Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ခေါက်ဆွဲကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားစရာမလိုဘဲ အိမ်တွင်လည်း

ဆိုင်လက်ရာကဲ့သို့ မှီအောင် ပြုလုပ်နိုင်တဲ့ ခေါက်ဆွဲကြော်ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ဂျုံခေါက်ဆွဲ၊ ကြက်ဥ၊ မုန်လာဥနီ၊ ရွှေပဲသီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ ကော်မှုန့်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ၀က်သားကို ရေဆေးသန့်စင်ပြီး အသားကို ပါးပါးလှီးပြီး ဆား၊ ဟင်းခတ်မှုန့်တို့နှင့် ရောနယ်ထားပါ။

 

ဂေါ်ဖီ၊ ရွှေပဲသီး၊ မုန်လာဥနီ အစရှိသည့် အသီးအရွက်များကို မိမိနှစ်သက်သည့် ပုံစံလှီး၍ ရေဆေးကာ စစ်ထားပါ။

 

ပြီးလျှင်တော့ အိုးတစ်လုံးထဲတွင် ရေနွေးပွက်ပွက်ဆူအောင်တည်၍ ခေါက်ဆွဲများ ထည့်ကာ မိနစ်အနည်းငယ် ခန့်ပြုတ်ပြီး ဆန်ခါတစ်ခုထဲသို့ လောင်းထည့်ပါ။ ပြီးနောက် အပေါ်မှရေအေးလောင်းချ၍ စစ်ထားပါ။

 

၎င်းနောက် ဒယ်အိုးတစ်ခုထဲသို့ ဆီထည့်၍ အပူပေးကာ ဆီပူလျှင် လှီးထားသော အသားများထည့်ပါ။

 

အသားများအရောင်ပြောင်းလာလျှင် ခေါက်ဆွဲများထည့်၍မွှေပြီး ဆော့စ်အရည် တစ်ဝက်ထည့်ကာ နေရာနှံ့အောင် မွှေပေးပါ။ ခေါက်ဆွဲနူးလျှင် မီးကို လျော့လိုက်ပါ။

 

နောက်ဒယ်အိုးတစ်ခုထဲတွင် ဆီအနည်းငယ်ထည့်၍ ခလောက်ထားသော ကြက်ဥအရည်ထည့်ကာ မွှေကြော်ပေးပါ။ ကြက်ဥမွှေမာလာလျှင် ဆယ်ကာ ပန်းကန်တစ်ခုထဲသို့ ထည့်ထားပါ။

 

ယင်း ဒယ်အိုးထဲသို့ ဆီထည့်၍ နုပ်နုပ်စဉ်းထားသော ကြက်သွန်နီကို ဆီသတ်ပေးပါ။ ကြက်သွန်များနီညိုရောင်သန်းလာလျှင် အသီးအရွက်များထည့်၍ မီးပြင်းပြင်းနှင့် အဖုံးအုပ်ကာ မိနစ်အနည်းငယ်ခန့် ကြော်ပေးပါ။

 

ထို့နောက် ကျန်ဆော့စ်အရည် တစ်ဝက်ထည့်ကာ မွှေပြီး ဆူလာလျှင် ကော်ရည်ထည့်ကာမွှေပါ။ ပြီးနောက် မီးလျှော့ပြီး ကြော်ထားသော ခေါက်ဆွဲများထည့်၍ သမအောင် မွှေပေးပါ။

 

အရသာစိတ်ကြိုက်ဖြစ်လျှင် ကြက်ဥကြော်နှင့် တရုတ်နံနံကို အပေါ်မှအုပ်ပြီးလျှင်တော့ အရသာရှိတဲ့ ခေါက်ဆွဲကြော်ကို အသင့်သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 14:35
Rate this item
(1 Vote)