Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောသီး ဒေါ်လာ ၆၉ သန်းကျော်ဖိုး ဩဂုတ်လတွင် တရုတ်နိုင်ငံ တင်သွင်း

 ငှက်ပျောသီး ဒေါ်လာ ၆၉ သန်းကျော်ဖိုး ဩဂုတ်လတွင် တရုတ်နိုင်ငံ တင်သွင်း

 

တရုတ်နိုင်ငံတွင် ငှက်ပျောသီး တင်သွင်းမှုသည် ဩဂုတ်လတွင် ယခင်လထက် ၉ ရာခိုင်နှုန်းခန့် လျော့ကျခဲ့သည်။

 Myanmar Hong Bao

အကောက်ခွန်အချက်အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ငှက်ပျောသီး တန်ချိန် ၁၁၃၀၀၀ (၁၁၃,၀၁၀,၉၂၇ ကီလိုဂရမ်) တင်သွင်းခဲ့သည်။ 

ငှက်ပျောသီး သွင်းကုန် စုစုပေါင်းတန်ဖိုးမှာ US$69,172,503 ဖြစ်ပါသည်။ 

ဩဂုတ်လ တင်သွင်းသည့် တန်ချိန်ပမာဏသည် ဇူလိုင်လထက် ၈.၈၈% လျော့နည်းပါသည်။

 

၂၀၂၂ ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လတာအတွင်း တရုတ်နိုင်ငံ တင်သွင်းခဲ့သည့် ငှက်ပျောသီး စုစုပေါင်းတန်ချိန်မှာ ၁.၃၄၈၇ သန်း (၁,၃၄၈,၆၅၈,၅၈၆ ကီလိုဂရမ်) ဖြစ်ပါသည်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံ၏ ငှက်ပျောသီးတင်သွင်းမှု အများဆုံးရင်းမြစ်မှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ဝေစု ၄၆% ရှိသည်။  ဒုတိယမှာ ကမ္ဘောဒီးယားဖြစ်ပြီး ဝေစု ၂၄% ရှိသည်။  တတိယမှာ အီကွေဒေါဖြစ်ပြီး ဝေစု ၁၆% ရှိသည်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ငှက်ပျောသီးတင်သွင်းသည့် ပျမ်းမျှစျေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၂ ဒသမ ၀၉ ဖြစ်ပါသည်။

ငှက်ပျောသီး စိုက်ပျိုးသည့် အချို့သော ပြည်ပဧရိယာများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာကာ ငှက်ပျောသီးများ၏ အရည်အသွေး ကျဆင်းလာပြီး ဈေးနှုန်းလည်း ကျဆင်းလာပါသည်။

ထို့အပြင် ပြည်တွင်းမှ ကွမ်တုံ Guangdong နှင့် ကွမ်ရှီး Guangxi တို့တွင် ငှက်ပျောသီးရာသီသစ်ကို ရောက်ရှိပြီး အသုတ်လိုက် ထွက်ရှိသည်ဖြစ်ရာ ပြည်ပမှ တင်သွင်းသည့် ငှက်ပျောသီးများ ဝယ်လိုအား အားပျော့သွားခြင်းကြောင့်လည်း ဈေးကျပါသည်။

 

ကွမ်တုံ နှင့် ကွမ်ရှီ တို့သည် လက်ရှိတွင်  အဓိကကျသည့် ငှက်ပျောစိုက်ပျိုးထုတ်လုပ်သည့် ဒေသများဖြစ်သော်လည်း ၎င်းတို့၏ ငှက်ပျောသီးများ၏ အရည်အသွေးမှာ မညီမညာ ဖြစ်နေသည်။

သို့သော်လည်း ကုန်သည်အများစုသည် ကွမ်တုံနှင့် ကွမ်ရှီးဒေသများထံမှ ငှက်ပျောသီး ဝယ်ယူနေကြပါသည်။  ကွမ်တုံနှင့် ကွမ်ရှီးရှိ ထုတ်လုပ်မှုဧရိယာများသည် ဝယ်လိုအားကို လုံလောက်အောင် ဖြည့်ဆည်းပေးနေပါသည်။

 

လက်ရှိတွင် တရုတ်နိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သည့် ဒေသအသီးသီးတွင် ငှက်ပျောသီး ထွက်ရှိသည့် ပမာဏများသည် လုံလောက်မှုရှိသည်။

ထုတ်လုပ်မှုနယ်ပယ် အသီးသီးတို့တွင် အရောင်းအ၀ယ် အခြေအနေများ ကွဲပြားပါသည်။

အရောင်းအ၀ယ်အများစုနှင့် ဈေးနှုန်းများသည် အရည်အသွေးပေါ်တွင် မူတည်ပါသည်။

 

ယူနန်ပြည်နယ်၏ ငှက်ပျောစိုက်ပျိုးထွက်ရှိရာ ဒေသများသည် ၎င်းတို့၏ ရာသီပိတ်ကာလတွင် ရှိနေပြီး အောက်တိုဘာလနှောင်းပိုင်းတွင် ဈေးကွက်သို့ ပြန်လည်တင်ပို့လိမ့်မည်ဟု မျှော်လင့်ရသည်။

 

ဟိုင်နန် ထုတ်လုပ်မှု ဧရိယာသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး စျေးကွက်မှာ ရာသီသိမ်းချိန် ဖြစ်နေသည်။ 

 

လက်ရှိတွင် တရုတ်-လာအို မီးရထားလမ်း China-Laos Railway သည် တရုတ်နိုင်ငံရှိ ပြည်နယ် ၃၀ (မြို့ပြ) များကို လွှမ်းခြုံထားပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူနှင့် လာအိုနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံသို့ လာအိုမှ တစ်ဆင့် ဖြန့်ကြက်ထားသည်။ ၎င်းရထားပို့ဆောင်မှုကြောင့် အချိန်ကုန်သက်သာသည့်အပြင် ကုန်ကျစရိတ်များလည်း သက်သာပါသည်။ 

အရှေ့တောင်အာရှရှိ ငှက်ပျောသီးနှင့် အခြားသစ်သီးဝလံများ တရုတ်ပြည်တွင်းဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိနိုင်စေပါသည်။

Source: mysteel.com

#MyanmarFoodIndustryGuide 

To join Telegram Channel  https://t.me/Guid4U

 

Read times Last modified on Thursday, 29 September 2022 14:17
Rate this item
(0 votes)