Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တည်ငြိမ်မှုရှိလာခြင်းသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အပံ့ဖြစ်စေမည်ဟု ပြောကြားခဲ့

တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တည်ငြိမ်မှုရှိလာခြင်းသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အပံ့ဖြစ်စေမည်ဟု ပြောကြားခဲ့ Google

ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့သည့် အရှေ့အာရှနှင့် ပစိဖိတ်စီးပွားရေးအစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း

တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (၂) ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြခဲ့သည့်အတွက် ကမ္ဘာ့ဘဏ်မှ ယခင်၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင်ဖော်ပြထားသည့် ခန့်မှန်းချက်ထက်(၁) ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည် တည်ငြိမ်မှုရှိလာခြင်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်တက်စေရန် အထောက်အပံ့ဖြစ်စေမှာ ဖြစ်သည်ဟု သိရသည်၊

 

ပြည်ပနိုင်ငံများ အနေဖြင့် တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအပြင် စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် အသိအမှတ်ပြုသည်ဟု ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့်အစီရင်ခံစာတွင် ‌ဖော်ပြထား သည်ဟု တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin မှ ပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ်၊ ပထမ(၈)လတာကာလအတွင်း တရုတ်ကုမ္ပဏီများမှ Belt and Road လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၁၁.၈)ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၃၁.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

 

၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက်ကာလအတွင်း အာဆီယံနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ (၆.၂၃) ဘီလီယံ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက (၅၃.၁) ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ပထမ ၈ လအတွင်း အာဆီယံ နိုင်ငံများနှင့်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၁၆.၅ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ပထမ ၈ လနှင့်နှိုင်းယှဉ်ပါက ၃.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အဆိုပါ ကာလအတွင်း၌ တရုတ်နှင့်အာဆီယံနိုင်ငံများသည် နှစ်ဖက်စလုံး၏ အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံများဖြစ်ခဲ့ပြီး သမိုင်းဝင်သည့်အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါသည်။

 

ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက်အတွင်း တရုတ်နှင့် ဥရောပဒေသနိုင်ငံများအကြား ရထားဖြင့် ကုန်သွယ်မှု (၃၀) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရထားဖြင့် ကုန်သွယ်မှုလမ်းကြောင်းသည် နိုင်ငံတကာကုန်သွယ်မှုကို တည်ငြိမ်မှုရှိရန် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးလျင်မြန်စွာပြန်လည်ကောင်းမွန်လာခြင်းဖြင့် တရုတ်နိုင်ငံ နှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်အခွင့်အလမ်းများတိုးချဲ့ပေးနိုင်ပြီး ကမ္ဘာ့ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန်အထောက်အပံ့ဖြစ်စေမည်ဟု တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin(ဝမ်ဝိန်ပင်း)မှ ပြောကြားခဲ့သည်ဟု သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)