Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese style ၀က်သား ချိုစပ်ကြော်

Chinese style ၀က် ချိုစပ်ကြော်လေးကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ

အိမ်တွင်လည်း မိသားစုဆုံတုန်းလေး လုပ်စားနိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ဝက် ချိုစပ်ကြော်က တရုတ်စတိုင်ကြော်ထားတာဖြစ်တဲ့အတွက် အရမ်းစားလို့ကောင်းပြီး အနံ့ကလေးကလည်း အရမ်းမွှေးစေတဲ့အတွက် စားပြီးရင်း ထပ်စားချင်စေမှာဖြစ်ပါတယ်။

 

ပါဝင်မည့်အမယ်များကတော့ ဝက်သုံးထပ်သား၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ ငရုတ်သီးအမှည့်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲငံပြာရည်၊ ငံပြာရည်၊ သကြား၊ ဆား၊ ကြက်သားမှုန့်၊ ဆီ တို့လိုအပ်ပါမယ်။

 

ပထမဆုံး ဝက်သားကို ရေဖြင့်သေချာဆေးပြီး ခပ်ပါးပါးလေးလှီးထားလိုက်ပါ။ ပြီးလျှင် ဆား၊ ကြက်သားမှုန့်တို့နဲ့ ရောနယ်ထားပါ။

 

ပြီးနောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ကြိတ်ထားပါ။ ၎င်းနောက် ငရုတ်ပွနဲ့ ခရမ်းချဉ်သီးတို့ကို သေးသေးလေးလှီးထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲ ဆီ အနည်းငယ်ထည့်ပြီး အပူပေးပါ။ ဆီပူလာရင် အရင်ဦးဆုံး သကြားကိုထည့်လိုက်ပါ။

 

ပြီးရင် ပဲငံပြာရည်၊ ငံပြာရည်တို့ကိုထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ပွ နဲ့ ခရမ်းချဉ်သီးတွေကိုထည့်လိုက်ပါ။ အားလုံးကို သေသေချာချာ ရောမွှေပြီး ခဏကြာရင် ဝက်သားကိုထည့် လိုက်ပါ။ ငရုတ်သီးကိုလည်း ထက်ခြမ်းခြမ်းပြီး ထည့်လိုက်ပါ။

 

အားလုံးသေချာမွှေပြီးပြီဆိုရင်တော့ အဖုံးအုပ်ထားပါ။

 

ဆီပြန်လာပြီး ဝက်သားကျက်ရင် ကြက်သွန်မြိတ်တွေကို လှီးထည့်လိုက်ပါ။

 

အားလုံးပြီးလို့ ကျက်သွားရင်တော့ အရသာအရမ်းရှိတဲ့ Chinese Style ဝက်သားချိုစပ်ကြော်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:06
Rate this item
(0 votes)