Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ဝက်နံရိုးအချိုပေါင်းလေးလုပ်စားရအောင်

Unicode ျဖင့္ဖတ္ရန္

Chinese Style ဝက်နံရိုးအချိုပေါင်းလေးလုပ်စားရအောင်

Chinese Style ဝက်နံရိုးအချိုပေါင်းပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

Tea Leaves Warehouses လက္ဖက္ရြက္ကုန္ေလွာင္ရံုေပါင္း ၄၃ ခုကိုရွာရန္ႏွိပ္ပါ။

 

ပါဝင်ပစ္စည်းများကတော့ ဝက်နံရိုး၊ ချင်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ ငရုတ်ကောင်းစေ့၊ နံနံမြစ်၊ ဟင်းချက်ဝိုင်၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်နံရိုးကို ရေဆေးသန့်စင်ပြီး အရွယ်တော်အတုံးကလေးများဖြစ်အောင်တုံးထားပါ။

 

ပြီးလျှင် နာနတ်ပွင့်ကို မီးကင်ပြီး ဓားပြားရိုက်ထားပေးပါ။

 

ပြီးနောက် ချင်းကြိတ်ပြီးသားကို ဝက်နံရိုးထဲထည့်ပြီး သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ ဟင်းချက်ဝိုင် တို့ထည့်ပြီး မိနစ်အနည်းငယ်ကြာ နှပ်ထားပါ။

 

ပြီးလျှင်  ချင်း၊ ကြက်သွန်ဖြူ၊ နံနံမြစ်၊ ငရုတ်ကောင်းစေ့တို့ကို မညက်တညက်ထောင်းထားပါ။

 

ပြီးနောက် ဒယ်အိုးထဲဆီထည့် ဆီပူလာပြီဆိုလျှင် သကြားကိုထည့်လိုက်ပါ။

 

သကြားအရည်ပျော်ပြီဆိုရင်တော့ နာနတ်ပွင့်ထောင်းထားတာရောပြီး ဆီသတ်ပေးပါ။

 

အနံ့မွှေးလာလျှင် နှပ်ထားတဲ့ ဝက်နံရိုးကိုထည့်လိုက်ပါ။

 

ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပေးပါ။

 

ပြီးနောက် ဝက်နံရိုးကို ဖယ်ထုတ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေကို စစ်ထုတ်လိုက်ပါ။

 

ပြီးရင်တော့ နောက်ထပ်အိုးတစ်လုံးမှာပြောင်းထည့်ပြီး အဖုံးပိတ်ကာ မီးအေးအေးနဲ့ ဝက်နံရိုးနူးသည်အထိ ပေါင်းပေးပါ။

 

Read More >>>>>  Chinese style ဂဏန္းခြက္ေၾကာ္

 

ဝက်နံရိုးနူးပြီဆိုရင်တော့ အပေါ်မှ ကြက်သွန်မြိတ်လေးဖြူးပြီးရင်တော့ အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory (WWH)

 

 

Chinese Style ဝက္နံ႐ိုးအခ်ိဳေပါင္းေလးလုပ္စားရေအာင္

 

Chinese Style ဝက္နံ႐ိုးအခ်ဳိေပါင္းျပဳလုပ္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ဝက္နံ႐ိုး၊ ခ်င္း၊ ၾကက္သြန္ျဖဴ၊ နာနတ္ပြင့္၊ င႐ုတ္ေကာင္းေစ့၊ နံနံျမစ္၊ ဟင္းခ်က္ဝိုင္၊ သၾကား၊ ဟင္းခတ္မႈန္႕၊ ဆား၊ ဆီတို႕ လိုအပ္ပါမယ္။

 

Tea Leaves Warehouses လက္ဖက္ရြက္ကုန္ေလွာင္ရံုေပါင္း ၄၃ ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးဆံုး ဝက္နံ႐ိုးကို ေရေဆးသန္႕စင္ၿပီး အရြယ္ေတာ္အတံုးကေလးမ်ားျဖစ္ေအာင္တံုးထားပါ။

 

ၿပီးလွ်င္ နာနတ္ပြင့္ကို မီးကင္ၿပီး ဓားျပား႐ိုက္ထားေပးပါ။

 

ၿပီးေနာက္ ခ်င္းႀကိတ္ၿပီးသားကို ဝက္နံ႐ိုးထဲထည့္ၿပီး သၾကား၊ ဆား၊ ဟင္းခတ္မႈန္႕၊ ဟင္းခ်က္ဝိုင္ တုိ႕ထည့္ၿပီး မိနစ္အနည္းငယ္ၾကာ ႏွပ္ထားပါ။

 

ၿပီးလွ်င္  ခ်င္း၊ ၾကက္သြန္ျဖဴ၊ နံနံျမစ္၊ င႐ုတ္ေကာင္းေစ့တို႕ကို မညက္တညက္ေထာင္းထားပါ။

 

ၿပီးေနာက္ ဒယ္အိုးထဲဆီထည့္ ဆီပူလာၿပီဆိုလွ်င္ သၾကားကိုထည့္လိုက္ပါ။

 

သၾကားအရည္ေပ်ာ္ၿပီဆိုရင္ေတာ့ နာနတ္ပြင့္ေထာင္းထားတာေရာၿပီး ဆီသတ္ေပးပါ။

 

အနံ႕ေမႊးလာလွ်င္ ႏွပ္ထားတဲ့ ဝက္နံ႐ိုးကိုထည့္လိုက္ပါ။

 

ၿပီးလွ်င္ ေရအနည္းငယ္ထည့္ၿပီး ပြက္ပြက္ဆူေအာင္ တည္ထားေပးပါ။

 

ၿပီးေနာက္ ဝက္နံ႐ိုးကို ဖယ္ထုတ္ၿပီး ဟင္းခတ္အေမႊးအႀကိဳင္ေတြကို စစ္ထုတ္လိုက္ပါ။

 

ၿပီးရင္ေတာ့ ေနာက္ထပ္အိုးတစ္လံုးမွာေျပာင္းထည့္ၿပီး အဖံုးပိတ္ကာ မီးေအးေအးနဲ႕ ဝက္နံ႐ိုးႏူးသည္အထိ ေပါင္းေပးပါ။

 

Read More >>>>>  Chinese style ဂဏန္းခြက္ေၾကာ္

 

ဝက္နံ႐ိုးႏူးၿပီဆုိရင္ေတာ့ အေပၚမွ ၾကက္သြန္ၿမိတ္ေလးျဖဴးၿပီးရင္ေတာ့ အရသာရွိစြာ တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။

 

#Myanmar Food Industry Directory (WWH)

 

 

 

 

Read times Last modified on Friday, 14 February 2020 16:11
Rate this item
(0 votes)