Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Foodpanda မှ အစားအစာများကို Drone ဖြင့် ပို့ဆောင်ပြီ

Shin Min Bo Shin Min Bo

ကြက်တွေက အမြင့်ဆုံးကို ပျံနိုင်ပြီလား ? ပြီးခဲ့တဲ့ ကြာသပတေးနေ့က အင်ဒိုနီးရှား ဟင်း ( Ayam Penyet ) ကြက်ကြော် ၅ တုံးကတော့ Panda Fly ကြောင့်ပျံနိုင်ခဲ့ပါတယ်။

 

၎င်းကြက်ကြော် ၅ တုံးကတော့ Food Panda ရဲ့ ST Engineering နဲ့ တွဲဖက်လုပ်ကိုင်ကာ Drone နဲ့ပို့ဆောင်တဲ့ အစားအစာပို့ဆောင်ရေး ဝန်ဆောင်မှုကို စတင်ကာ မရီးနား တောင်ဘက်ပိုင်းကနေမှ ရေပြင်တည်ရှိရာ ၃ ကီလိုမီတာ အကွာ သင်္ဘောတည်ရှိရာသို့ပို့ဆောင်ပေးခဲ့ပါတယ်။

 

အဆိုပါ မှာယူ ပို့ဆောင်ခြင်းမှာ ကိုဗစ်ကာလ အတွင်း စင်ကာပူရှိ POSH Bawean ကုန်ပစ္စည်း ၊ ကွန်တိန်နာ တင် သင်္ဘောပေါ်ရှိ သင်္ဘောသားများအတွက် လူလဲတဲ့ အတက်အဆင်းကို ကြိုဆိုတဲ့ စားသောက်ပွဲမှာ ကျွေးမွေးတာပဲဖြစ်ပါတယ်။

 

အစားအစာ ကို ယာဉ်ပျံနဲ့ မိုးပေါ်က ပို့နိုင်ဖို့ Food Panda အနေနဲ့ စင်ကာပူ က နည်းပညာနဲ့ စက်မှု ပိုင်းဆိုင်ရာ လုပ်ငန်း စု ST နှင့် မတ်လ လောက်ခင်ကတည်းက DroNet - ST Engineering’s drone network system ကို စမ်းသပ်ခဲ့တာဖြစ်ပြီး အစပိုင်းမှာ ပေါ့ ပါးတဲ့အစားအစာ တွေကို သယ်ခဲ့တာ ဖြစ်ပြီး မြေပြင်မှ အမြင့် ၃ ကီလို မီတာ အကွာ လောက်ကနေစမ်းသပ်ခဲ့တာပါ။

 

အခုလို ပူးပေါင်းလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်မှာ စင်ကာပူက ကျွန်းနိုင်ငံဖြစ်တာမို့ Food Panda မှ အစားအစာပို့သမား ၁၂,၀၀၀ လောက်မှာ အနည်းဆုံး တစ်ယောက်လောက် က ကျွန်းနားရှိကမ်းလွန်နေရာတိုင်းလိုလိိုကို ခပ်ဝေးဝေး အစားအစာပို့ဆောင်နိုင်ဖို့ Panda Fly ကို အသုံးပြုရမှာပါ။

 

အစားအစာတွေကို ယာဉ်ပျံနဲ့ ပို့ဆောင်ဖို့ကိုဂျာမနီ ၊ ဘာလင်မြို့ အခြေစိုက် Food Panda လုပ်ငန်းစု က ၂၀၁၅ လောက်ထဲက စင်ကာပူမှာ စမ်းသပ်မှုတွေပြုလုပ်ခဲ့တာပါ။ အခု ၂၀၂၀ ခုနှစ်မှာတော့ DrN-15L Drone နဲ့ အစားအစာတွေကို ပို့ဆောင်နေပါပြီ။

 

အခုဆိုရင် အစားအသောက်ပို့ဆောင်ရေး လုပ်ငန်းတွေဟာ ယာဉ်ပျံနှင့် မကင်းဘူး လို့ သိရပြီး Uber , KFC စတဲ့လုပ်ငန်းစုတွေကလည်း မနှစ်ကတည်းက အစားအစာ တွေကို Drone နဲ့ ပို့ ဖို့စမ်းသပ်ခဲ့တာပါ။

 

Food Panda ရဲ့ စင်ကာပူမှ မန်းနေးဂျင်း ဒါရိုက်တာဖြစ်သူ Luc Andreani ပြောကြားချက်အရ '' ယေဘုယျကျသော အချက်က အစားအစာတွေကို Drone နဲ့ သယ်ယူပို့ဆောင်ခြင်းက စားသုံးသူများရဲ့ ရွေးချယ်မှုကို ပိုမိုတိုးလာစေတယ် ''

 

သူ့ ပြောကြားချက်မှာ အစားအစာတွေကို ဆိုင်တွေအများကြီးတည်ရှိရာ မြို့ထဲ ကနေ မြို့ပြင် နေအိမ်တွေကို ပို့ဖို့ဆိုတာ အင်မတန်မှ အချိန်တွေ အများကြီး ယူတယ် ။ ထိုအချိန်အများကြီးယူတာက အစားအစာရဲ့ အရည်အသွေးကို ကျစေတယ်။ အခုဆိုရင်တော့ Panda Fly က အချိန်တိုနဲ့ အစားအစာရဲ့အရည်အသွေးကို ထိန်းပေးတော့မှာပါ။

 

နည်းပညာနဲ့ ပူးပေါင်းပြီး အခုမှ စတင်လုပ်ကိုင်တာဖြစ်ပေမဲ့လည်း စျေးများလွန်းနေမှာကို ပူစရာမလိုပါဘူး ။ သာမန် အစားအစာ ပို့ဆောင် မှုတွေနဲ့များများစားစား ကွဲပြားမှာမဟုတ်ပါဘူး။

 

 

Ref : The Straits Times

Additional Info

  • Top Banner: lamintayar
Read times Last modified on Monday, 17 August 2020 11:17
Rate this item
(0 votes)