Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဆီထမင်းချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတလေ မိသားစုပိတ်ရက်ဆုံတုန်းလေး

ကြက်ဆီထမင်းကြိုက်သည့် အိမ်သားများအတွက် ကြက်ဆီထမင်းချက်နည်း အကြောင်းဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ဆန်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကြက်အရေခွံ၊ ကြက်သားအမှုန့်၊ ဆီ၊ ဆားတို့ လိုအပ်ပါတယ်။

ထမင်းကို ရေသုံးခေါက်လောက်ဆေးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို ရောပြီး ထောင်းထားပါ။

ထို့နောက် ကြက်ရင်ပုံကို ရေဖြင့် သန့်စင်အောင် ဆေးကြောထားပါ။ ပြီးနောက် ဒယ်အိုးတစ်ခုထဲသို့ ရေ(ရခွက်)ထည့်ကာ ဆူအောင်အထိ တည်ထားပေးပါ။

ရေဆူလာလျှင် ကြက်ရင်ပုံထဲသို့ ဆားထည့်ကာ မီးနည်းနည်းဖြင့် အဖုံးအုပ်၍ နူးအိအောင် မိနစ်အနည်းခန့် တည်ထားပေးပါ။

ရေမျက်နှာပြင်ပေါ် ကြက်အရေခွံမှ ထွက်လာသော ကြက်ဆီများကို ယောက်ဇွန်းဖြင့် ခပ်ပြီး ခွက်တစ်ခုထဲ ထည့်ထားပေးပါ။ ထမင်းချက်နေစဉ်အတွင်း ပြုတ်ထားသော ကြက်သားများကို အရှည်လိုက် လှီးထားပါ။

ကြက်ဆီရဖို့ ဒယ်အိုးနဲ့ ဆီပူပူမှာ ကြက်အရေခွံတွေကို ကြော်ပါတယ်။ ကြက်ဆီထွက်လာပြီဆိုရင် အရေခွံတွေကို ဖယ်ထားရပါမယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းထောင်းထားတာကို အရင်ဆီသတ်ရပါမယ်။ ပြီးလျှင် ကြက်သားမှုန့်ထည့်၊ နှမ်းဆီထည့်၊ ဆားထည်၊ ရေစစ်ထားတဲ့ ထမင်းကိုထည့်ပြီးကြော်ရပါမယ်။

မိနစ်အနည်းငယ်အကြာတွင် ကြော်ထားတဲ့ ထမင်းကို ထမင်းပေါင်းအိုးထဲထည့် ရေအနည်းထည့်ပြီး ပေါင်းအိုးနှင့် တည်ထားလိုက်ပါ။

ပေါင်းအိုးခလုတ်တက်ပြီဆိုလျှင် ထမင်းကို မြည်းကြည့်ပါ။ ထမင်းမာနေသေးလျှင် ရေအနည်းငယ် ဖျန်းပေးပြီး နှပ်ထားပေးပါ။ ကြက်ဆီထမင်း ကျက်ပြီဆိုလျှင် ကြက်သား၊ သခွားသီး၊ နံနံပင်၊ အချဉ်ရည်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:58
Rate this item
(1 Vote)