မြန်မာ ဖက်စပ်ကုမ္ပဏီတစ်ခုမှ လုပ်ဆောင်နေတဲ့အတွက် လက်ရှိ ကုန်စည်ဒိုင်နဲ့ ကုန်တင်ကား ပိုင်ရှင်တို့ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ကုန်စည် တင်သွင်းတော့လည်း စရိတ်ပေးရတော့မယ်။ တင်ပို့တော့လည်း ပေးရတော့မယ်။ တရုတ် ဘက် ကိုသွင်းတာနဲ့တင် ကုန်ကျစရိတ်က ၁၇ သိန်းဝန်းကျင်လောက်ရှိနေတယ်။ အထုတ်ကတော့ ညှိနှိုင်းနေဆဲပါ။ ဒီလို ကုန်ကျစရိတ်ကြီးနေမယ်ဆိုရင်‌တော့ ကျွန်တော်တို့အတွက် အခက်အခဲ ဖြစ်တယ်။ ဒါကို ကုန်သည်တွေ ပေါင်းပြီးတော့ တင်ပြသွားမယ်လို့” မူဆယ် ကုန်စည်ဒိုင်တစ်ဦးက ဆိုပါတယ်။
ယင်း နယ်စပ်ဂိတ်ကို ကိုဗစ် ကပ်ရောဂါကြောင့် ပိတ်ပင်ထားရှိပြီးတော့ နိုဝင်ဘာ ၂၃ ရက်မှာ တရုတ် - မြန်မာ နှစ်နိုင်ငံ နှစ်ဦးနှစ်ဖက် နယ်စပ်ဂိတ်ဖွင့်လှစ်ဖို့ အစည်းအဝေးပြုလုပ်ခဲ့ကာ ယနေ့မှာတော့ စမ်းသပ်ကာလ စနစ်သစ်ဖြစ် တရုတ် - မြန်မာ ကုန်သွယ်မှု စနစ်ကို ပြန်လည် လုပ်‌ဆောင်လာတာပါ။

MFN

 

 

Read times
Rate this item
(0 votes)