Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ပြည်တွင်း ပဲပုတ်ဈေးကွက် ဇူလိုင်လတွင်အားပျော့

တရုတ်ပြည်တွင်း ပဲပုတ်ဈေးကွက် ဇူလိုင်လတွင်အားပျော့


၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်ပြည်တွင်းပဲပုပ်ဈေးကွက်သည် တစ်တန်လျှင် ၆,၁၀၀ ယွမ်ခန့်သာရှိသော စျေးကွက်အတွင်း အတက်အကျအနည်းငယ်ဖြင့် အားနည်းပြီး တည်ငြိမ်ခဲ့ ကြောင်း ယခုလအစတွင် ပြည်တွင်းပေါက်ဈေးမှာ တစ်တန်လျှင် ၆,၁၆၄ ယွမ်ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ပြည်တွင်းဈေးကွက် ပျမ်းမျှဈေးသည် တစ်တန်လျှင် ၆,၁၂၅ ယွမ်ဖြစ်ပြီး ၀.၁၉ ရာ ခိုင်နှုန်းကျဆင်းခဲ့ကြောင်း SunSirs ၏ စောင့်ကြည့်လေ့လာသည့် အချက်အလက်အရ ဖေါ်ပြထား ပါသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ယင်းထွက်ကုန်များ ၀ယ်လိုအား ဆက်လက်ကျဆင်းလာ ကာ ပြည်တွင်းဈေးကွက်မှာ အားပျော့ပြီး ပဲပုပ်အသစ်များ ကြီးထွားလာချိန်၌ ပဲပုပ်ဟောင်း ရောင်းလိုအား လျော့ကျလာကာ နိုင်ငံပိုင် လေလံဈေးကွက်တွင် အရောင်းအဝယ် ကျဆင်းပြီး ပြည်တွင်းပဲပုပ်ဈေးကွက်မှာ ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း ဇူလိုင်လလယ်တွင် နိုင်ငံတော် အရန် လေလံရောင်းချမှုနှုန်းမှာ အလွန်နည်းပြီး အရောင်းအ၀ယ်သမားများက ဈေးကွက်အတွင်း သို့ ဝင်ရောက်ရန် သတိထားခဲ့ကြကြောင်း ပြည်တွင်းဈေးကွက်မှာ သိသိသာသာကျဆင်းသွားပြီး ပဲဈေးကွက်မှာ ပျော့ပြောင်း၍ ခန့်မှန်းရန် ခက်ခဲနေကြောင်း ယခုလကုန်တွင် ပြည်တွင်းဈေး အပြောင်းအလဲနည်းသဖြင့် ကုန်သည်များ တင်ပို့ရောင်းချကြကြောင်း အတက်အကျအနည်းငယ် သာရှိကြောင်း ယင်းထွက်ကုန်များ ၀ယ်လိုအားမှာ အပြောင်းအလဲနည်းနေပြီး terminal ဝယ်လို အားတိုးတက်လာရန် ခက်ခဲကြောင်းနှင့် ပြည်တွင်းဈေးကွက်သည် အနာဂတ်တွင် အားနည်း နေဦးမည်ဟု SunSirs ၏ စိုက်ပျိုးရေးထွက်ကုန် လေ့လာဆန်းစစ်သူက သုံးသပ်ထားပါသည်။
ရင်းမြစ် SunSirs: Domestic Soybean Market Was Weak in July

Read times
Rate this item
(0 votes)