Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကြက်သားဆာတေး

ဆာတေးဆိုရင် ဝက်သားရော၊ ကြက်သားရော စားလို့အလွန်မြိန်ပါတယ်။  အုန်းနို့ပါတယ်အတွက် ကင်နေစဉ်ရော၊ စားသုံးစဉ်ရော အနံ့အရသာ မွှေးနေပါမယ်။ 

 

အောက်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကြက်သားဆာတေးလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ အသားစိမ်ရန်အတွက် ကြက်သား၊ ပဲငံပြာရည်၊ အုန်းနို့၊ နနွင်းမှုန့်၊ သကြားအညို၊ ကြက်သားမှုန့်၊ စပါးလင်တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်သားကို ပါးပါးရှည်ရှည်လေးများလှီးထားပါ။ ပြီးလျှင် ပဲငံပြာရည်၊ အုန်းနို့၊ နနွင်းမှုန့်၊ သကြားအညို၊ ကြက်သားမှုန့်၊ စပါးလင် လှီးထားသော ကြက်သားများဖြင့် ရောနယ်ကာ အနည်းဆုံး၂ နာရီကြာအောင်ထားရပါမယ်။

 

Read More >>>>>>   မာလကာသီးဖျော်ရည် သောက်သင့်တဲ့အကြောင်းရင်း

 

ပြီးနောက် အသားကင် တုတ်ချောင်းလေးများကို ရေစိမ်ပေးထားခြင်းဖြင့် ကင်တဲ့အခါ တုတ်ကို မီးမကျွမ်းစေပါ။ မိနစ် ၃၀ခန့်စိမ်ပြီးရင် ကြက်သားများကို တံစို့ထိုးပေးပါ။

 

ပြီးလျှင် မီးကိုအနေတော်ထားပြီး ကင်ပေးပါ။ တစ်ဖတ်ဆီကိုလှန်ပြီး အကျက်ညီညီ ကင်ပေးပါ။  ကင်နေစဉ်ကြက်သားစိမ်ထားသော အရည်ပိုကို အသားများအပေါ် သုတ်ပေးပါ။

 

ပြီးရင်တော့ ကင်နေတုန်း ဆော့စ်ပြုလုပ်ဖို့အတွက် Peanut butter, red curry paste, နနွင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ သကြားအညို၊ မြေပဲလှော်ထောင်းပြီးသား၊ အုန်းနို့၊ ကြက်သားမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 


ပြီးလျှင် အုန်းနို့ကိုအိုးတစ်လုံးထဲ အပူပေးပြီး Peanut butter, red curry paste, နနွင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ သကြားအညို၊ မြေပဲလှော်ထောင်းပြီးသား၊ ကြက်သားမှုန့်၊ ဆီ တို့ရောနယ်ပေးပါ။ ပျစ်လာရင် ဆော့အရည်ရပါပြီ။

 

အသားကင်ပူပူကို ဆော့စ်ရည်ဖြင့် တွဲဖက်၍ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Friday, 24 May 2019 17:54
Rate this item
(2 votes)