Chinese



လေယာဉ်ဆီအတွက် သုံးပြီးသား ဟင်းချက်ဆီ တရုတ်နိုင်ငံမှ စင်ကာပူ စံချိန်တင် ပမာဏ ဝယ်ယူ

လေယာဉ်ဆီအတွက် သုံးပြီးသား ဟင်းချက်ဆီ တရုတ်နိုင်ငံမှ စင်ကာပူ  စံချိန်တင် ပမာဏ ဝယ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

စင်ကာပူသို့ တရုတ်နိုင်ငံမှ သုံးပြီးသား ဟင်းချက်ဆီ used cooking oil (UCO) တင်ပို့မှုသည် ပြီးခဲ့သည့်လတွင် စံချိန်တင် မြင့်တက်ခဲ့သည်။
Neste ၏ စင်ကာပူရှိ  ပြန်လည်ပြည့်ဖြိုးမြဲ လောင်စာဆီ သန့်စင်စက်ရုံမှ ဝယ်လိုအား ပိုများလာခြင်းကြောင့် ဖြစ်သည်။

 မေလတွင် UCO တင်ပို့မှုမှာ တန်ချိန် ၄၈,၈၃၂ ရှိပြီး ဧပြီလထက် ၁၈ ရာခိုင်နှုန်း ပိုများလာပြီး တရုတ်အကောက်ခွန်၏ အချက်အလက်များအရ ယမန်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။

ယခုနှစ်တွင် တိုးချဲ့မှုပြီးစီးခဲ့သည့် ဖင်လန်ကုမ္ပဏီ၏ စက်ရုံကြောင့် ယခုကဲ့သို့ မြင့်တက်လာရခြင်းဖြစ်သည်ဟု ဇီဝလောင်စာကုန်သည်များက ပြောသည်။
အဆိုပါစက်ရုံသည် ကမ္ဘာ့အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲ ဒီဇယ်သန့်စင်စက်ရုံဖြစ်သည်။ Neste ၏ အဆိုအရ ရေရှည်တည်တံ့သော လေကြောင်းလောင်စာဆီ ထုတ်လုပ်သည့် အကြီးဆုံး စက်ရုံဖြစ်သည်။

အစိုးရများနှင့်စက်မှုလုပ်ငန်းများသည် ကာဗွန် ညစ်ညမ်းမှု လျှော့ချရန် ကြိုးပမ်းနေသောကြောင့် စိမ်းလန်းဒီဇယ်နှင့် လေယာဉ်ဆီ ၀ယ်လိုအား တိုးလာသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် UCO တန်ချိန် ၁.၅၈ သန်း စံချိန်တင် တင်ပို့ခဲ့သည်။
မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ တင်ပို့မှုလည်း မြင့်တက်လာသည်။

တရုတ်နိုင်ငံ၏ သုံးပြီးသား စားသုံးဆီ စုစုပေါင်း တင်ပို့မှုသည် မေလတွင် ဧပြီလထက် ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး  ၁၅၁,၄၂၈ တန် တင်ပို့ခဲ့သည်။ အမေရိကန်သို့ တင်ပို့မှု ၄၆ ရာခိုင်နှုန်း တက်လာခဲ့သည်။

 စင်ကာပူနှင့် အမေရိကန်သို့ ရောင်းချမှုသည် တင်ပို့မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော် ရှိသည်။ ကျန်သည့်ရာခိုင်နှုန်းမှာ ဥရောပသို့ တင်ပို့သည်။ 
Source Bloomberg 
 

Read times Last modified on Saturday, 24 June 2023 02:02
Rate this item
(0 votes)