Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်၊ မိုးခေါင်ရေရှားပါးမှုနှင့် ရေကြီးခြင်းတို့ကြောင့် စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်နေရ

တရုတ်နိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်၊ မိုးခေါင်ရေရှားပါးမှုနှင့် ရေကြီးခြင်းတို့ကြောင့် စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်နေရ South China Morning Post

ပြီးခဲ့သည့် အပတ်က Heilongjiangပြည်နယ် မြောက်ပိုင်းက China Grain Reserve Cooperative (Sinograin)ရဲ့ သိုလှောင်ရုံမှ စာရင်းအရ coronavirus၏ အကျိုးသက်ရောက်မှု၊ နွေရာသီမှာမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးမှုများနှင့် အမေရိကန်ပြည်ထောင်စုမှ ၀ယ်ယူမှုများပြားလာခြင်းတို့ကြောင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးသောနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံက စားနပ်ရိက္ခာဖူလုံမှုအပေါ်စိုးရိမ်မှုများ တိုးများလာသည်။

 

အစိုးရအေဂျင်စီရဲ့ ၎င်းထုတ်ပြန်မှုကြောင့် သီးနှံရှားပါးမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး စိုးရိမ်ပူပန်မှုများ တိုးပွားလာပါတယ်။ မကြာသေးမီရက်သတ္တပတ်များအတွင်း ဘေဂျင်းက coronavirus ကူးစက်ရောဂါပြန်ထခြင်း၊ နိုင်ငံရဲ့ တောင်ပိုင်းရေလွှမ်းမိုးမှုနှင့် မြောက်ပိုင်းဒေသရှိ မိုးခေါင်မှု အပြင် တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာလာမှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ထုတ်ကုန်ပြတ်တောက်မှုတွေက နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုကိစ္စအတွက် ပြောစရာ တစ်ခုဖြစ်လာပါတယ်။

 

လတ်တလောမှာ တရုတ်နိုင်ငံက စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရတဲ့ သက်သေအထောက်အထားတွေ မရှိသေးပေမယ့် ဇူလိုင်လလယ်ပိုင်းတုန်းက Zhaodong ရှိ Sinograin ဂိုဒေါင်မှ ပြောင်းဖူးအကြောင်း ဗီဒီယိုတစ်ခုကို တရုတ်နိုင်ငံရဲ့ Twitter ကဲ့သို့သော platformတစ်ခုဖြစ်တဲ့ Weiboမှာ တစ်စုံတစ်ယောက်က ဖြန့်ဝေခဲ့ပါတယ်။ ၎င်းဗီဒီယိုမှာ ဂျုံ၊ စပါးအများစုက မှိုများ၊ ဖုန်များနှင့်အခြား နိုင်ငံခြားပစ္စည်းတွေနဲ့ ရောနှောနေကြောင်းစတဲ့ မကောင်းသတင်းတွေ ပါဝင်နေပါတယ်။

 

၎င်းဗီဒီယိုကြောင့် တရားဝင် ဆန်စပါးသိုလှောင်ရုံတွေက လုံခြုံစိတ်ချရမှုရှိ မရှိ၊ ပြည်တွင်းလိုအပ်ချက်အရည်အသွေးနဲ့ ကိုက်ညီမှုရှိ မရှိဆိုတာနှင့် ပတ်သက်ပြီး အများပြည်သူတွေက မေးခွန်းတွေထုတ်လာကြပါတယ်။

 

လက်ကိုင်ဖုန်းများကို စပါးကျီထဲသို့ ယူဆောင်ခြင်းကို တားမြစ်ချက်ထုတ်ထားသဖြင့် သိုလှောင်ထားတဲ့ ထုတ်ကုန်တွေက အရည်အသွေးလိုအပ်ချက်များ၊ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေတာကို အစိုးရပိုင်စပါးအေဂျင်စီတွေက ဖုံးကွယ်ထားနိုင်တယ် စသဖြင့် အွန်လိုင်းမှာ ထင်မြင်ချက်တွေ ထွက်ပေါ်လာပါတယ်။

 

ယေဘုယျအားဖြင့် ကောက်ပဲသီးနှံများရောင်းဝယ်မှုတွေမှာ ပြည်သူလူထုရဲ့ ထင်မြင်ချက်က အချို့သော ဖောက်သည်တွေအပေါ် လွှမ်းမိုးနေပါတယ်။

 

Sinograinရဲ့ ၂ရက်နေ့ညက တုန့်ပြန်ချက်အရ Weiboက ဗီဒီယို နှင့် ပတ်သက်ပြီး ၎င်းဗီဒီယိုက Zhaozhou ဂိုဒေါင်ကို ရည်ညွှန်းတာဖြစ်ပေမယ့် ကုမ္ပဏီအနေနဲ့ ဘယ်ပြဿနာကိုမှ ဖုံးကွယ်ဖို့မကြိုးစားကြောင်း ပြောကြားခဲ့ပါတယ်။

 

