Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Trung Nguyen Legend ကမ္ဘာ့ဈေးကွက်အတွက် ရှန်ဟိုင်းတွင် အရောင်းဆိုင် ဖွင့်လှစ်

Trung Nguyen Legend ကမ္ဘာ့ဈေးကွက်အတွက် ရှန်ဟိုင်းတွင် အရောင်းဆိုင် ဖွင့်လှစ်

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

 

ဗီယက်နမ်နိုင်ငံမှ ကော်ဖီလုပ်ငန်းကြီး Trung Nguyen Legend သည် ကမ္ဘာ့‌ေဈးကွက်တွင် ဗီယက်နမ်ကော်ဖီကို မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ်  တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ၎င်း၏ပထမဆုံးသော ကမ္ဘာ့ဈေးကွက်အတွက် 

စတိုးဆိုင်ကို ဖွင့်လှစ်လိုက်ပါသည်။

 

Trung_Nguyen_Lege__nd.jpg

 

ရှန်ဟိုင်းမြို့၏ လူစည်းကားသောနေရာတစ်ခု ဖြစ်သည့် Taikoo Hui တွင် စတိုးဆိုင်ကို ဖွင့်လှစါထားပါသည်။ ထို့ပြင် Trung Nguyen Legend ကိုယ်စားလှယ်ရုံးခန်းကိုလည်း ဖွင့်လှစ်ပါသည်။

Trung Nguyen Legend သည် တရုတ်ပြည်တွင်း ဈေးကွက်သို့  ကော်ဖီ တင်ပို့ရောင်းချခဲ့သည်မှာ ၁၀ နှစ် ရှိပြီဖြစ်သည်။

 

Trung Nguyen Legend မှ ထုတ်ပြန်သော ကြေညာချက်တွင် ခန့်မှန်းခြေအားဖြင့် တရုတ်နိုင်ငံတွင် ကော်ဖီ ၁၈ ခွက် ရောင်းချတိုင်း တစ်ခွက်သည် Trung Nguyen Legend ကော်ဖီဖြစ်ကြောင်း ဖော်ပြထားပါသည်။

Trung_Nguyen_Leg.jpg

Trung Nguyen Legend သည် ဗီယက်နမ်တွင် 'ကော်ဖီဘုရင်' ဟု ခေါ်ဝေါ်ကြသည့် Dang Le Nguyen Vu ဦးစီးသည့် ကုမ္ပဏီဖြစ်ပြီး ဗီယက်နမ်တွင် စတိုးဆိုင် ၇၇ ခု ဖွင့်လှစ်ထားပါသည်။

 

Mordor Intelligence ၏ သုတေသနကို ကိုးကား၍ တရုတ်နိုင်ငံ၏ ကော်ဖီဈေးကွက်သည် ၂၀၂၂ မှ ၂၀၂၇  ခုနှစ်အတွင်း နှစ်စဉ် ၁၀.၄၂% ကြီးထွားလာမည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသည် ဗီယက်နမ်ကော်ဖီတင်သွင်းမှု အဋ္ဌမမြောက်အများဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၂ မှ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။

 

ဗီယက်နမ်သည် ယမန်နှစ်က တရုတ်နိုင်ငံသို့ ကော်ဖီဒေါ်လာ ၁၂၈ ဒသမ ၄ သန်းဖိုး တင်ပို့ခဲ့ပြီး ၂၀၂၀ ထက် ၃၄% တိုးခဲ့ပါသည်။

Source vnexpress

#MyanmarFoodIndustryGuide 

To join Telegram Channel  https://t.me/Guid4

 

 
Read times Last modified on Friday, 30 September 2022 17:24
Rate this item
(0 votes)