Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားစတိုင်လ် ချဉ်စပ်ခေါက်ဆွဲ

မလေးရှားစတိုင်လ် ချဉ်စပ်ခေါက်ဆွဲ ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ယခင်စားနေကျပုံစံနှင့်မတူဘဲ ထူးခြားပြီး အရသာရှိရှိစားချင်သူများအတွက် အိမ်တွင် ကိုယ်တိုင်ပြုလုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ငါး၊ ချင်း၊ မန်ကျည်းသီး၊ ချဉ်စော်ခါးသီးခြောက်၊ မိဿလင်ဖူး၊ ဖက်ဖယ်ရွက်၊ ပူစီနံ၊ နာနတ်သီး၊ သခွားသီး၊ ကြက်သွန်နီ၊ ဆား၊ ငရုတ်သီးအခြောက်၊ ငပိ၊ စပါးလင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ သကြားတို့ လိုအပ်ပါမယ်။

 

 

ပထမဦးစွာ ငါးကို ရေဆေးသန့်စင်ကာ ချင်း၊ ဆား၊ ချဉ်စော်ခါးသီးခြောက်နှင့် ရေထည့်ပြီး အဖုံးအုပ်ကာ ငါးနူးအောင်ပြုတ်ပေးပါ။

 

ပြီးလျှင် ငါးနူးပါက ဆယ်ယူပြီး အရိုးများ နွှင်ထားပါ။ အိုးထဲမှ အဖတ်များ ဆယ်ယူပြီး ငါးပြုတ်ရည်ဟင်းရည် ချက်ရန် သီးသန့် ဖယ်ထားပါ။

 

ပြီးနောက် ငါးပိကို မီးကင်ထားပါ။ ငရုတ်သီးခြောက်ကို ရေစိမ်ထားပြီး ပွလာပါက ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ငါးပိ၊ ငရုတ်သီးစိမ်း၊ စပါးလင်တို့ကို နုပ်နုပ်စဉ်းထားတာတို့ကို ကြိတ်စက်ဖြင့် ညက်အောင် ကြိတ်ပေးပါ။

 

ဟင်းရည်ချက်မယ့်အိုးထဲ ကြိတ်ထားသည်တို့ကို ထည့်လိုက်ပါ။ ပြီးရင် ငါးပြုတ်ရည်ကို ထည့်တည်ပေးပါ။ ပြီးနောက် မိဿလင်ဖူးကို ထက်ခြမ်းခြမ်းထည့်လိုက်ပါ။

 

ရေပွက်ပွက်ဆူပါက မန်ကျည်းရည်၊ ဆားနှင့် သကြားတို့ကိုထည့်ပါ။ ဖက်ဖယ်ရွက်ကို ရေဆေးသန့်စင်ပြီး အရွက်ခြွေထည့်ပါ။

 

ပြီးနောက် အရသာအပေါ့အငန်မြည်းပြီး မီးပိတ်ကာ သုံးဆောင်ရန် ချဉ်စပ်ဟင်းရည်ကို သုံးဆောင်နိုင်ပါပြီ။

 

သုံးဆောင်ဖို့အတွက် ချဉ်စပ်ဟင်းရည်ထဲသို့ ခေါက်ဆွဲဖတ်ကို ရေနွေးဖျောပြီး ပန်းကန်ထဲထည့်လိုက်ပါ။ ပြီးလျှင် အပေါ်မှ ကြက်သွန် ပါးပါးလှီး၊ သခွားသီးအမျှင်၊ နာနတ်သီးအစိတ်လေးတွေနှင့် ပူစီနာတို့ ထည့်ပြီး ရင်တော့ မလေးရှားစတိုင်လ်ချဉ်စပ်အရသာလေးကို သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:55
Rate this item
(1 Vote)