Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှားမှ တရုတ်သို့ တင်ပို့သည့် ငါးတွင် ကိုဗစ်ပိုး တွေ့ခဲ့သော်လည်း ဆက်လက်တင်ပို့လျက်ရှိ

အင်ဒိုနီးရှားမှ တရုတ်သို့ တင်ပို့သည့် ငါးတွင် ကိုဗစ်ပိုး တွေ့ခဲ့သော်လည်း ဆက်လက်တင်ပို့လျက်ရှိ bloomberg.com

တရုတ်နိုင်ငံသို့ အင်ဒိုနီးရှားမှ ထင်ပို့သည့် ပင်လယ်စာ ငါးအထုပ်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့သော်လည်း

တရုတ်နိုင်ငံသို့ ပင်လယ်စာ ထွက်ကုန်များ ဆက်လက်တင်ပို့နေဆဲ ဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံ Marine Affairs and Fisheries Ministry က တရားဝင် ပြောကြားခဲ့သည်။


တရုတ်အာဏာပိုင်တို့က ကိုဗစ်ပိုးတွေ့သော ငါးအထုပ်ကို တင်ပို့ခဲ့သည့် ကုမ္ပဏီကိုသာ အရေးယူခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့ခွင့် တစ်ပတ်တိတိ ပိတ်ပင်သည်။ ကျန်သည့် တင်ပို့သူများကို ဆက်လက်တင်ပို့ရန် ခွင့်ပြုထားသည်။


ပိုးပါသော ငါးထုပ် တင်ပို့သည့် ကုမ္ပဏီကို အင်ဒိုနီးရှား အာဏာပိုင်တို့က ကျန်းမာရေးထောက်ခံချက် လက်မှတ်ရုပ်သိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုမျာ ဆောင်ရွက်နေသည်။


ပင်လယ်စာ ထွက်ကုန်လုပ်ငန်း PT Putri Indah မှ တင်ပို့သည့် အေးခဲငါးအထုပ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အကောက်ခွန်ဌာနက ထုတ်ပြန် ကြေညာသည်။


တရုတ် အာဏာပိုင်တို့သည် တင်သွင်းသည့် အသား၊ ပင်လယ်စာ၊ အထုပ်အပိုးများ၊ ကွန်တိန်နာများကို ပိုးစစ်ဆေးမှုအား ဇွန်လတွင် စတင်ခဲ့သည်။

 

နမူနာ စုစုပေါင် ငါးသိန်းကျော်ကို စစ်ဆေးခဲ့ပြီး ပိုးတွေ့သည့် ဖြစ်ရပ်မှာ ၆ ကြိမ်သာ ရှိသည်ဟု တရုတ်နိုင်ငံ အကောက်ခွန်က ဩဂုတ်လကုန်တွင် ထုတ်ပြန်အသိပေးခဲ့သည်။


အင်ဒိုနီးရှား နိုင်ငံအဖို့ တရုတ်နိုင်ငံသည် ငါးအများဆုံး တင်ပို့နေသည့် နိုင်ငံ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ငါးတန်ချိန် ၁၆၈ ၃၀၀ တန် ကျော် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၄၀ ရှိသည်။

 

By Myanmar Food Guide

bloomberg.com

Read times Last modified on Tuesday, 22 September 2020 12:57
Rate this item
(0 votes)