Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း အနည်းငယ်သာ မြင့်တက်ခဲ့

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း အနည်းငယ်သာ မြင့်တက်ခဲ့ Google

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (consumer price index - CPI) မှာ

 (၁.၇) ရာခိုင်နှုန်းသာမြင့်တက်ခဲ့သည် ဟု အမျိုးသားစာရင်း အင်းဗျူရိုမှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ၎င်းအညွှန်းကိန်းမှာ ငွေကြေးဖောင်းပွမှုအား တိုင်းတာရာတွင် အဓိကကျသော အညွှန်းကိန်းတစ်ခုဖြစ်သည်။

 

ထိုသို့မြင့်တက်ခဲ့သော်လည်း သြဂုတ်လအတွင်း မြင့်တက်ခဲ့သည့် (၂.၄) ရာခိုင်နှုန်းအောက် လျော့နည်းလာသည်ကို တွေ့ရသည်။ လျော့နည်းလာရခြင်းမှာ စားသောက်ကုန်ဈေးနှုန်းများ (အထူးသဖြင့် ဟင်းသီးဟင်းရွက်နှင့် ဝက်သားဈေးနှုန်းများ) အသင့်အတင့်ပြန်လည်ဖြစ်လာခြင်းကြောင့် ဖြစ်သည်လို့ အကြီးတန်းစာရင်းအင်းသုတေသီက ဖြေကြားခဲ့ပါသည်။

 

တရုတ်နိုင်ငံ၏ CPI တွင် သုံးပုံတစ်ပုံနီးပါး ပါဝင်နေသည့် စားသောက်ကုန်ဈေးနှုန်းများမှာ စက်တင်ဘာလအတွင်း ယခင်လကထက် (၀.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ သို့ရာတွင် ယခင်လအတွင်း စားသောက်ကုန်ဈေးနှုန်းမြင့်တက်ခဲ့မှုရာခိုင်နှုန်းဖြစ်သည့် (၁.၄) ရာခိုင်နှုန်းမှ လျော့နည်းလာသည်ကို တွေ့ရသည်။

 

ယခုနှစ် ပထမ (၉) လအတွင်း တရုတ်နိုင်ငံ၏ CPI မှာ ယခင်နှစ်ကထက် (၃.၃) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး နောက်ဆုံးရ အချက်အလက်များအရ စက်ရုံ၏ ကုန်ပစ္စည်းထုတ်လုပ်မှု ကုန်ကျစရိတ်များကို တိုင်းတာသည့် တရုတ်နိုင်ငံ၏ ထုတ်လုပ်သူဈေးနှုန်းအညွှန်းကိန်းမှာ စက်တင်ဘာလအတွင်း ယခင်နှစ်ကထက် (၂.၁) ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

 

By Myanmar Food Guide

Read times Last modified on Saturday, 17 October 2020 14:30
Rate this item
(0 votes)