Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ကာလ ကပ်ဆိုက်ချိန်မှာ ဖွင့်လှစ်လိုက်တဲ့ အေးခဲခေါက်ဆွဲဆိုင် Chop Chop

ဆိုင်အမည်က Chop Chop ဟူ၍ ဖြစ်သည်။ စားမယ် စားမယ်ဟု ဆိုလိုသည့်အမည် ဖြစ်သည်။

ဆိုင်မှာ ကိုဗစ်ကာလနှင့် ကိုဗစ်လွန်ကာလတို့အတွက် အလိုက်သင့် ဖြစ်အောင် လုပ်ထားသည်။ 

ဧပြီလတွင် ဖွင့်လှစ်လိုက်သော Chop Chop သည် ကိုယ်ပျောက်ဆိုင် ဖြစ်သည်။ စားသောက်ဖို့ စားပွဲများ ကုလားထိုင်များကို မြင်ရတွေ့ရ မည်မဟုတ်။ မှာစားရန်အတွက် ဝက်ဘ်ဆိုက်တစ်ခု စီစဉ်ပေးထားသည်။
ဝက်ဘ်ဆိုက်တွင် ကြည့်လိုက်သောအခါ မှာကြားနိုင်သော စားစရာ အမျိုးအမည်မှာလည်း သုံးမျိုးသာ ရှိသည်ကို တွေ့ရမည်။
ကြက်သားဆိုပါက ထိုင်းကြက်သားခေါက်ဆွဲပြုတ် ရနိုင်သည်။
အမဲသားဆိုပါက တိုင်ဝမ် အမဲသား ခေါက်ဆွဲပြုတ် ရနိုင်သည်။
သက်သတ်လွတ် ဆိုပါက မလေးရှား ခေါက်ဆွဲပြုတ် ရနိုင်သည်။
သုံးမျိုးစလုံးသည် လမ်းဘေးဆိုင်များတွင် ရောင်းချသည့် ခေါက်ဆွဲပြုတ်များအတိုင်း စီမံပေးထားသည်။

Chop Chop သည် အာရှ၏ ခေါက်ဆွဲပြုတ်တို့ကို အိမ်တိုင်ယာရောင် ပေးပို့သည့်စနစ်ဖြင့် ရောင်းချသည့် ခေါက်ဆွဲပြုတ်ဆိုင် ဖြစ်သည်။ ထူးခြားသည်မှာ ပူပူလောင်လောင် ခေါက်ဆွဲပြုတ်များ ပို့ပေးမည် မဟုတ်။ အေးစက်အေးခဲနေသော ခေါက်ဆွဲပြုတ်တို့ကိုသာ ပို့ပေးသည်။


Chop Chop ကို အတူထူထောင်ကြသူတို့မှာ Eugene Lin နှင့် Steve Har တို့ ဖြစ်ပြီး အာရှ လမ်းဘေးအစားအစာများကို သူတို့ အလည်အပတ် ခရီးများ အာရှနိုင်ငံများသို့ သွားရောက်ခဲ့စဉ် လေ့လာသင်ယူခဲ့ကြသည်။

ဆိုင်မှာ မိီးဖိုချောင် အခန်းတစ်ခု ရှိသည်။ ကော်ဘူးထဲ ခေါက်ဆွဲပြုတ်ထဲ ထည့်ရမည့် အသား အရွက် ဟင်းခတ်မှုန့် များ ထည့်သည်။ ခေါက်ဆွဲကို အိုးဖြင့် ပြုတ်သည့်အခါ ထည့်ရမည့်အရာများကို အချိုးအစား အရ ဘူးထဲ ထည့်ပေးထားသည်။ သို့ဖြစ်ရာ ဘူးကို ဖွင့်ဖောက်ပြီးသောအခါ ခေါက်ဆွဲပြုတ်မည့် အိုးထဲသို့ သွန်ထည့်လိုက်ပြီး ရေကို အလောတော်ထည့်ပြီး မီးဖြင့် တည်ပေးလိုက်လျှင် များမကြာခင်မှာ ခေါက်ဆွဲပြုတ်တစ်ပွဲ ရရှိမည် ဖြစ်သည်။ ထိုသို့ အသင့် ထည့်ပေးထားပြီးသောအခါ ရေခဲသေတ္တာထဲ အေးခဲအောင် ထားလိုက်သည်။ ထို့နောက် မှာကြားသူထံ ပေးပို့သည်။
မှာလိုလျှင် Chop Chop ဝက်ဘ်ဆိုက်တွင် အမှာစာ တင်ရမည် ဖြစ်သည်။ Chop Chop ၏ Instagram တွင် တိုက်ရိုက် မက်ဆေ့စ် ပို့၍လည်း မှာနိုင်သည်။ တစ်ပတ်လျှင် အင်္ဂါနေ့ တစ်ရက်သာ ပေးပို့သည်။