"ကျွန်တော်တို့က ဂိုဒေါင်မှာ မိုဘိုင်းဖုန်းတွေကို ယူဆောင်ခွင့်ပိတ်ပင်တားမြစ်ရခြင်းက ၀န်ထမ်းတွေရဲ့ လုံခြုံရေးရှုထောင့်က ကြည့်မယ်ဆိုရင် စပါးသိုလှောင်တဲ့နေရာမှာ လက်ကိုင်ဖုန်းသုံးဖို့ ကျွန်တော်တို့ အကြံမပြုပါဘူး။ မိုဘိုင်းဖုန်းများကိုမကြာခဏအသုံးပြုခြင်းက အလုပ်ပေါ်အာရုံစူးစိုက်မှုအားနည်းခြင်းကို ဖြစ်စေတာကြောင့် ဘေးအန္တရာယ်ဖြစ်စေနိုင်တယ်"လို့ Chen Yuanက South China Morning Post (Media)သို့ပြောကြားခဲ့ပါတယ်။

 

ဇူလိုင်လ ၁၄ ရက် အစောပိုင်းထုတ်ပြန်ချက်အရ Sinograinက ဗီဒီယိုမှာပါ၀င်သော ပြဿနာတွေကို စုံစမ်းစစ်ဆေးမှုအပြီးမှာ ထုတ်ကုန်တွေက ချို့ယွင်းချက်မတွေ့ရှိရဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

 

"စစ်ဆေးမှု အပြီးမှာ၊ ဗီဒီယိုဖော်ပြချက်အရ ပြောင်းဖူးအရေအတွက်နဲ့အရည်အသွေးပြဿနာတွေဟာ အခြေခံအားဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ အချက်အလက်တွေနဲ့မကိုက်ညီပါဘူး" လို့ Sinograinက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ထုတ်ကုန် နေရာအပြောင်းအလဲမှာ ပြောင်းဖူးတွေ ကျန်ရှိနေခဲ့ပြီး သိုလှောင်ရုံက သန့်ရှင်းရေးလုပ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံခြားပစ္စည်းတွေနဲ့ ရောနှောနေတာကို တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။

 

နိုင်ငံရဲ့လူဦးရေ ၁.၄ ဘီလီယံအတွက် စားနပ်ရိက္ခာဖူလုံရေးက ဘေဂျင်းအတွက် အဓိကဦးစားပေးဖြစ်ပြီး ဗဟိုအစိုးရသည် တရုတ်နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေး စီမံမှုအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။

 

နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှထုတ်ပြန်ခဲ့သည့် စားနပ်ရိက္ခာဖူလုံရေးစာရွက်စာတမ်းအရ ၂၀၁၈ ခုနှစ်မှာ တရုတ်ရဲ့ သိုလှောင်ရုံတွေက ထုတ်ကုန်တွေကို တန်ချိန် ၉၁၀ သန်းအထိ သိုလှောင်နိုင်ခဲ့ပါသည်။

 

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ယခုနှစ်နွေစပါးထုတ်လုပ်မှုက ယခင်နှစ်ထက် ၀.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ချိန် ၁၄၂.၈၁သန်းရှိခဲ့ရာ ၎င်းသည် စားနပ်ရိက္ခာဖူလုံစေမှု အတွက် နောက်ထပ်အထောက်အထားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဆန်ဈေးမြင့်တက်မှုကြောင့် တရုတ်နိုင်ငံက အမေရိကန်မှ ပြောင်း၀ယ်ယူမှုကို တိုးမြှင့်ခဲ့ပြီး ပြောင်းတန်ချိန် ၁.၉၃၇ သန်း ဝယ်ယူဖို့အတွက် ၃၀ရက်နေ့က အမေရိကန်စိုက်ပျိုးရေးဌာန (USDA)နှင့် သဘောတူအတည်ပြုခဲ့ကြပါတယ်။

 

၎င်းသည် ပြောင်းဖူးများတင်ပို့ ရောင်းချမှုအတွက် တတိယအကြီးဆုံးရောင်းချမှုဖြစ်ပြီး လွန်ခဲ့သောနှစ်ပတ်ခန့်က တန်ချိန် ၁.၇၆၂ သန်းကို အမေရိကန်မှ တရုတ်က ဝယ်ခဲ့ပါသေးတယ်။

 

Beijing Orient Agribusiness Consulting မှ အကြီးတန်း လေ့လာဆန်းစစ်သူ Ma Wenfengက ပြောင်းဈေးနှုန်းမြင့်တက်မှုက တရားဝင်ကောက်ယူထားတဲ့ စာရင်းဇယားများ၊ မှတ်ချက်များနဲ့ နှိုင်းယှဉ်လျှင် နွေရာသီ သီးနှံထွက်ရှိမှုက ကျဆင်းနိုင်တယ်လို့ ညွှန်ပြခဲ့ပါတယ်။

 

ကောက်ပဲသီးနှံထွက်ရှိမှုက လွန်ခဲ့တဲ့ တစ်နှစ်ကထက် ၄.၆ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး၊ တန်ချိန် ၁၃၅.၁၇သန်းသို့ ရောက်ရှိနိုင်ကြောင်း၊ ဘေဂျင်းမှ သတ်မှတ်ထားတဲ့တန်ချိန်ထက် ၇.၆၄သန်းလျှော့ကျနိုင်ပြီး ၂၀၁၃ ခုနှစ်မှစ၍ ယခုနှစ်အတွင်းမှာ အနိမ့်ဆုံးကျဆင်းမှု ဖြစ်ကြောင်း Ma Wenfengက ပြောကြားခဲ့ပါတယ်။

 

Written By Omega

 

Source:South China Morning Post

 

Read times
Rate this item
(0 votes)