Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ ငှက်ပျောသီး အပါအဝင် ပြည်ပငှက်ပျောသီးများအတွက် တရုတ်စျေးကွက် သုံးသပ်ချက်

Covid-19 ဖြစ်ပွားပြီးကတည်းက တရုတ်ငှက်ပျောစျေးကွက်သည် အားနည်းနေခဲ့သည်။

ငှက်ပျောသီး အမျိုးမျိုး အမြောက်အမြားတို့သည် ဈေးနှုန်းသင့်တင့်သော်လည်း စျေးကွက်ပျောက်နေသည်။

မြန်မာပြည် ကချင်ပြည်နယ်ထွက် ငှက်ပျောသီးမှား အပါအဝင်  အရှေ့တောင်အာရှငှက်ပျောသီးများနှင့် တောင်အမေရိကငှက်ပျောသီးများ ရောင်းအား ကျနေစဉ် ကမ္ဘောဒီးယားငှက်ပျောသီးများ တရုတ်ငှက်ပျောစျေးတွင် အင်အားသစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ဈေးကွက်အတွင်းသို့  ကမ္ဘောဒီးယားငှက်ပျောသီးများ ရောက်ရှိလာသည့် ပမာဏ ရုတ်ချည်း တိုးများလာသည်။

Shanghai Sofia International Trade Co., Ltd. မှ ဒါရိုက်တာ အဖွဲ့ဝင်  Mr. Xia Zuxiang က ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သော တရုတ်ပြည်တွင်းရှိ ပြည်ပငှက်ပျောသီးဈေးကွက်ကို သုံးသပ်ပြောပြခဲ့သည်။

 

၂၀၂၀ အတွင်း ထူးခြားမှု တစ်ခုမှာ ဖိလစ်ပိုင်မှ တင်သွင်းသော ငှက်ပျောသီးများ လျော့ကျခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာမှ တရုတ်အစိုးရက ဖိလစ်ပိုင်မှ သစ်သီးဝလံများ တင်သွင်းမှုအပေါ် တင်းကျပ်ခဲ့ရာ တရုတ်ဈေးကွက်ထဲသို့ ဖိလစ်ပိုင် ငှက်ပျောသီးများ အဝင်လျော့ကျခဲ့သည်။ ဖိလစ်ပိုင်မှ ငှက်ပျောသီး အကြီးအကျယ်တင်ပို့သူများ အထိနာကြသည်။ Sofia International Trade မှ တင်သွင်းသည့် ပမာဏသည် ၁၀ မှ ၁၅ % အထိ လျော့ကျခဲ့သည်။

ဖိလစ်ပိုင်မှ အဝင်နည်းသောလည်း ကိုဗစ်ကြောင့် ပြည်တွင်းဈေးကွက်တွင် ရောင်းအားကျဆင်းနေစဉ် ပြည်ပငှက်ပျောသီးများ တင်သွင်းခဲ့သဖြင့် ငှက်ပျောသီးများ ဝယ်လိုအားထက် ရောင်းလိုအား ပိုများသည့်အပြင် ငှက်ပျောသီးသည် ကြာကြာအထားမခံသောအသီး ဖြစ်သဖြင့်  ဈေးလျှော့ချ ရောင်းရသဖြင့် ဈေးကျဆင်းသည်။ သို့ဖြစ်ရာ ပြည်တွင်းထွက် ငှက်ပျောသီးများ ဈေးကျဆင်းခြင်းက ပြည်ပမှ တင်သွင်းသည့် ငှက်ပျောသီးများ၏ ဈေးနှုန်းများကိုပါ ဆွဲချသဖြင် ပြည်ပငှက်ပျောသီးများလည်း ဈေးကျဆင်းကုန်သည်။

နောက်ထပ်အကြောင်းတစ်ချက်မှာ ငှက်ပျောခင်း စိုက်ပျိုးသူများသည် ကိုဗစ်ကြောင့် ငှက်ပျောခင်းများကို ကောင်းကောင်း ဂရုမစိုက်နိုင်ကြသဖြင့် ငှက်ပျောသီး အရည်အသွေး ကျဆင်းသည့်အတွက်ကြောင့်လည်း ဈေးကောင်း မရနိုင်တော့ချေ။

ငှက်ပျောသီး တင်သွင်းသူတို့သည် ပြည်ပမှ တင်သွင်းသည့် ပမာဏများကို လျှော့ချခြင်းဖြင့် ဈေးကွက်အကျဘက်ရောက်နေသည်ကို တုံ့ပြန် ဆောင်ရွက်သည်။ 

 

Xiangjiao04.jpg

 

ထိုသို့သော ဈေးကွက်အခြေအနေထဲသို့ ကမ္ဘောဒီးယား ငှက်ပျောသီးများ ဝင်ရောက်လာသည်။ ကမ္ဘောဒီးယားသည် ငှက်ပျောခင်းများ စိုက်ပျိုးရန် မြေဆီဩဇာကောင်းသည့် မြေယာများ ရှိသည့်အပြင် သင့်တင့်ဆီလျော်သော ရာသီဥတုလည်း ရှိသည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လုပ်ကိုင်ကြသဖြင့် လတ်တလောနှစ်များတွင် ကမ္ဘောဒီးယားမှာ ငှက်ပျောခင်းများ ရုတ်တရက် ပိုများလာသည်။ 

