Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ပသျူးထမင်းကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူကြော်စားနိုင်တဲ့

ပသျှူးထမင်းကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ထမင်း၊ ကြက်သား၊ ကြက်ဥ၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ခရုဆီ၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ရှာလကာရည်၊ မုန်လာဥနီ၊ ဘိုစားပဲသီး၊ ဆီ၊ ကော်မှုန့်၊ ငရုတ်ကောင်းတို့ လိုအပ်ပါမယ်။

 

ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းအရွက်များကို တောက်တောက်ဆင်းထားပါ။

 

ကြက်ဥကို ဆားအနည်းငယ်ထည့်၍ မွှေထားပါ။ မုန်လာဥနီနှင့် ပဲသီးတောင့်ကို အတုံးလေးတွေ လှီးထားပါ။

 

ထမင်းကို ခရုဆီ၊ ငံပြာရည်၊ ကြက်သားမှုန့် ၊ ရှာလကာရည်တို့ ဖြင့် နယ်ထားပါ။

 

ကြော်မည့် ဒယ်အိုးထဲတွင် ဆီထည့်၍ ကြက်ဥကို မွှေကြော်ပါ။ ထို့နောက် ကြက်ဥကို ပန်းကန်တစ်ခုထဲ ထည့်ထားပါ။

 

ကက်ဥကြော်ထားသော အိုးထဲကို ဆီ ထပ်ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းအရွက်များကို ဆီသတ်ပါ။

 

ပြီးနောက် အသားကိုထည့်ပြီး ဆားနှင့် ဟင်းခတ်မှုန့်တို့ကိုထည့်၍ လုံးထားပါ။

 

အသားများ ကျက်ခါနီးတွင် အတုံးလေးတွေ လှီးထားသော မုန်လာဥနီနှင့် ပဲသီးတောင့်ကို ထည့်ကြော်ပါ။

 

မိနစ်အနည်းငယ် အသီးအနှံကြော်ပြီးလျှင် ထမင်းကို ထည့်ကြော်ပါ။ ပြီးလျှင် ကြော်ထားသော ကြက်ဥကို ထည့်ပါ။ ထမင်းကြော်ရခါနီးတွင် ကော်မှုန့်ကို ရေဖျော်ပြီး ထမင်းပေါ်ဆမ်းပြီး မိနစ်အနည်းငယ်ထပ်ကြော်ပေးပါ။

 

ပြီးလျှင် ငရုတ်ကောင်းအပေါ်ကဖြူးပြီး မွှေကြော်ပေးပါ။ ၎င်းနောက် မီးဖိုပေါ်မှ ချ၍ ပူပူစပ်စပ်မွှေးမွှေးလေး ပသျူးထမင်းကြော်ကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Monday, 17 September 2018 13:46
Rate this item
(3 votes)