Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြာဆံကြော် သူရဲကောင်းများ

အသက် ၂၀ နှစ်အရွယ်ရှိသူ Lee Ray Sheng ဟာ အချက်အပြုတ်ကျွမ်းကျင်သူဖြစ်လို့ စာဖိုမှူးဆု ရရှိထားသူ ဖြစ်ပြီး

Technological University (NTU) ဝင်းထဲမှာ Raydy Beehoon အမည်ဖြင့် ဆိုင်ဖွင့်ထားသူ ဖြစ်ပါတယ်။ NTU မှာ ပညာဆည်းပူးနေကြတဲ့ ကျောင်းသူကျောင်းသားတွေက ကိုဗစ်ကပ်ဘေးကြောင့် သူတို့နေထိုင်ရာ စင်ကာပူမှာ အစားတစ်နပ်ရဖို့ ခက်ခဲနေတဲ့သူတွေကို ကြာဆံကြော် ပေးပို့လှူဒါန်းဖို့ စီစဉ်ကြတော့ တတ်သည့်ပညာ မနေသာ ဆိုသလို Lee Ray Sheng က စာဖိုမှူးအဖြစ် စေတနာဝန်ထမ်း ပါဝင်တယ်။

သူတို့ ရည်မှန်းထားတာက လှူဒါန်းထားတဲ့ ကြာဆံကီလို ၁၀၀၀ ကို ကြာဆံကြော်လုပ်ပြီး ဝေငှဖို့ ဖြစ်ပါတယ်။ သူတို့ လုပ်ကိုင်နေတာတွေကို မီဒီယာမှာ သတင်းဖော်ပြခံရပြီးတဲ့နောက်မှာတော့ လှူဒန်းသူ အများအပြား ပေါ်ပေါက်လာပြီး အခုဆိုရင် နံနက်စာ ကြာဆံကြော် ပွဲပေါင်း တစ်သောင်းခွဲ မူလရည်မှန်းချက်အစား ပွဲပေါင်း သုံးသောင်းကနေ ငါးသောင်းအထိ ဝေငှပေးနိုင်တော့မှာဖြစ်ပြီး နေ့စဉ် ဇွန်လ ၁ ရက်အထိ ရန်ပုံငွေ ဖူလုံသွားခဲ့ပါတယ်။

သူတို့ရဲ့ ကြာဆံကြော်ဒါန လှုပ်ရှားမှုကို ဧပြီလ ၁၃ ရက်မှာ စတင်ခဲ့တယ်။ ချက်ပြုတ်ဖို့ ကုန်ကြမ်း၊ ထည့်စရာဘူးခွံတွေနဲ့ လိုက်လံပေးပို့ဖို့စရိတ်တို့အတွက် စင်ကာပူဒေါ်လာ တစ်သောင်းဖြင့် စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ၾကာဆံေၾကာ္ သူရဲေကာင္းမ်ား

အသက္ ၂၀ ႏွစ္အ႐ြယ္ရွိသူ Lee Ray Sheng ဟာ အခ်က္အျပဳတ္ကြၽမ္းက်င္သူျဖစ္လို႔ စာဖိုမႉးဆု ရရွိထားသူ ျဖစ္ၿပီး Technological University (NTU) ဝင္းထဲမွာ Raydy Beehoon အမည္ျဖင့္ ဆိုင္ဖြင့္ထားသူ ျဖစ္ပါတယ္။ NTU မွာ ပညာဆည္းပူးေနၾကတဲ့ ေက်ာင္းသူေက်ာင္းသားေတြက ကိုဗစ္ကပ္ေဘးေၾကာင့္ သူတို႔ေနထိုင္ရာ စင္ကာပူမွာ အစားတစ္နပ္ရဖို႔ ခက္ခဲေနတဲ့သူေတြကို ၾကာဆံေၾကာ္ ေပးပို႔လႉဒါန္းဖို႔ စီစဥ္ၾကေတာ့ တတ္သည့္ပညာ မေနသာ ဆိုသလို Lee Ray Sheng က စာဖိုမႉးအျဖစ္ ေစတနာဝန္ထမ္း ပါဝင္တယ္။
သူတို႔ ရည္မွန္းထားတာက လႉဒါန္းထားတဲ့ ၾကာဆံကီလို ၁၀၀၀ ကို ၾကာဆံေၾကာ္လုပ္ၿပီး ေဝငွဖို႔ ျဖစ္ပါတယ္။ သူတို႔ လုပ္ကိုင္ေနတာေတြကို မီဒီယာမွာ သတင္းေဖာ္ျပခံရၿပီးတဲ့ေနာက္မွာေတာ့ လႉဒန္းသူ အမ်ားအျပား ေပၚေပါက္လာၿပီး အခုဆိုရင္ နံနက္စာ ၾကာဆံေၾကာ္ ပြဲေပါင္း တစ္ေသာင္းခြဲ မူလရည္မွန္းခ်က္အစား ပြဲေပါင္း သုံးေသာင္းကေန ငါးေသာင္းအထိ ေဝငွေပးႏိုင္ေတာ့မွာျဖစ္ၿပီး ေန႔စဥ္ ဇြန္လ ၁ ရက္အထိ ရန္ပုံေငြ ဖူလုံသြားခဲ့ပါတယ္။

သူတို႔ရဲ႕ ၾကာဆံေၾကာ္ဒါန လႈပ္ရွားမႈကို ဧၿပီလ ၁၃ ရက္မွာ စတင္ခဲ့တယ္။ ခ်က္ျပဳတ္ဖို႔ ကုန္ၾကမ္း၊ ထည့္စရာဘူးခြံေတြနဲ႔ လိုက္လံေပးပို႔ဖို႔စရိတ္တို႔အတြက္ စင္ကာပူေဒၚလာ တစ္ေသာင္းျဖင့္ စတင္ခဲ့ၾကတာ ျဖစ္ပါတယ္။

 

 

Read times Last modified on Monday, 27 April 2020 13:10
Rate this item
(0 votes)