Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ သရက်သီးတွေကို တရုတ်က ကိုဗစ်စစ်ပြီး ဝယ်မယ်

မြန်မာ သရက်သီးတွေကို တရုတ်က ကိုဗစ်စစ်ပြီး ဝယ်မယ်

 

မူဆယ်နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ပြည်ဘက် သရက်အိတ်စပို့စ် ပြည်ပတင်ပို့တာတွေကို ဧပြီလကုန်မှာ စတင်ခဲ့ပါတယ်။

 

တစ်ရက်ကို တန်ချိန် ၅၀ ဝန်းကျင် တင်ပို့ပေးရပေမယ့် အရင်က တန်ချိန်ပေါင်း ရာချီတင်ပို့ပေးရတဲ့ ပမာဏကို မရောက်သေးဘူးလို့ မန္တလေးတိုင်း သစ်သီးတင်ပို့ထုတ်လုပ်သူများ အသင်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းက တင်ပို့ခဲ့တဲ့ မြန်မာ သရက်သီးတွေကို တရုတ်ပြည်ဘက်မှာ ကိုဗစ်ကာကွယ်ဆေးဖျန်းလို့ အသီးလောင်တာတွေ ရှိခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

 

ဒါကြောင့် လက်ရှိမှာ တင်ပို့သရက်သီးတွေကို ရွေးစစ်ပြီး ကိုဗစ်တွေ့ရှိရင် ပါလာတဲ့ ကုန်တွေ ဖယ်ရှားပြီး မီးရှို့တာတွေ ပြုလုပ်မှာဖြစ်တယ်လို့ နှစ်ဖက် သဘောတူထားကြောင်း လက်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး အခြေအနေကို သရက်သီးကုန်သည်တစ်ဦးက ပြောပါတယ်

 

လက်ရှိ မူဆယ် ၁၀၅မိုင်နဲ့ ကျင်စန်းကျော့ဂိတ်တွေကနေ သရက်သီး တင်ပို့တာတွေ ပြုလုပ်နေပြီး သရက်သီး ၁၆ ကီလိုဂရမ် တစ်ဖာကို ယွမ် ၁၄၀ ၊ ပြည်တွင်းမှာတော့ တစ်ဖာကို ကျပ် ၃၅၀၀၀ ပေါက်စျေး ရှိတယ်လို့ သိရပါတယ်။

 

ကိုဗစ် ၁၉ ရောဂါ တရုတ်ပြည်ဘက် စဖြစ်ချိန်နဲ့ ၂၀၂၀ ခုနှစ်မှာ မူဆယ်ဘက်ကနေ နယ်စပ်ကုန်သွယ်မှု သစ်သီးတင်ပို့ကုန်တွေ ကန့်သတ်ချက်မရှိပေမယ့် ၂၀၂၁ ခုနှစ်ပိုင်းမှာ ကုန်ကားဝင်ထွက်ချိန်၊ ကုန်ကားမောင်းနှင်သူ ပြောင်းပေးရတာ၊ ကိုဗစ်စစ်ဆေးတာ၊ တရုတ်ပြည်ဘက် ကုန်တင်ပို့ ကားခနူန်းတွေပါ ပိုလာတယ်လို့ လက်ရှိတွေ့ကြုံရတဲ့ ကုန်တင်ပို့ပေးရမှုအခြေနေတွေကို ကုန်သည်တွေက ပြောပြပါတယ်။

 

လက်ရှိ တရုတ်နိုင်ငံဘက်က အဓိက ဝယ်ယူနေတဲ့ သရက်သီးကတော့ မန္တလေး၊ကျောက်ဆည်နဲ့ မြန်မာပြည်အလယ်ပိုင်း ဒေသတစ်ဝိုက်မှာ စိုက်ပျိုးမှုများတဲ့ စိန်တစ်လုံး သရက်အမျိုးအစားဖြစ်ပါတယ်။

 

ဧပြီလကုန်ပိုင်းကစပြီး ပြည်တွင်းမှာ စိန်တလုံး သရက်သီးတွေ ထွက်လာတာဖြစ်ပြီးတော့ စိန်တလုံးသရက် (အိပ်စွပ်) ကတော့ နယ်စပ်မှာ မေလ ၄ ရက်နေ့က ၁၆ ကီလိုတစ်ဖာကို ၁၆၀ ယွမ်အထိ စျေးရကြသလို ဟင်္သာ ရှယ်သီးကလည်း တစ်ဖာကို ၁၃၀ ယွမ်အထိစျေးပေါက်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