Lin သည် တိုင်ဝမ်နိုင်ငံသားဖြစ်ပြီး University of Texas Austin မှ ဘွဲ့ရထားသူ ဖြစ်သည်။ Har သည် ဟောင်ကောင်တွင် မွေးဖွားပြီး ဩစတေးလျတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ သူတို့သည် ယခင်ကလည်း စားသောက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ခဲ့ဖူးသည်။
မူလက Chop Chop ကို စားသောက်ဆိုင်တစ်ဆိုင်အဖြစ် ခင်းကျင်းပြီး ဖွင့်လှစ်ရန် ဖြစ်သည်။ coronavirus ကြောင် အခွင့်မသာတော့ချေ။
"COVID-19 ဖြစ်နေချိန် ဆိုင်သစ်တစ်ခု ခင်းကျင်းပြီး ဖွင့်တာ အဓိပ္ပာယ် ရှိမှာ မဟုတ်ဘူး။ ဒီတော့ နည်းနည်းကျဉ်းကျဉ်းနဲ့ ထိထိမိမိ လုပ်ဖို့ အခုလိုမျိုး Chop Chop ကို လုပ်လိုက်ကြတယ်" ဟု Lin က ရှင်းပြသည်။

 

 

ကိုဗစ္ကာလ ကပ္ဆိုက္ခ်ိန္မွာ ဖြင့္လွစ္လိုက္တဲ့ ေအးခဲေခါက္ဆြဲဆိုင္ Chop Chop

ဆိုင္အမည္က Chop Chop ဟူ၍ ျဖစ္သည္။ စားမယ္ စားမယ္ဟု ဆိုလိုသည့္အမည္ ျဖစ္သည္။ ဆိုင္မွာ ကိုဗစ္ကာလႏွင့္ ကိုဗစ္လြန္ကာလတို႔အတြက္ အလိုက္သင့္ ျဖစ္ေအာင္ လုပ္ထားသည္။
ဧၿပီလတြင္ ဖြင့္လွစ္လိုက္ေသာ Chop Chop သည္ ကိုယ္ေပ်ာက္ဆိုင္ ျဖစ္သည္။ စားေသာက္ဖို႔ စားပြဲမ်ား ကုလားထိုင္မ်ားကို ျမင္ရေတြ႕ရ မည္မဟုတ္။ မွာစားရန္အတြက္ ဝက္ဘ္ဆိုက္တစ္ခု စီစဥ္ေပးထားသည္။
ဝက္ဘ္ဆိုက္တြင္ ၾကည့္လိုက္ေသာအခါ မွာၾကားႏိုင္ေသာ စားစရာ အမ်ိဳးအမည္မွာလည္း သုံးမ်ိဳးသာ ရွိသည္ကို ေတြ႕ရမည္။
ၾကက္သားဆိုပါက ထိုင္းၾကက္သားေခါက္ဆြဲျပဳတ္ ရႏိုင္သည္။
အမဲသားဆိုပါက တိုင္ဝမ္ အမဲသား ေခါက္ဆြဲျပဳတ္ ရႏိုင္သည္။
သက္သတ္လြတ္ ဆိုပါက မေလးရွား ေခါက္ဆြဲျပဳတ္ ရႏိုင္သည္။
သုံးမ်ိဳးစလုံးသည္ လမ္းေဘးဆိုင္မ်ားတြင္ ေရာင္းခ်သည့္ ေခါက္ဆြဲျပဳတ္မ်ားအတိုင္း စီမံေပးထားသည္။

