Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Bubble tea ပူဖောင်းလက်ဖက်ရည်၏မူလအစ

ထိုင်ဝမ်အချိုရည်ဖြစ်သော ဘာဘဲတီး  bubble tea ပူဖောင်းလက်ဖက်ရည်က

ကမ္ဘာအနှံ့ ခြေဆန့်သည်။  ၁၉၈၀ ပြည့်နှစ်လွန်မှာ တီထွင်လိုက်တဲ့ တီးတစ်မျိုးဖြစ်ပြီး စစချင်းမှာ "black pearl tea"ပုလဲနက်တီး   "boba tea" ဘိုဘာတီး ဟု အမည်တွင်ခဲ့သည်။ တိုင်ဝမ်မှာ စတင်ခဲ့ပြီး တိုင်ဝမ်မှာ အရမ်းရေပန်းစားသည်။ ဘာဘဲတီးကို အမျိုးမျိုး ဆန်းသစ်တီထွင်ကြသည်။ ကွဲပြားခြားနား သောအမျိုးမျိုးကွဲလွဲမှုများစွာ ရှိသော်လည်း ယင်း၏ အဓိကအရာမှာ လက်ဖက်ရည်၊ နို့နှင့် 'ပူဖောင်းများ' ပေါင်းစပ်ထားခြင်းဖြစ်သည်။

ထိုင်ဝမ်တွင် နှစ်စဉ် ဧပြီလ ၃၀ ရက်သည် အမျိုးသား ဘာဘဲတီးနေ့ National Bubble Tea Day ဟု သတ်မှတ်ထားသည်။

ပြုလုပ်ခဲ့သော စစ်တမ်းအရ ကမ္ဘာ့ ဘာဘဲတီးကဏ္ဍဈေးကွက်သည် ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလျံ ဝန်းကျင် ရှိမည်။

၂၀၈ ခုနှစ်တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ဘာဘဲတီး သောက်သုံးမှု အဆ သုံးထောင်တိုးခဲ့သည်။ McDonald သည်လည်း ဆိုင်တွင် ရနိုင်သော အစာအစားစာရင်းမှာ ဘာဘဲတီးကို ထည့်သွင်းလိုက်သည်။ ပီဇာဆိုင်တို့က ဘာဘဲတီးပီဇာဟု အမယ်သစ်တစ်မျိုး တိုးလိုက်သည်။

 

 

 

ဘယ်ကစတင်ခဲ့တာလဲ။ ပူဖောင်းလက်ဖက်ရည်၏ မူလရင်းမြစ်များကို ၁၉၄၀ ပြည့်လွန်နှစ်များ ကတည်းက တွေ့ရသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အုပ်ချုပ်မှုအောက်တွင် ထိုင်ဝမ်၌ ၁၉၄၉ တွင်  Chang Fan Shu က လက်ဖက်ရည်ဆိုင် ဖွင့်သည်။ သူက ဖျော်ရည်တို့ကို ရောနှောပြီး ဖျော်သည်ကို ကျွမ်းကျင်သူ mixologist တစ်ဦး ဖြစ်သည်။ သူက ကော့တေးလက်ဖက်ရည်ကို ရောင်းသည်။ အပေါ်မျက်နှာပြင်မှာ ပူစီဖောင်းများ အမြှုပ်ထနေသော  iced tea သည် နာမည်ကြီးသွားသည်။ အမြှုပ်လက်ဖက်ရည်ဟု ခေါ်ကြသည်။

ယခုခေတ်စားနေသည့် ဘာဘဲတီးကို တီထွင်သူမှာ  ထိုင်ဝမ်မှအနုပညာရှင်နှင့်လုပ်ငန်းရှင် Tu Tsong He ဖြစ်သည်။ သူက ၁၉၈၆ ခုနှစ်တွင် လက်ဖက်ရည်ဆိုင်လုပ်ငန်းကို စတင်ခဲ့သည်။ ယခင်က Tu Tsong He သည် hot pot စားသောက်ဆိုင်တစ်ခု လုပ်ကိုင်ခဲ့ဖူးသည်။ အရှုံးပြပြီး ဆိုင်ပြုတ်သွားသည့်အပြင် အကြွေး တိုင်ဝမ်ဒေါ်လာ ၄ သန်း (အမေရိကန်ဒေါ်လာ ၁၃၃ ၀၀၀) တင်သွားသည်။

