Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများ အကြိုက်တွေ့စေမယ့် Chinese Style ကြက်သားလုံးသီးစုံအကြွပ်ကြော်

မိဘများ မိမိတို့ကလေး ကျောင်းတက်ရတော့မယ်ဆိုတော့ ဘာဟင်းချက်ရမယ်ဆိုတာကို စဉ်းစားနေရသူများအတွက် Chinese Style ကြက်သားလုံးသီးစုံကြွပ်ကြော်လေးကို

အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြိတ်ထားတဲ့ ကြက်သား၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ပဲစိမ်းသီး၊ ပြောင်းဖူး၊ ကော်မှုန့်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆော့စ်၊ ဆီတို့ လိုအပ်ပါမယ်။

 

Read More >>>>> Chinese style ဂဏန်းခွက်ကြော်


ပထမဦးဆုံး ပန်းကန်လုံးတစ်ခုထဲသို့ ကြိတ်ထားတဲ့ ကြက်သား၊ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပဲစိမ်းသီး၊ ခြွေထားတဲ့ပြောင်းဖူး၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ကော်မှုန့်တို့ထည့်ပြီး နယ်ထားပေးပါ။

 


ပြီးနောက် အသား များစေးပိုင်သွားပြီဆိုလျှင် အနေတော်အလုံးများလုံး၍ ဆီပူပူမှာ ကြွပ်ပြီး ကျက်အောင်ကြော်ပေးထားပါ။

 

ပြီးရင်တော့ ကြက်သားလုံးများ ကျက်ပြီဆိုလျှင် ဆီစစ်ပြီး ပန်းကန်မှာပြင်ကာ ကြိုက်နှစ်သက်ရာ Sauce ဖြင့် တွဲဖက်၍ သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Sunday, 02 June 2019 19:55
Rate this item
(1 Vote)