Chinese
တရုတ်ကြက်သွန် အဝါ ပြည်ပဈေးကွက် အဝယ်လိုက်
တရုတ်ကြက်သွန် အဝါ ပြည်ပဈေးကွက် အဝယ်လိုက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကပ်ရောဂါထိန်းချုပ်ရေး အစီအမံများ ရုပ်သိမ်းပြီးနောက် တရုတ် ကြက်သွန် ပြည်ပတင်ပို့မှု ပုံမှန်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
.
ဥရောပဈေးကွက်တွင် ပြီးခဲ့သောသုံးလပတ် ထုတ်လုပ်မှု လျော့ကျခဲ့သောကြောင့် ပြည်ပမှ တင်သွင်းသည့် ကြက်သွန်များ ဝယ်လိုအား တက်လာခဲ့သည်။ သို့ဖြစ်ရာ တရုတ်ကြက်သွန်များ အဝယ်လိုက်လာသဖြင့် ယခုမတ်လတွင် တရုတ်ကြက်သွန် ပြည်ပသို့ တင်ပို့မှု သိသိသာသာ ပိုများလာနေသည်။ ဈေးနှုန်းများလည်း မြင့်တက်သည်။
Jining Shangzhuo Food Co., Ltd မှ အရောင်းမန်နေဂျာ Wang က ရာသီသစ်အတွက် ကြက်သွန်နီ ရိတ်သိမ်းမှုနှင့် ရာသီသစ်အတွက် မျှော်မှန်းထားသည့် တင်ပို့မှုအခြေအနေအပေါ် သူ၏အမြင်ကို ပြောပြသည်။
.
ယူနန်ပြည်နယ်မှ ကြက်သွန်အသစ်များ ပေါ်နေပြီဖြစ်သည်။
ယခုနှစ် ကြက်သွန် အထွက်ပမာဏသည် ယမန်နှစ်ရာသီနှင့် အတူတူပင် ဖြစ်သည်။
"တရုတ်ပြည်မှာ ကြက်သွန် အဝါ စိုက်တဲ့ ဧရိယာက ကြက်သွန်အနီ စိုက်တဲ့ ဧရိယာထက် ပိုများပါတယ်။ ကြက်သွန်အနီကို ပြည်တွင်းမှာ စားသုံးဖို့ ရောင်းချကြပါတယ်။ ကြက်သွန် အဝါကိုတော့ ပင်လယ်ရပ်ခြား ဈေးကွက်တွေထံ တင်ပို့ပါတယ်"
.
"ပင်လယ်ရပ်ခြား ဈေးကွက်တွေမှာ တောင်ကိုရီးယားက အဝယ်လျော့တယ်။ ဥရောပကတော့ အဝယ်လိုက်တယ်။ အတော်များပါတယ်။ ၂၀၂၂ မှာ ရာသီဥတု ပူပြင်းလို့ ဥရောပမှာ ကြက်သွန် အထွက် လျော့ကျခဲ့ပါတယ်။ ဒီတော့ ပြည်ပမှ တင်သွင်းတဲ့ ကြက်သွန်တွေ အဝယ်လိုက်တယ်"
.
"Jining Shangzhuo Food Co., Ltd က အခွံနွှာပြီးသား ကြက်သွန်တွေ အရွယ်အစားက 60-80mm/80-100mm ကို တစ်ဖာမှာ ၂၀ ကီလိုဂရမ် ထည့်ပြီး တင်ပို့ပါတယ်။ တန်ချိန် ၁၅,၀၀၀ တင်ပို့ထားပါတယ်"
.
"ကြက်သွန်ထွက်တဲ့နေရာတွေက Gansu၊ ယူနန်၊ စီချွမ်၊ ကျန်းစု၊ ဟီနမ်၊ ရှန်ဒေါင် တို့ဖြစ်ပါတယ်"
.
"ဥရောပ၊ အရှေ့တောင်အာရှ၊ ဩစတေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ထံ တင်ပို့ပါတယ်"
.
"ကျွန်တော်တို့ အေးခဲကြက်သွန် ထုတ်ကုန်တွေ တိုးမြှင့်တင်ပို့နေပါတယ်"
.
"ကွန်တိန်နာသင်္ဘော ရဖို့က ခက်ခဲနေပါတယ်။ ကွန်တိန်နာ ပို့ဆောင်ခတွေ ထိုးကျတော့ ဈေးထိန်းဖို့ တချို့သင်္ဘောလိုင်းတွေက သင်္ဘော စီးရေလျှော့တယ်။ ခေါက်ရေ လျှော့တယ်။ ခရီးစဉ် ဖျက်သိမ်းတယ်။ ဒီတော့ သင်္ဘောမှာ ကွန်တိန်နာတွေ နေရာရဖို့ ခက်ခဲနေတယ်။ ပို့ဆောင်ခ ဈေးဆက်မကျတော့ဘူး။ ဈေးနည်းနည်း မြင့်တက်ပါတယ်"
.
လာမည့် သီတင်းပတ်များအတွက် ဈေးကွက်အခြေအနေကို Wang က ခန့်မှန်းပေးသည်။
.
"ယူနန်ကြက်သွန်အသစ်တွေ ဈေးကွက်ထဲ ဝင်တာ ရာသီချိန် ကုန်သွားရင် ကျန်းစုကြက်သွန်တွေ ၊ ဟီနမ်နှင့် ရှန်ဒေါင်တို့မှ ကြက်သွန်တွေ တစ်ပြည်နယ်ပြီးရင် နောက်တစ်ပြည်နယ် ဈေးကွက်ထဲ ဝင်ပါတယ်"
.
"လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကြက်သွန်နီ တင်ပို့မှု ပမာဏ ဆက်လက် တိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ရိတ်သိမ်းတာလည်း အထွက်များပါလိမ့်မယ်။ အထွက်များရင် ဈေးကွက်ထဲ ဈေးကျတတ်ပါတယ်"
Jining Shangzhuo Food Co., Ltd သည် ကြက်သွန်အပြင် ဂျင်း၊ ကြက်သွန်ဖြူ၊ ပန်းသီး၊ သစ်တော်သီးတို့ကိုလည်း အဓိကပို့ကုန်များအဖြစ် ပြည်ပသို့ တင်ပို့ပါသည်။
Source freshplaza
Mr. Wang
Jining Shangzhuo Food Co., Ltd
whatsapp:+8613213293300///+8617362151011
Website: www.shangzhuofood.com
Email: wangjunjie@shangzhuofood.com
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U