ထိုင်ဝမ်တွင် လက်ဖက်ရည်များ နေရာတကာတွင် ပေါများနေသည့်ကြားတွင် ဝင်ပြိုင်ရသည်။ အများနှင့်မတူ တစ်မူထူးခြားစွာဖြင့် ခွဲထွက်နိုင်မှ ဖြစ်မည်ကို သူသိသည်။

 

အကြွေးနှင့်ကျန်ရှိခဲ့ပြီးသူ၏လက်ဖက်ရည်ဆိုင်ကိုလူအများစုနှင့်သီးခြားခွဲထုတ်ရန်အကြံအစည်အလွန်လိုအပ်ခဲ့သည်။

Tu Tsong He က ဤသို့ပြန်ပြောပြသည်။

 "တစ်ရက် ဈေးသွားတော့ ကျွန်တော် ကလေးဘ၀တုန်းက အရမ်းကြိုက်ခဲ့ဖူးတဲ့  fenyuan (ပီလောပီနမ်အလုံးငယ်) သွားရည်စာကို တွေ့တော့ စိတ်ကူးတစ်ခု ရလိုက်တယ်"

ထိုစိတ်ကူးမှ ဘာဘဲတီး ပေါ်ပေါက်လာစေခဲ့သည်။ လက်ဖက်ရည်ထဲမှာ ဖန်ယွမ်လုံးကလေးများ ထည့်ပြီး ရောင်းသည်။ ဖြူဆွတ်ဆွတ် ပီလောပီနံလုံးကလေးများသည် ပုလဲလုံးကလေးများ ရေအောက် မြှုပ်နေသည်နှင့် ဆင်ဆင်တူနေသည်ကို အကြောင်းပြုပြီး သူက 'zhen zhu lu cha’ ပုလဲလက်ဖက်ရည်ဟု အမည်ပေးလိုက်သည်။ နို့မထည့် သကြားမပါ လက်ဖက်ရည်ကြမ်းတွင် ပီလေပီနံလုံးကလေးများ ထည့်ပေးထားသော လက်ဖက်ရည် ဖြစ်သည်။

နောက်တစ်ဆင့်တွင်သူက အဖြူရောင်အစား အမည်းရောင် ပီလောပီနံလုံးကလေးများကို သုံးသည်။ လက်ဖက်ရည်ကို နို့နှင့် သကြားထည့်ပြီး ဖျော်သည်။ ထိုဖျော်နည်းသည် ယခုအခါ ကမ္ဘတစ်လွှားမှာ လူကြိုက်များနေသော ဘာဘဲတီး၏ မူလအစ ဖြစ်သည်။

သူ၏ ပထမဆုံးပူဖောင်းလက်ဖက်ရည်ဆိုင် Hanlin သည် ၁၉၈၆ အောက်တိုဘာလတွင် စတင်ခဲ့သည်။

“အဲဒီတုန်းက စထရော straw တွေ ထုတ်လုပ်ကြတာ သေးတော့ အလုံးကို စုပ်သွင်းလို့ မရတာကြောင့် ဘာဘဲတီး သောက်ကြတဲ့သူတွေက ဇွန်းနဲ့ပဲ အလုံးတွေကို ယူစားကြရတယ်။ ဒီတော့ စထရောထုတ်တဲ့ စက်ရုံနဲ့ ညှိနှိုင်းပြီး စထရော ပြွန်ကျယ်ကျယ်ကို သီးခြား မှာကြားဝယ်ယူခဲ့ရတယ်”

"Bubble tea ကို အထူးအဆန်းအဖြစ် လူတွေ သောက်ကြရာက ကြိုက်သွားကြတယ်။ ရောင်းကောင်းတယ်။ ကျွန်တော် ဝင်ငွေကောင်းတယ်။ အကြွေးတင်နေတာ ကြေအောင် ဆပ်နိုင်သွားတယ်”