ကိုဗစ်ကပ်ရောဂါ ရှိသော်လည်း ကမ္ဘောဒီးယား သည် ၂၀၂၀ ပြည့်နှစ်တွင် ငှက်ပျောသီးတန်ချိန် ၂၁၈,၀၀၀ တင်ပို့နိုင်ခဲ့ပြီးပြီ ဖြစ်သည်။

“ပြီးခဲ့တဲ့ နှစ်လ သုံးလအတွင်းမှာ ကမ္ဘောဒီးယား ငှက်ပျောသီးတွေ ကွန်တိန်နာ အလုံး နှစ်ရာ သုံးရာ တရုတ်ပြည်ကို အပတ်တိုင်း တင်ပို့ခဲ့တယ်။ အခုလို များပြားတာကြောင့် တခြားနိုင်ငံတွေထံမှ တင်သွင်းတဲ့ ပမာဏအပါ် သက်ရောက်မှု ကြီးမားပါတယ်”

ဟု Xia Zuxiang က သုံးသပ်ပြသည်။

“ယခုနှစ် အစပိုင်းမှာ တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံမှ ငှက်ပျောသီး တစ်ပတ်ကို ကွန်တိန်နာ အလုံး ၄၀၀ ပုံမှန် တင်သွင်းခဲ့တယ်။ ဒါပေမဲ့ အခုတော့ တစ်ပတ်ကို ကွန်တိန်နာ အလုံး ၁၀၀ ပဲ တင်သွင်းပါတော့တယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် ဖိလစ်ပိုင်ကနေ တစ်နှစ်တာမှာ ကွန်တိန်နာ အလုံး ၈၀၀ ငှက်ပျောသီးတွေ တင်သွင်းခဲ့ပေမဲ့ အခုနှစ်မှာတော့ အလုံး ၅၀၀ ပဲ ရှိပါတော့တယ်။ ကမ္ဘောဒီးယားမှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ လုပ်ကိုင်နေတဲ့ ငှက်ပျောခင်းတွေကနေ ငှက်ပျောသီးတွေ တင်သွင်းတာ ပိုများလာတာကြောင့် ဝေးဝေးလံလံ တောင် အမေရိကဘက်ကနေ တင်သွင်းတဲ့ ပမာဏ လျော့ကျတယ်။ အရင်တုန်းက တစ်ပတ်ကို ကွန်တိန်နာ အလုံး ၂၀၀ တင်သွင်းခဲ့ပေမဲ့ အခုဆိုရင် အလုံး ၁၀၀ ပဲ သွင်းတော့တယ်။ ထက်ဝက် လျော့ကျသွားတယ်”

 

Xiangjiao05.jpg

 

ကမ္ဘောဒီးယား ငှက်ပျောသီးများသည် အခြားအရှေ့တောင်အာရှနိုင်ငံများမှ ငှက်ပျောသီး လုပ်ငန်းများအပေါ်တွင်လည်း ဖိအား သက်ရောက်သည်။ 

“ကမ္ဘောဒီးယား ငှက်ပျောသီးတွေ အဝင်များလာတော့ မြန်မာမှာ ငှက်ပျောခင်း စိုက်တဲ့သူတရုတ်ရင်းနှီးမြှုပ်နှံသူတွေ ဆုံးရှုံးမှုတွေ ဖြစ်ပွားစေတယ်။ ဘာလို့လဲဆိုတော့ မြန်မာကနေ တရုတ်ကို တင်ပို့တော့ ကုန်လမ်းကနေ တင်ပို့တယ်။ ကိုဗစ်ကြောင့် ကုန်တင်ကားတွေ နယ်ခြားဖြတ်ကျော် သွားလာဖို့ ခက်ခဲကုန်တယ်။ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က ငှက်ပျောသီးတွေကို ကွန်တိန်နာသင်္ဘောတွေနဲ့ ရေကြောင်းမှ တင်ပို့ကြတယ်။ ဟိုချီးမင်း ဆိပ်ကမ်းကနေ တစ်ဆင့် တင်ပို့ကြတယ်။ ကိုဗစ်ကြောင့် ထိခိုက်မှု သိပ်မရှိလှပါဘူး” ဟု သူက ပြောပြသည်။

ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ငှက်ပျောခင်းများကို တရုတ်ရင်းနှီးမြှုပ်နှံသူများက လုပ်ကိုင်နေကြခြင်းဖြစ်ပြီး တရုတ်ပြည်သို့ တင်သွင်းရန် စိုက်ပျိုးထုတ်လုပ်ကြခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအား လျော့ကျသွားသောအခါ ငှက်ပျောသီးများ တင်ပို့ရန် အခြားဈေးကွက် မရှိကြချေ။ ထိုပြဿနာကို ကိုဗစ် စတင်ကတည်းက ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

 

Xiangjiao06.jpg

 

