Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


အစေ့ထုတ်ပြောင်း တရုတ်နိုင်ငံသို့တင်ပို့ရန် မြန်မာကုမ္ပဏီ ၁၀၀ ကျော် GACC မှတ်ပုံတင်ပြီး

အစေ့ထုတ်ပြောင်း တရုတ်နိုင်ငံသို့တင်ပို့ရန် မြန်မာကုမ္ပဏီ ၁၀၀ ကျော် GACC မှတ်ပုံတင်ပြီး

လာမည့်ပြောင်းဖူးရာသီတွင် အစေ့ထုတ်ပြောင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင်မှတ်ပုံတင်ကာ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့်  တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာဖြိုးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၆ ရက်တွင်ပြောသည်။

ဒေါက်တာ ဖြိုးကိုကိုနိုင်က “လာမယ့်ပြောင်းရာသီက စက်တင်ဘာလဆိုရင်စပါပြီ။ GACC ကတော့မြန်မာနိုင်ငံ ဘက်ကနေ ပထမအသုတ် ၈၆ ကုမ္ပဏီ၊ ဒုတိယအသုတ် ၂၂ ကုမ္ပဏီက Register လုပ်ပြီးသွားပြီ။ သတ်မှတ်ချက် အောင်မြင်တယ်လို့လည်း သိရပါတယ်’’ ဟုပြောသည်။

 

မြန်မာနိုင်ငံမှ အစေ့ထုတ်ပြောင်းများအား တရုတ်နိုင်ငံ သို့တင်ပို့နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် GACC တို့သဘောတူညီမှုရရှိ ထားပြီးဖြစ်သည်။

 

ဒေါက်တာဖြိုးကိုကိုနိုင်က “တရုတ်နိုင်ငံကိုရောင်းခွင့်ရခဲ့မယ်ဆိုရင် အများကြီးပိုကောင်းသွားနိုင်တယ်။ တရုတ်နိုင်ငံကို  ကျွန်တော်တို့ က အစေ့ထုတ်ပြောင်းတွေကို ယွမ်နဲ့ ရောင်းခွင့်ရခဲ့မယ်ဆိုရင် လာမယ့်ပြောင်းဈေးကွက်မှာ တောင်သူတွေရော၊လုပ်ငန်းရှင်တွေရော အများကြီး အကျိုးရှိသွားမှာဖြစ်ပါတယ်’’ ဟု ပြောသည်။

 

ပြောင်းဖူးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်မှုရှိသော ရှမ်းပြည်နယ်မှ ပြောင်းဖူးများကို တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ 

 #MyanmarFoodIndustryGuide

Telegram Channel
https://t.me/Guid4U

Source: Xinhua

Read 2883 times
Rate this item
(0 votes)