ယခုအခါ Hanlin သည် ထိုင်ဝမ်တွင် ဆိုင်ပေါင်း ၈၀ နီးပါး ဖွင့်ထားသည်။ အမေရိကန်ပြည်ထောင်စုနှင့်က နေဒါမှသည် တရုတ်ပြည်မကြီးအထိ ဆိုင်ခွဲများ ဖွင့်ထားသည်။

ပြိုင်ဘက်ဖြစ်သော Chun Shui Tang  လက်ဖက်ရည်ဆိုင် လုပ်ငန်းက bubble tea ကို တီထွင်သူ ဖြစ်သည်ဟု ဆိုသည်။ 

မည်သူက စတင်တီထွင်ခဲ့သည်ကို အငြင်းပွားကြပြီး တရားရုံးတွင် တရားရင်ဆိုင်ကြသည်အထိ ဖြစ်သွားသည်။ ကြားနာသည်မှာ ၁၀ နှစ်ကြာသည်။ ၂၀၀၉ ခုနှစ်မှာ တရားစွဲဆိုခဲ့ရာ ၂၀၁၉ ခုနှစ်တွင် စီရင်ချက် ချသည်။ မည်သူမှ အနိုင်မရ။ တရားသူကြီးက bubble tea သည် သောက်စရာတစ်မျိုး ဖြစ်သည်။ မည်သူမဆို စိတ်ကူးပေါက်လျှင် လုပ်ကြသော ဖျော်ရည်မျိုး ဖြစ်သည်။ သို့ဖြစ်ရာ မည်သူက ဖန်တီးကြောင်း အထွေအထူးလုပ်ပြီး အငြင်းပွားရမည့်ကိစ္စ မဟုတ်ဟု ဆုံးဖြတ်ပေးသည်။

 zawgyi

ထိုင္ဝမ္အခ်ိဳရည္ျဖစ္ေသာ ဘာဘဲတီး bubble tea ပူေဖာင္းလက္ဖက္ရည္က

ကမာၻအႏွံ႔ ေျခဆန႔္သည္။ ၁၉၈၀ ျပည့္ႏွစ္လြန္မွာ တီထြင္လိုက္တဲ့ တီးတစ္မ်ိဳးျဖစ္ၿပီး စစခ်င္းမွာ "black pearl tea"ပုလဲနက္တီး "boba tea" ဘိုဘာတီး ဟု အမည္တြင္ခဲ့သည္။ တိုင္ဝမ္မွာ စတင္ခဲ့ၿပီး တိုင္ဝမ္မွာ အရမ္းေရပန္းစားသည္။ ဘာဘဲတီးကို အမ်ိဳးမ်ိဳး ဆန္းသစ္တီထြင္ၾကသည္။ ကြဲျပားျခားနား ေသာအမ်ိဳးမ်ိဳးကြဲလြဲမႈမ်ားစြာ ရွိေသာ္လည္း ယင္း၏ အဓိကအရာမွာ လက္ဖက္ရည္၊ ႏို႔ႏွင့္ 'ပူေဖာင္းမ်ား' ေပါင္းစပ္ထားျခင္းျဖစ္သည္။

ထိုင္ဝမ္တြင္ ႏွစ္စဥ္ ဧၿပီလ ၃၀ ရက္သည္ အမ်ိဳးသား ဘာဘဲတီးေန႔ National Bubble Tea Day ဟု သတ္မွတ္ထားသည္။

ျပဳလုပ္ခဲ့ေသာ စစ္တမ္းအရ ကမာၻ႔ ဘာဘဲတီးက႑ေဈးကြက္သည္ ၂၀၂၇ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၂ ဘီလ်ံ ဝန္းက်င္ ရွိမည္။

၂၀၈ ခုႏွစ္တြင္ ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွတြင္ ဘာဘဲတီး ေသာက္သုံးမႈ အဆ သုံးေထာင္တိုးခဲ့သည္။ McDonald သည္လည္း ဆိုင္တြင္ ရႏိုင္ေသာ အစာအစားစာရင္းမွာ ဘာဘဲတီးကို ထည့္သြင္းလိုက္သည္။ ပီဇာဆိုင္တို႔က ဘာဘဲတီးပီဇာဟု အမယ္သစ္တစ္မ်ိဳး တိုးလိုက္သည္။


