Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားလုံးကြော်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လွယ်ကူကူလုပ်စားနိုင်တဲ့

ဝက်သားလုံးကြော်နည်းပဲ ဖြစ်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ အကြော်မှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီတို့လိုအပ်ပါမယ်။



ဝက်သားကို ရေဖြင့်သန့်စင်အောင်ဆေးကြောပြီး တောက်တောက်စင်းထားပါ။ ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး ညက်အောင်ကြိတ်ထားပါ။

 

ကြက်ဥကို အကြော်မှုန့်ထဲထည့်၊ ရေထည့်ပြီး မွှေပေးထားပါ။ ပြီးလျှင် ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။

 

ပြီးနောက် ဒယ်အိုးထဲကိုဆီထည့် ဆီပူလာလျှင် ၀က်သားတောက်တောက်စင်းထားတာနှင့် အရည်ဖျော်ထားသော အကြော်မှုန့်ထဲနှစ်ပြီး ဒယ်အိုးထဲထည့်ကြော်လိုက်ပါ။

 

အရောင်မှာ ရွှေဝါရောင်သန်းလာလျှင် ဆယ်၍ ရပါပြီ။ ပြီးရင်တော့ အချဉ်ရည်လေးနှင့် တွဲဖက်၍ ၀က်သားလုံးကြော်ကို သုံးဆောင်နိုင်ပါပြီ။


Read times Last modified on Thursday, 13 September 2018 17:56
Rate this item
(5 votes)