Chop Chop သည္ အာရွ၏ ေခါက္ဆြဲျပဳတ္တို႔ကို အိမ္တိုင္ယာေရာင္ ေပးပို႔သည့္စနစ္ျဖင့္ ေရာင္းခ်သည့္ ေခါက္ဆြဲျပဳတ္ဆိုင္ ျဖစ္သည္။ ထူးျခားသည္မွာ ပူပူေလာင္ေလာင္ ေခါက္ဆြဲျပဳတ္မ်ား ပို႔ေပးမည္ မဟုတ္။ ေအးစက္ေအးခဲေနေသာ ေခါက္ဆြဲျပဳတ္တို႔ကိုသာ ပို႔ေပးသည္။
Chop Chop ကို အတူထူေထာင္ၾကသူတို႔မွာ Eugene Lin ႏွင့္ Steve Har တို႔ ျဖစ္ၿပီး အာရွ လမ္းေဘးအစားအစာမ်ားကို သူတို႔ အလည္အပတ္ ခရီးမ်ား အာရွႏိုင္ငံမ်ားသို႔ သြားေရာက္ခဲ့စဥ္ ေလ့လာသင္ယူခဲ့ၾကသည္။

ဆိုင္မွာ မိီးဖိုေခ်ာင္ အခန္းတစ္ခု ရွိသည္။ ေကာ္ဘူးထဲ ေခါက္ဆြဲျပဳတ္ထဲ ထည့္ရမည့္ အသား အ႐ြက္ ဟင္းခတ္မႈန႔္ မ်ား ထည့္သည္။ ေခါက္ဆြဲကို အိုးျဖင့္ ျပဳတ္သည့္အခါ ထည့္ရမည့္အရာမ်ားကို အခ်ိဳးအစား အရ ဘူးထဲ ထည့္ေပးထားသည္။ သို႔ျဖစ္ရာ ဘူးကို ဖြင့္ေဖာက္ၿပီးေသာအခါ ေခါက္ဆြဲျပဳတ္မည့္ အိုးထဲသို႔ သြန္ထည့္လိုက္ၿပီး ေရကို အေလာေတာ္ထည့္ၿပီး မီးျဖင့္ တည္ေပးလိုက္လွ်င္ မ်ားမၾကာခင္မွာ ေခါက္ဆြဲျပဳတ္တစ္ပြဲ ရရွိမည္ ျဖစ္သည္။ ထိုသို႔ အသင့္ ထည့္ေပးထားၿပီးေသာအခါ ေရခဲေသတၱာထဲ ေအးခဲေအာင္ ထားလိုက္သည္။ ထို႔ေနာက္ မွာၾကားသူထံ ေပးပို႔သည္။
မွာလိုလွ်င္ Chop Chop ဝက္ဘ္ဆိုက္တြင္ အမွာစာ တင္ရမည္ ျဖစ္သည္။ Chop Chop ၏ Instagram တြင္ တိုက္႐ိုက္ မက္ေဆ့စ္ ပို႔၍လည္း မွာႏိုင္သည္။ တစ္ပတ္လွ်င္ အဂၤါေန႔ တစ္ရက္သာ ေပးပို႔သည္။

Lin သည္ တိုင္ဝမ္ႏိုင္ငံသားျဖစ္ၿပီး University of Texas Austin မွ ဘြဲ႕ရထားသူ ျဖစ္သည္။ Har သည္ ေဟာင္ေကာင္တြင္ ေမြးဖြားၿပီး ဩစေတးလ်တြင္ ႀကီးျပင္းခဲ့သူ ျဖစ္သည္။ သူတို႔သည္ ယခင္ကလည္း စားေသာက္ဆိုင္ ဖြင့္လွစ္လုပ္ကိုင္ခဲ့ဖူးသည္။
မူလက Chop Chop ကို စားေသာက္ဆိုင္တစ္ဆိုင္အျဖစ္ ခင္းက်င္းၿပီး ဖြင့္လွစ္ရန္ ျဖစ္သည္။ coronavirus ေၾကာင္ အခြင့္မသာေတာ့ေခ်။
"COVID-19 ျဖစ္ေနခ်ိန္ ဆိုင္သစ္တစ္ခု ခင္းက်င္းၿပီး ဖြင့္တာ အဓိပၸာယ္ ရွိမွာ မဟုတ္ဘူး။ ဒီေတာ့ နည္းနည္းက်ဥ္းက်ဥ္းနဲ႔ ထိထိမိမိ လုပ္ဖို႔ အခုလိုမ်ိဳး Chop Chop ကို လုပ္လိုက္ၾကတယ္" ဟု Lin က ရွင္းျပသည္။

Read times
Rate this item
(0 votes)