 

အိပ်စွပ်ဆိုတာကတော့ သရက်သီးကို အနာအဆာ အထိအခိုက်နည်းအောင် အပေါ်က အိပ်စွပ်ထားတာဖြစ်ပါတယ်။

 

မေလ ၄ ရက်နေ့ တရုတ်နယ်စပ်က သရက်သီးစျေးတွေကတော့ ထိပ်တန်းရောင်းတန်းဝင် အသီးတွေအတွက်ဖြစ်ပြီးတော့ အသီးအခြေအနေအလိုက် စျေးနှုန်း အနည်းငယ်ကွာခြားမှုရှိတယ်လို့လည်း ကုန်သည်တွေကပြောပါတယ်။

 

ဒီနှစ် ပြည်တွင်း သရက်သီး စိုက်ပျိုးထွက်ရှိနူန်းဟာ မန္တလေးနဲ့ဒေသအနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်း မိုးဒဏ်လေဒဏ်ခံခဲ့ရတဲ့ အတွက် အသီးထွက်နူန်း အရင်နှစ်တွေက ထက်နည်းတယ်လို့ မန္တလေးတိုင်း သစ်သီးတင်ပို့ထုတ်လုပ်သူများ အသင်းက လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

 

သရက်သီး စိုက်ပျိုးထုတ်လုပ်သူတွေကြားမှာလည်း ဟင်္သာတောင်ပံကျိုးတဲ့နှစ် စိန်တစ်လုံး ပုလင်းကွဲရှတဲ့ နှစ်ဆိုပြီး အသီးထွက်နူန်းလျော့လာတာနဲ့ ပတ်သက်လို့ ပြောဆိုကြတာရှိပါတယ်။

 

တရုတ်ဘက်ကတော့ သရက်သီးကိုဗစ် ရှိမရှိ စစ်ဆေးခကို ကားတစ်စီးကို ယွမ် ၃၂၀ တောင်းမယ်လို့ ထုတ်ပြန်ထားကြောင်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

 

စိန်တလုံးသရက်ကတော့ ပြည်ပ စျေးကွက်ရှိသလို ပြည်တွင်းမှာလည်း စျေးကွက်ရှိပြီး လူကြိုက်များတဲ့ သရက်သီးလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ သရက်သီးစိုက်သူတွေကတော့ ဒေါ်လာစျေးနှုန်းတွေ စက်သုံးဆီတွေတက်လာသလို ဓာတ်မြေသြဇာ ပိုးသတ်စျေး ရေသွင်းစရိတ်တွေ တက်လာလို့ ထုတ်လုပ်မှုစရိတ်တွေ အရင်နှစ်တွေကထက် တက်လာကြောင်း ပြောပါတယ်။

 

အခုရက်ပိုင်းကတော့ သရက်သီးစပေါ်တဲ့ ရာသီဖြစ်လို့ အခုစျေးရနေပေမယ့် လာမယ့်မေလ ကုန်ခန့်မှာ သရက်သီးလှိုင်လှိုင်ပေါ်လာဖို့ရှိပြီး သရက်သီး လှိုင်လှိုင်ပေါ်လာရင်တော့ စျေးတွေ အချိုးအကွေ့ ဖြစ်လာဖို့ရှိတယ်လို့ မန္တလေးတိုင်း သစ်သီးတင်ပို့ထုတ်လုပ်သူများ အသင်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကတော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဟာ တရုတ်ဘက်က ဝယ်ယူနေတဲ့ သရက်သီးအပါအဝင် သခွားမွှေးသီး ဖရဲသီး ကြက်သွန်နီ တို့နဲ့ ပတ်သက်ပြီး အတန်းအစား အရွယ်အစား ပိုးသတ်ဆေးပါဝင်မှု အနိမ့်ဆုံးလိုအပ်ချက်ဆိုပြီး သတ်မှတ် ထုတ်ပြန်ခဲ့ပါတယ်။

 

တရုတ်နယ်စပ်ကုန်သည်တွေကတော့ အခုနှစ်သရက်သီးစျေးဟာ အရင်နှစ်တွေကထက်စာရင် စျေးကောင်းရတယ်လို့ မပြောနိုင်ပေမယ့် မြန်မာငွေတန်ဖိုး ကျနေတဲ့အတွက် မြန်မာဘက်ကတော့ မက်လောက်စရာဖြစ်နေတယ်လို့ ပြောကြပါတယ်။