ဘယ္ကစတင္ခဲ့တာလဲ။ ပူေဖာင္းလက္ဖက္ရည္၏ မူလရင္းျမစ္မ်ားကို ၁၉၄၀ ျပည့္လြန္ႏွစ္မ်ား ကတည္းက ေတြ႕ရသည္။

ဒုတိယကမာၻစစ္အတြင္း ဂ်ပန္အုပ္ခ်ဳပ္မႈေအာက္တြင္ ထိုင္ဝမ္၌ ၁၉၄၉ တြင္ Chang Fan Shu က လက္ဖက္ရည္ဆိုင္ ဖြင့္သည္။ သူက ေဖ်ာ္ရည္တို႔ကို ေရာေႏွာၿပီး ေဖ်ာ္သည္ကို ကြၽမ္းက်င္သူ mixologist တစ္ဦး ျဖစ္သည္။ သူက ေကာ့ေတးလက္ဖက္ရည္ကို ေရာင္းသည္။ အေပၚမ်က္ႏွာျပင္မွာ ပူစီေဖာင္းမ်ား အျမႇဳပ္ထေနေသာ iced tea သည္ နာမည္ႀကီးသြားသည္။ အျမႇဳပ္လက္ဖက္ရည္ဟု ေခၚၾကသည္။

ယခုေခတ္စားေနသည့္ ဘာဘဲတီးကို တီထြင္သူမွာ ထိုင္ဝမ္မွအႏုပညာရွင္ႏွင့္လုပ္ငန္းရွင္ Tu Tsong He ျဖစ္သည္။ သူက ၁၉၈၆ ခုႏွစ္တြင္ လက္ဖက္ရည္ဆိုင္လုပ္ငန္းကို စတင္ခဲ့သည္။ ယခင္က Tu Tsong He သည္ hot pot စားေသာက္ဆိုင္တစ္ခု လုပ္ကိုင္ခဲ့ဖူးသည္။ အရႈံးျပၿပီး ဆိုင္ျပဳတ္သြားသည့္အျပင္ အေႂကြး တိုင္ဝမ္ေဒၚလာ ၄ သန္း (အေမရိကန္ေဒၚလာ ၁၃၃ ၀၀၀) တင္သြားသည္။

ထိုင္ဝမ္တြင္ လက္ဖက္ရည္မ်ား ေနရာတကာတြင္ ေပါမ်ားေနသည့္ၾကားတြင္ ဝင္ၿပိဳင္ရသည္။ အမ်ားႏွင့္မတူ တစ္မူထူးျခားစြာျဖင့္ ခြဲထြက္ႏိုင္မွ ျဖစ္မည္ကို သူသိသည္။

အေႂကြးႏွင့္က်န္ရွိခဲ့ၿပီးသူ၏လက္ဖက္ရည္ဆိုင္ကိုလူအမ်ားစုႏွင့္သီးျခားခြဲထုတ္ရန္အႀကံအစည္အလြန္လိုအပ္ခဲ့သည္။

Tu Tsong He က ဤသို႔ျပန္ေျပာျပသည္။

"တစ္ရက္ ေဈးသြားေတာ့ ကြၽန္ေတာ္ ကေလးဘ၀တုန္းက အရမ္းႀကိဳက္ခဲ့ဖူးတဲ့ fenyuan (ပီေလာပီနမ္အလုံးငယ္) သြားရည္စာကို ေတြ႕ေတာ့ စိတ္ကူးတစ္ခု ရလိုက္တယ္"

ထိုစိတ္ကူးမွ ဘာဘဲတီး ေပၚေပါက္လာေစခဲ့သည္။ လက္ဖက္ရည္ထဲမွာ ဖန္ယြမ္လုံးကေလးမ်ား ထည့္ၿပီး ေရာင္းသည္။ ျဖဴဆြတ္ဆြတ္ ပီေလာပီနံလုံးကေလးမ်ားသည္ ပုလဲလုံးကေလးမ်ား ေရေအာက္ ျမႇဳပ္ေနသည္ႏွင့္ ဆင္ဆင္တူေနသည္ကို အေၾကာင္းျပဳၿပီး သူက 'zhen zhu lu cha’ ပုလဲလက္ဖက္ရည္ဟု အမည္ေပးလိုက္သည္။ ႏို႔မထည့္ သၾကားမပါ လက္ဖက္ရည္ၾကမ္းတြင္ ပီေလပီနံလုံးကေလးမ်ား ထည့္ေပးထားေသာ လက္ဖက္ရည္ ျဖစ္သည္။

