Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ဝက်သားကြက်ဥပေါင်း

ဝက်သားကို ပုံမှန်အတိုင်းလုပ်ရိုးလုပ်စဉ် မချက်ဘဲ Chinese Style ဝက်သားနဲ့ ကြက်ဥပေါင်းတဲ့ ဟင်းချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော ဝက်သားသုံးထပ်သား၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ချင်း၊ လေးညှင်းပွင့်၊ နာနတ်ပွင့်၊ သစ်ဂျပိုးခေါက်၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ ဆီ၊ မှိုပွင့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ငရုတ်ကောင်းမှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားကို ရေဆေးသန့်စင်ပြီး အတုံးကလေးများဖြစ်အောင်တုံးပြီးလျှင် ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး အရသာဝင်အောင် နယ်ပေးထားပါ။ နယ်ပြီးရင်လည်း မိနစ်အနည်းငယ်ကြာအောင် အသားထဲသို့ အရသာဝင်အောင် နှပ်ပေးထားပါ။

 

မှိုခြောက်ကို မိနစ်အနည်းကြာ ရေစိမ်ပြီး ရေကိုစစ်ပေးထားပါ။ စစ်ပြီးသား မှိုများကို လှီးဖြတ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကို အလုံးလိုက် ရေဖြင့် သန့်စင်အောင် ဆေးကြောထားပါ။ ပြီးနောက် ချင်းကို အခွံနွှာပြီး လှီးဖြတ်ထားပေးပါ။ ကြက်ဥကို ပြုတ်ပြီး အခွံခွာထားပါ။

 

ပြီးနောက် မီးဖိုပေါ်ဒယ်အိုးတင်ပြီး အိုးပူအောင် ထားပေးပါ။ အိုးပူလာပြီဆိုလျှင် ဆီထည့်လိုက်ပါ။

 

ဆီထည့်ပြီးရင် နှပ်ထားသောဝက်သားကို ထည့်ပြီး မွှေပေးထားပါ။ မိနစ်အနည်းငယ်ခန့် မွှေပြီးရင် သစ်ဂျပိုးခေါက်၊ နာနတ်ပွင့်၊ လေးညှင်းပွင့်တို့ကိုထည့်ပြီး မွှေပေးထားပါ။ မွှေပြီးရင် ပြုတ်ထားသော ကြက်ဥကိုထည့်လိုက်ပါ။

 

ကြက်ဥထည့်မွှေပြီးရင် ရေအနည်းငယ်ကို အသားမမြုတ်တမြုတ်ထိ ထည့်ပေးပြီး အဖုံးဖုံးထားပါ။ ပထမထည့်ထားသောရေများ ခမ်းပြီး ဆီပြန်လာရင် နောက်ထပ် ရေအနည်းငယ်ထည့်ပေးပါ။ အသားများနူးစေရန်အတွက်ရေကို ထည့်ပေးခြင်းဖြစ်ပါတယ်။

 

ပြီးရင်တော့ တဖြေးဖြေးရေများခမ်းလာပြီး ဆီပြန်ရေကျန် အနေအထားရောက်လာပါက မီးဖိုပေါ်မှ ဝက်သားအိုးကို ချလိုက်ပါ။ နောက်ဆုံးတွင် အနံ့အရသာရှိပြီး စားချင်စဖွယ် ဝက်သားကြက်ဥပေါင်းဟင်းကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  https://www.foodindustrydirectory.com.mm/food-industry/cuisine/chinese.html

Read times Last modified on Tuesday, 25 September 2018 09:52
Rate this item
(5 votes)