 

ဒါပေမဲ့ တစ်ဖက်မှာလည်း သရက်သီးတစ်ဖာလောက် ကိုဗစ်ပိုးတွေ့ရင် ကားတစ်စီးလုံးဖျက်ဆီးခံရမှာဖြစ်လို့ စိန်ခေါ်မှုများကြောင်းလည်း မြန်မာ တရုတ်နယ်စပ် သရက်သီးတင်ပို့မှုအခြေအနေနဲ့ ပတ်သက်လို့ သုံးသပ်ပြောဆိုကြပါတယ်။

BBC

 

ကိုဗစ်ကာကွယ်ဆေး အလွန်အကျွံဖြန်းခံရသဖြင့် တရုတ်သို့ တင်ပို့သည့် စိန်တစ်လုံးသရက်သီးများ ပျက်စီးဆုံးရှုံး

 

ကိုဗစ်ကာကွယ်ဆေး အလွန်အကျွံဖြန်းခံရသဖြင့် တရုတ်သို့ တင်ပို့သည့် စိန်တစ်လုံးသရက်သီးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ခွာညို သစ်သီးပွဲရုံ၏ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းခင်မောင်ထံမှသိရသည်။

 

 “ အားလုံးရဲ့ဝိုင်းဝန်းစွမ်းဆောင်ကြိုးပမ်းမှုရလဒ်(၃)ရက်အတွင်းဈေးကွက်ထဲရောက်ပါတယ်။ ဒါပေမဲ့ဗျာမြင်တဲ့အတိုင်းပါဘဲ။ သစ်သီးကိုကုန်မာရုပ်ဝတ္ထုလိုပိုးသတ်ဆေးအရည်တွေရွှဲနေအောင် ကြောက်လန့် တကြားဖြန်းကြလို့ တစီးလုံးအရည်အသွေးပျက်ယွင်းသွားပါတယ်” ဟု ဦးစိုင်းခင်မောင်အေးက ၄င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရုပ်သံမှတ်တမ်းများ ဓာတ်ပုံများနှင့်အတူ ရေးသားထားသည်။

 

ယင်းနောက်တွင် တရုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်များ လာရောက်စစ်ဆေးခဲ့ပြီး ပိုးသတ်ဆေးဖြန်း သည့်ကိစ္စကို လာရောက်သုံးသပ်လျက်ရှိကြောင်း ဦးစိုင်းခင်မောင်အေးက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

 “အကောင်းဆုံးကိုမျှော်မှန်းရင်းအဆိုးဆုံးအတွက်ပြင်ဆင်ထားပါတယ်။ ပိုးသတ်ဆေးဘေးထွက်အကျိုး Side effects ကို တရုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်များ လာရောက်စစ်ဆေးခဲ့ပါတယ်။ ပိုးသတ်ဆေးဖြန်း ကိစ္စ ပြန်လည်သုံးသပ်နေပါပြီ။ သစ်သီးပို့ကုန်အတွက် ကောင်းကျိုးတစုံတရာကျံရှိခဲ့ရင်အရှုံးထဲကအမြတ်ပါ။ ပူးပေါင်း ဆောင်ရွက်ကြိုးပမ်းပေးပါသော ပြည်တွင်းပြည်ပအဖွဲ့အားလုံးနှင့်အရှုံးသက်သာအောင် ဝယ်ယူပေးသော ယူနန်ဒေသသရက်သီးကုန်သည်များကိုအသိအမှတ်ပြုပါတယ်” ဟု ဦးစိုင်းခင်မောင်အေးက ရေးသားထား သည်။

 

သရက်သီးကားများမှာ Green channel ဦးစားပေးစနစ်ဖြင့် နယ်စပ်ဂိတ်ပေါက်မှဝင်ခွင့်ရပြီး သုံးရက်အတွင်း ဈေးကွက်ထဲရောက်နိုင်သော်လည်း အခက်အခဲများစွာရှိနေကြောင်း၊ ယခုအခက်အခဲသည် သရက်တင်ပို့မည့်သူများအတွက် အခွင့်အလမ်းလည်းဖြစ်နိုင်သလို စိန်ခေါ်မှုလည်းဖြစ်နိုင်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

 