ေနာက္တစ္ဆင့္တြင္သူက အျဖဴေရာင္အစား အမည္းေရာင္ ပီေလာပီနံလုံးကေလးမ်ားကို သုံးသည္။ လက္ဖက္ရည္ကို ႏို႔ႏွင့္ သၾကားထည့္ၿပီး ေဖ်ာ္သည္။ ထိုေဖ်ာ္နည္းသည္ ယခုအခါ ကမၻတစ္လႊားမွာ လူႀကိဳက္မ်ားေနေသာ ဘာဘဲတီး၏ မူလအစ ျဖစ္သည္။

သူ၏ ပထမဆုံးပူေဖာင္းလက္ဖက္ရည္ဆိုင္ Hanlin သည္ ၁၉၈၆ ေအာက္တိုဘာလတြင္ စတင္ခဲ့သည္။

“အဲဒီတုန္းက စထေရာ straw ေတြ ထုတ္လုပ္ၾကတာ ေသးေတာ့ အလုံးကို စုပ္သြင္းလို႔ မရတာေၾကာင့္ ဘာဘဲတီး ေသာက္ၾကတဲ့သူေတြက ဇြန္းနဲ႔ပဲ အလုံးေတြကို ယူစားၾကရတယ္။ ဒီေတာ့ စထေရာထုတ္တဲ့ စက္႐ုံနဲ႔ ညႇိႏႈိင္းၿပီး စထေရာ ႁပြန္က်ယ္က်ယ္ကို သီးျခား မွာၾကားဝယ္ယူခဲ့ရတယ္”

"Bubble tea ကို အထူးအဆန္းအျဖစ္ လူေတြ ေသာက္ၾကရာက ႀကိဳက္သြားၾကတယ္။ ေရာင္းေကာင္းတယ္။ ကြၽန္ေတာ္ ဝင္ေငြေကာင္းတယ္။ အေႂကြးတင္ေနတာ ေၾကေအာင္ ဆပ္ႏိုင္သြားတယ္”

ယခုအခါ Hanlin သည္ ထိုင္ဝမ္တြင္ ဆိုင္ေပါင္း ၈၀ နီးပါး ဖြင့္ထားသည္။ အေမရိကန္ျပည္ေထာင္စုႏွင့္က ေနဒါမွသည္ တ႐ုတ္ျပည္မႀကီးအထိ ဆိုင္ခြဲမ်ား ဖြင့္ထားသည္။

ၿပိဳင္ဘက္ျဖစ္ေသာ Chun Shui Tang လက္ဖက္ရည္ဆိုင္ လုပ္ငန္းက bubble tea ကို တီထြင္သူ ျဖစ္သည္ဟု ဆိုသည္။

မည္သူက စတင္တီထြင္ခဲ့သည္ကို အျငင္းပြားၾကၿပီး တရား႐ုံးတြင္ တရားရင္ဆိုင္ၾကသည္အထိ ျဖစ္သြားသည္။ ၾကားနာသည္မွာ ၁၀ ႏွစ္ၾကာသည္။ ၂၀၀၉ ခုႏွစ္မွာ တရားစြဲဆိုခဲ့ရာ ၂၀၁၉ ခုႏွစ္တြင္ စီရင္ခ်က္ ခ်သည္။ မည္သူမွ အႏိုင္မရ။ တရားသူႀကီးက bubble tea သည္ ေသာက္စရာတစ္မ်ိဳး ျဖစ္သည္။ မည္သူမဆို စိတ္ကူးေပါက္လွ်င္ လုပ္ၾကေသာ ေဖ်ာ္ရည္မ်ိဳး ျဖစ္သည္။ သို႔ျဖစ္ရာ မည္သူက ဖန္တီးေၾကာင္း အေထြအထူးလုပ္ၿပီး အျငင္းပြားရမည့္ကိစၥ မဟုတ္ဟု ဆုံးျဖတ္ေပးသည္။

Read times
Rate this item
(0 votes)