တရုတ်နိုင်ငံသည် ငှက်ပျောသီးများကို အိမ်နီးနားချင်း နိုင်ငံများထံမှအပြင် ဝေးဝေးလံလံ နေရာဖြစ်သော တောင်အမေရိကမှလည်း တင်သွင်းသည်။ တောင်အမေရိကမှလာသော ငှက်ပျောသီးများသည် အာရှထွက် ငှက်ပျောသီးများထက် အရွယ်ပိုကြီးပြီး အလုံးပိုလှသည်။ တရုတ်ပြည် မြောက်ပိုင်းမှ ငှက်ပျောသီး စားကြသူများသည် ပိုကြီးသည့်ငှက်ပျောသီးကို ပိုကြိုက်ကြသည်။ ထို့ကြောင့် အရွယ်ပိုကြီးသော ငှက်ပျောသီးများကို တောင်အမေရိကဆီမှ တင်သွင်းပြီး တရုတ်ပြည်တွင်းဈေးကွက်ထဲ ရောင်းချကြသည်။

အာရှထွက် ငှက်ပျောသီးများထက် ဈေးပိုကြီးသည်။ ဝေးဝေးလံလံ သယ်ယူရသဖြင့် သယ်ယူစရိတ်လည်း ပိုကုန်ကျသည်။ 

ကိုဗစ်ကြောင့် ဝယ်လိုအား ကျဆင်းနေစဉ် ကမ္ဘောဒီးယား ငှက်ပျောသီးများ ပိုမို ရောက်ရှိလာခြင်းကြောင့် ငှက်ပျောသီးများ ဈေးကျကုန်သောအခါ တောင်အမေရိကငှက်ပျောသီးများလည်း ဈေးကျသွားရသည်။ သိုဖြစ်ရာ တောင်အမေရိကငှက်ပျောသီး တင်သွင်းသူများ အရှုံးပေါ်ကုန်သည်။ 

 

Xia Zuxiang က”ကျွန်တော်တို့က အမြဲတမ်း ပရီမီယံ ငှက်ပျောသီးတွေကိုပဲ အရောင်းအဝယ် လုပ်ပါတယ်။ ကျွန်တော်တို့ ငှက်ပျောသီးတွေကို လက်ကား ရောင်းချတယ်။ ငှက်ပျောသီးကုန်သည်တွေကို ရောင်းတယ်။ သူတို့က ဈေးကွက်ထဲ ပြန်ဖြန့်တယ်။ ကျွန်တော်တို့လက်ထဲမှာ ငှက်ပျောသီးတွေ မထားဘူး။ အခုနှစ်မှာတော့ ဈေးကွက်အခြေအနေတွေက ပြောင်းလဲသွားတယ်။ ကျွန်တော်တို့မှာ ကိုယ်ပိုင် သိုလှောင်ခန်းတွေ ထားရှိဖို့ လိုအပ်လာတယ်။ ဒီတော့ လက်ထဲ ငှက်ပျောသီးတွေ ထားဖို့ သိုလှောင်ရုံတွေ တည်ဆောက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နန်တုံ၊ ရန်ကျို၊ စုကျိုနဲ့ ရှန်ဟိုင်းတို့မှာ အအေးခန်းသိုလှောင်ရုံတွေ ထားရှိတယ်။

ငှက်ပျောသီး ထုပ်ပိုးတာကိုလည်း လုပ်ကိုင်နိုင်အောင် စီမံပေးထားတယ်။ ငှက်ပျောသီးနဲ့ ပတ်သက်လာရင် လိုအပ်တဲ့ ဝန်ဆောင်မှဒ အမျိုးမျိုး ပေးနိုင်အောင် လုပ်ထားတယ်။ အထက်နဲ့ အလယ်အဆင့် လက်ကားဈေးကွက်တွေမှာ ဝင်ရောက်လုပ်ကိုင်တယ်။ အရင်လို ငှက်ပျောကုန်သည်တွေလက်ထဲ တန်းထည့်လိုက်တာမျိုး မဟုတ်တော့ဘူး။ စိုက်ခင်းတွေအထိ ကျွန်တော်တို့ လုပ်ကိုင်သွားမယ်။ လက်ရှိဈေးကွက် အခြေအနေတွေအရ တင်သွင်းတဲ့ ပမာဏကို လျှော့ချထားရတော့ အရည်အသွေးကို ကျွန်တော်တို့ ပိုအလေးပေးမယ်။ အလယ်အဆင့်အထိ ဆင်းပြီး ကစားမယ်”

Shanghai Sofia International Trade Co., Ltd သည် ငှက်ပျောသီး တင်သွင်းခြင်းနှင့် လက်လီရောင်းချခြင်းတို့ကို သီးသန့်လုပ်ကိုင်သော ကုမ္ပဏီ ဖြစ်လာမည်။ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့တွင် ငှက်ပျောစိုက်ခင်းများ ပိုင်ဆိုင်လုပ်ကိုင်နေပြီ ဖြစ်သည်။

foodindustrydirectory.com.mm

freshplaza.com

Read times Last modified on Thursday, 24 December 2020 09:12
Rate this item
(0 votes)