Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ကြောင့် တရုတ်နိုင်ငံသို့ ဖိလစ်ပိုင်မှ ဒူးရင်းသီးတင်ပို့မှု နှောင့်နှေး

ကိုဗစ်ကြောင့် တရုတ်နိုင်ငံသို့ ဖိလစ်ပိုင်မှ ဒူးရင်းသီးတင်ပို့မှု နှောင့်နှေး Google

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့နိုင်ရေးအတွက် ပို့ကုန်လက်မှတ်ရရှိရန် ဖိလစ်ပိုင်နိုင်ငံဒူးရင်းသီးစိုက်ပျိုးသူများမှ

တွန်းအားပေး ကြိုးပမ်းလျက်ရှိသည်။

 

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့နိုင်ရန်အတွက် "ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်အသိအမှတ်ပြု လက်မှတ်" (GAP) ရရှိထားရန် လိုအပ်ပါသည်။ GAP လက်မှတ်ရရှိရေးအတွက် ခြံကို အစစ်ဆေးခံဖို့ ဖိလစ်ပိုင်နိုင်ငံ၊ Davao ဒေသရှိ ဒူးရင်းသီးစိုက်ပျိုးသူတွေက အသင့်ဖြစ်နေကြပြီး စိတ်အားထက်သန်လျက်ရှိကြသည်။ ထိုလက်မှတ်အတွက် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ၂၀၂၀ခုနှစ် ဧပြီလတွင် ခြံများကိုလာရောက်စစ်ဆေးရန် ရည်ရွယ်ထားသော်လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုကြောင့် လက်မှတ်ရရှိရေးအတွက် အဖက်ဖက်မှ နှောင့်နှေးစေခဲ့သည်။

 

Covid-19 မတိုင်မီ Davao City Durian Industry Council (DCDIC) က ဒူးရင်းသီးစိုက်ပျိုးသူများနှင့် အဖွဲ့ဝင်အချို့ကို ဥယျာဉ်ခြံအား GAP လက်မှတ်ရရှိထားရန် အရေးပါကြောင်းကို ပညာပေးမှုများပြုလုပ်ခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံမှ ဆောင်ရွက်သော ခရီးသွားလာရေးကန့်သတ်မှုများကြောင့် ဥယျာဉ်တွေဆီ လာရောက်စစ်ဆေးခြင်းကို သြဂုတ်လသို့ ဆိုင်းငံ့ထားခဲ့ပြီး နောက်ပိုင်းမှာ ၎င်းဆိုင်းငံ့မှုအား (၂၀၂၁) ခုနှစ်တိုင်အောင် ရွှေ့ဆိုင်းထားကြောင်း တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးသံမှူးရဲ့ ပြောကြားချက်အရ သိရသည်။

 

DCDIC တွင် အနည်းဆုံး ဒူးရင်းပင် (၁၀) ပင် စိုက်ပျိုးထားသည့် အသေးစား ဉယျာဉ်ပိုင်ရှင်များ အပါအဝင် အဖွဲ့ဝင် (၅၀) ခန့်ရှိပြီး အများစုမှာ Davao မြို့တော်တွင် တည်ရှိသည်။ အသေးစားစိုက်ပျိုးသူများမှာ တစ်ဟက်တာလျှင် (၇) တန်ခန့် ထုတ်လုပ်နိုင်ပြီး၊ အကြီးစားစိုက်ပျိုးသူများမှာ တစ်ဟက်တာလျှင် တန်ချိန် (၂၀) ခန့် ထုတ်လုပ်နိုင်သည်။

 

ယခုနှစ်ရာသီတွင် အထွက်နှုန်းကောင်းမည်လို့ ခန့်မှန်းထားပြီး အထွက်နှုန်း အများဆုံးကာလမှာ စက်တင်ဘာလလယ်မှ စက်တင်ဘာလနှောင်းပိုင်း အထိဖြစ်သည်။ Davao City Durian Industry Council (DCDIC) အုပ်စုမှာ ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ ပြည်နယ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်ကာ ဖိလစ်ပိုင်၏ အဓိကမြို့တော်များဆီသို့ ဒူးရင်းသီးဖြန့်ဖြူးရေးအတွက် ကုန်စည်ပို့ဆောင်ပေးနေသည့် အုပ်စုလည်းဖြစ်သည်။

 

By Wyk (Myanmar Food Guide)

 

myantrade.gov

Read times
Rate this item
(0 votes)