Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြေးအိုးချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း ချက်စားနိုင်တဲ့ ကြေးအိုးချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဆန်ကြာဇံ၊ ၀က်နံရိုး၊ ၀က်အူ၊ ၀က်သဲ၊ ပဲပြား၊ ငုံးဥ၊ ကြက်သွန်မြိတ်၊ မုန်ညှင်းစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ နှမ်းဆီ၊ ငါးဖယ်လုံး၊ ငရုတ်ကောင်းမှုန့်တို့လိုအပ်ပါမယ်။

 

ဝက်သားလုံးအတွက် လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ ပဲငံပြာရည်၊ သကြား၊ ကြက်ဥ၊ နှမ်းဆီ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး အိုးအကြီးတစ်လုံးထဲတွင် ရေထည့် ၀က်ဒူးဆစ်ရိုး၊ ၀က်နံရိုး များထည့်၍ အဖုံးအုပ်ပြီး နှစ်နာရီခန့်ကြာအောင် တည်ပေးထားပါ။

 

ဝက်ဒူးဆစ်ရိုးများ ပြုတ်ထားစဉ် ၀က်သားလုံးရန်အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော ၀က်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို ပန်းကန်တစ်ခုထဲတွင် ထည့်ထားပါ။ ပြီးလျှင် ၎င်းတို့အားလုံးကို သမအောင် ၀က်သားနှင့် ရောနယ်လိုက်ပါ။

 

ဝက်ဒူးဆစ်ရိုးများပြုတ်ပြီး ရေတစ်ဝက်ခန့် ခမ်းသွားပြီဆိုလျှင် ၀က်နံရိုးများကို ပြန်ဆယ်ထားပါ။ ပြီးမှ ပြုတ်ရည်ထဲသို့ ဆား၊ သကြား၊ ဟင်းခတ်မှုန့် ထည့်ပေးပါ။

 

အရသာအတွက် အပေါ့အငန် မြည်းကြည့်ပြီး အနေတော်ဆိုလျှင် ရေကို ထပ်ထည့်ပေးပါ။


ပြီးမှ ၀က်အူများကို ကြေးအိုးပြုတ်ရည်ထဲသို့ ထည့်ပြီး ပြုတ်ပေးပါ။

 

ဝက်အူများ ကျက်ခါနီးမှ ငါးဖယ်လုံးများကို ထည့်လိုက်ပါ။ ပြီးလျှင် နယ်ထားသော ၀က်သားများကို
လက်တွင် ဆီအနည်းငယ် သုတ်၍ လက်ဖြင့် ဆုတ်ပြီး အရှည်လေးများဖြစ်လာလျှင် ပြုတ်ရည်ထဲ ထည့်လိုက်ပါ။

 

အသားများ ကျက်လာလျှင် အပေါ်ယံ ပြုတ်ရည်ပေါ်သို့ ပေါ်လာလိမ့်မည်။ အသားများ ပေါ်လာလာခြင်း မဆယ်သေးပဲ ခေတ္တတည်ထားပေးပါ။

 

ပြီးမှ ဇကာဖြင့် အသားများကို ဆယ်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။ ပြီးတော့မှ အကျက်လွယ်သည့်
ပဲပြား၊ ငုံးဥ၊ ၀က်အသဲတို့ကို မိနစ်အနည်းငယ် ထည့်တည်ပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ။

 

ပြီးလျှင်တော့ တစ်ယောက်စာအတွက် ကြာဇံ၊ မုန်ညှင်းရွက်များကို ဇကာထဲထည့်ပြီး ဆူပွက်နေသော ကြေးအိုးပြုတ်ရည်ဖြင့် အနည်းငယ်စိမ်ပြီး ပြန်ဆယ်ထားပါ။

 

ယင်းနောက် ပန်းကန်လုံးတစ်ခုထဲသို့ ကြာဇံ၊ ၀က်သားလုံး၊
ငါးဖယ်၊ ပဲပြား၊ ငုံးဥ၊ ၀က်အူ၊ ၀က်အသဲ၊ မုန်ညှင်းစသည်တို့ကို
ထည့်ပေးပြီး ကြေးအိုးပြုတ်ရည်ကို ယောက်ချိုဇွန်းနှင့် လောင်းထည့်လိုက်ပါ။

 

နောက်ဆုံးတွင် အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပေးပြီး အရသာရှိတဲ့ ၀က်ကြေးအိုးကို အရသာရှိစွာဖြင့် တစ်အိမ်သားလုံး အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 18 September 2018 15:09
Rate this item
(1 Vote)