"စိန်ခေါ်မှုကများတယ်။ တစ်ဖာလောက် ကိုဗစ်ပိုးတွေ့ရင် တစ်စီးလုံးအစဖျောက်ခံရမှာ။ အလျှော်အစားမရှိဘူး။ တရုတ်ကဲ့ကားနဲ့ချိန်ပြီး ၁၈ တန်တင်နိုင်မှ အဆင်ပြေတယ်။ တစ်နေ့ကားစီးရေ ၁၀ စီးလောက်ဆိုသုံးရက် အတွင်း ဈေးကွက်ရောက်နိုင်တယ်။ သည်ထက်များရင်မသေချာ။ နောက်ရက်မှရောင်း၊ ရောင်းပြီးတစ်ရက် ထပ်ထားပြီးမှ ပြည်မပို့ခွင့်ရမယ်" ဟု ဦးစိုင်းခင်မောင်က ရေးသားထားသည်။

 

သရက်သီးဈေးကွက်မှာ စိန်တစ်လုံး၊ ရွှေဟင်္သာသရက်များဖြစ်ပြီး ရောင်းတန်းဝင်ဈေးနှုန်းမှာ တစ်ဖာလျှင် ယွမ် ၁၀၀ မှ ၁၄၀ အထိရှိကြောင်း၊ ပထမဆုံးတင်ပို့လိုက်သည့် သရက်သီးများမှာ ကိုဗစ်ပိုးသတ်ဆေးများ အလွန်အကျွံဖျန်းခံရသောကြောင့် ဆေးပူလောင်ကာ အမြင်မလှခြင်းများဖြစ်ပေါ်လာပြီး တစ်ဖာလျှင် ယွမ် ၅၀ မှ ၇၀ ထိသာ ဈေးရရှိကြောင်း သိရသည်။

EMG

သရက်သီးတင်ပို့ခြင်း (Process)

၁။ သရက်သီးတင်ခေါက်တိုကား၏ 

(က)(ပေ/မီတာ)အချက်အလက်

(ခ)တန်ချိန်၊ ခြင်းအရေအတွက်(ကြိုတင်ပေးထားနိုင်လျှင်ပို၍ အဆင်ပြေပါသည်။)

၂။ ဘီယာကွင်းတွင် ကတ္တားချိန်ပါမည်

၃။ X-Ray ဖြတ်ပါမည်။

၄။ တရုတ်ကာစတန်ဖောက်စစ်စစ်ပါမည်။

၅။ F-Zone တွင်ဆေးစစ်ပါမည်။

(၁ဝ နေရာစစ်ဆေးခြင်းအတွက် ယွမ်၄၀၀ ကုန်ကျပါမည်။)

၆ ။ ဆေးစစ်ပြီးချန်ဟော့ကွင်းတွင် ဆေးအဖြေ   ( ၆ နာရီခန့် ) စောင့်ရပါမည်။ 

၇။ ဆေးစစ်ချက်အဖြေ 'Negative' ထွက်လျှင်အသီးရောင်းလို့ ရပါပြီ။

၈။ အသီးရောင်းပြီးလျှင် တရုတ်ပြည်မသို့ တင်ပို့မည့်ကားပေါ်တင်ပြီးဆေးစစ်ပြီးအဖြေရလျှင် ထွက် လို့ ရပြီဖြစ်ကြောင်းသိရပါသည်။

ဆေးစစ်ချိန်

နံနက် ( ၁ ) ကြိမ်

ညနေ ( ၁ ) ကြိမ်

စုစုပေါင်းခန် မ့န်းကြာချိန် ( ၂ )ရက်မှ ( ၄ )ရက်( A ဇုန်မှဝင်ရောက်ချိန် အပေါ်မူတည်ပါသည်။ )

(မှတ်ချက်။  ၂၀၂၂ခုနှစ်၊ မေလ (၁)ရက် တွင် စတင်သက်ရောက်သည်။  Covid-19 အခြေအနေအရပ်ရပ်ကြောင့် အပြောင်းအလဲရှိနိုင်ပါသည်။)

 

 

ပြည်ပတင်ပို့မည့် သရက်သီး အရည်အသွေး သတ်မှတ်ချက် အမိန့်ထုတ်ပြန်

https://www.foodindustrydirectory.com.mm/food-industry/fruits-vegetables/item/4450-mango-spe

Read times Last modified on Friday, 06 May 2022 18:38
Rate this item
(0 votes)