Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်တောင်ပံတုတ်ချောင်းကြော်

ကြက်တောင်ပံတုတ်ချောင်းကြော် google.com

ဒီကနေ့တင်ပြမည့် အကြောင်းကတော့ ဆိုင်တွင် တွေ့ရလေ့ရှိတဲ့

ကြက်တောင်ပံတုတ် ချောင်းလေးကို အိမ်တွင်လွယ်လင့်တကူ ကြော်စားနိုင်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်တောင်ပံ၊ ကြက်သား၊ ကြက်ဥ၊ နှမ်းဆီ၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဂျုံမှုန့်၊ ပေါင်မုန့်အကြေစ၊ ဆီ၊ ငရုတ်ဆီ၊ နှမ်းဖြူ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သံပရာသီးတို့ လိုအပ်ပါမယ်။

 


ပထမဦးဆုံး ကြက်တောင်ပံကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။

 

အလယ်ရိုးအကြီးကိုပဲ ချန်ထားပြီး ကျန်အရိုးသေးသေးကို ဖယ်ထုတ်ပစ်ရပါမယ်။

 

အရေခွံကို အနည်းငယ်လှီးပြီး ဓားချွန်ချွန်ဖြင့် အရိုးဘေးမှ အသားတွေကို နွှင်ပြီး တစ်ဖက်သို့  တွန်းတင်ထားပါ။

 

ကြက်သားကို ရေဆေးသန့်စင်ပြီး နုတ်နုတ်စင်းထားပါ။ အစာပလာအားလုံးထည့်ပြီး ရောနယ်ပါ။ မိနစ်အနည်းငယ်ကြာ နှပ်ထားပါ။

 

ပြီးလျှင် ကြက်ဥတစ်လုံးကို ဖောက်ပြီး အကာကို ပန်းကန်လေးဖြင့် ထည့်ထားပါ။ ပြီးနောက် ဂျုံမှုန့်နှင့် ပေါင်မုန့်အကြေစတို့ကိုလည်း တစ်ပန်းကန်စီ ထည့်ထားပါ။

 

ပြီးလျှင် ကြက်သား အနည်းငယ်ယူ၊ ကြက်တောင်ပံမှာ ကပ်လိုက်ပြီး အလုံးပုံစံလေး လုံးလိုက်ပါ။

 

ကြက်တောင်ပံအလုံးလေးကို ဂျုံမှုန့်၊ ကြက်ဥအကာရည်နှင့် ပေါင်မုန့်အကြေစတွေနဲ့ သမထားပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီကို ထည့်ပြီး ဆီဆူအောင် တည်ပါ။ ပြီးလျှင် တစ်လုံးချင်းစီ ထည့်ပြီး ဖြေးဖြေးချင်း ကြော်ပါ။

 

အကျက်ညီပြီး ရွှေရောင်သမ်းလာလျှင် ဆယ်ယူပြီး ဆီစစ်ထားပါ။ ပြီးလျှင်တော့ ကြက်တောင်ပံတုတ်ချောင်းကြော်လေးကို ငရုတ်ဆီလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 14:29
Rate this item
(2 votes)