Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ချင်း တင်ပို့ဈေးနှုန်း ၄၀ရာခိုင်နှုန်းထိ မြင့်တက်

တရုတ်နိုင်ငံမှ ပြည်ပစျေးကွက်သို့ တင်ပို့ခဲ့သော ဂျင်းမှာ ရိတ်သိမ်းသည့် အချိန်စောသွားသဖြင့် ထုတ်ကုန်အရည်အသွေးသည် သတ်မှတ်ထားသော စံချိန်လောက် မကောင်းတော့ပေ။ အချို့သွင်းကုန် နိုင်ငံများက အစက်အပြောက်များရှိသည်ဟု ထောက်ပြခဲ့ကြသည်။

 

သို့သော် ၎င်းပေါ်ဦးပေါ်ဖျား ချင်းများမှာမူ ပြည်ပဝယ်လိုအားကြောင့် အားလုံး ရောင်းလိုက်ရပါသည်။ လတ်တလော ထုတ်လုပ်သည့် ဂျင်းများမှာ အရည်အသွေး ပြည့်မီပါသည်။ “လက်ရှိမှာတော့ တရုတ်ချင်းကို မှာယူသည့်ပမာဏ နှင့် ပို့ကုန်ပမာဏမှာ ထပ်တူကျလျက်ရှိပါတယ်။ ဒါပေမယ့်အဓိကပြသနာကတော့ ပို့ဆောင်ရေးဖို့ ကွန်တိန်နာ ရှားပါးနေခြင်းဖြစ်ပါတယ်။

 

အထူးသဖြင့် အအေးပေး ကွန်တိန်နာတွေက ရှားပါးနေတယ်။ တရုတ်မှဥရောပသို့ ဂျင်းတင်ပို့မှုသည် ပုံမှန်အားဖြင့် ကွန်တိန်နာတစ်လုံးကို အမေရိကန် ဒေါ်လာ ၂,၀၀၀ ၀န်းကျင်ရှိပါတယ်။ အခုတလောမှာတော့ ကွန်တိန်နာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၉,၀၀၀ ၀န်းကျင်အထိ မြင့်တက်နေခဲ့ပါတယ်။ အဲဒါက မူလဈေးနှုန်းထက် လေးဆနီးပါးရှိတယ်" ဟုမန်နေဂျာ Chen ကပြောကြားခဲ့သည်။

 

ထို့အပြင်ပြီးခဲ့သည့် ရာသီ၏သိုလှောင်မှု ပမာဏမှာ အလွန်နည်းပါးပြီး စျေးကွက်၀ယ်လိုအားက ရောင်းလိုအားထက် ကျော်လွန်နေသဖြင့်စျေးနှုန်းများမြင့်တက်နေသည်။ ချင်းဈေးသည် ယခင်နှစ်ကထက် ၂၀% နီးပါးမြင့်တက်နေသည်။ နယ်သာလန်သို့ တရုတ်ချင်းတင်ပို့မှုမှာ တစ်တန်လျှင် ဒေါ်လာ ၂,၃၀၀ ဖြစ်သည်။ ဥရောပစျေးကွက်အတွက် ချင်းတင်ပို့ဈေးက ပြီးခဲ့တဲ့နှစ်ကထက် ၄၀ ရာခိုင်နှုန်း ပိုများနေသည်။ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလမှစပြီး ချင်းပို့ကုန်ပမာဏ လျင်မြန်စွာတိုးချဲ့ခဲ့သည်။

 

ဤမြင့်တက်ရခြင်း၏အဓိကအကြောင်းရင်းမှာ Covid-19 ဖြစ်ပွားမှုအတွင်း ဟင်းသီးဟင်းရွက်များကို ရွေးချယ် စားကြသည့် စားသုံးသူဝယ်လိုအားကို လှုံ့ဆော်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့သော် ပို့ဆောင်ကုန်ကျစရိတ်များပြားလာခြင်းကြောင့် အခြာချင်းတင်ပို့သည့်နိုင်ငံများနှင့်ယှဉ်ပြိုင်ရန် ပိုမိုဖိအားပေးလာကြောင်း မန်နေဂျာ Chen ကပြောကြားခဲ့သည်။ ရေကြောင်းပို့ဆောင်စရိတ်မြင့်မားသောကြောင့် ပြည်ပမှ ၀ယ်ယူသူအချို့သည် တရုတ်ထက် ပီရူးမှ ချင်းတင်ပို့မှု့ကို ရွေးချယ်လာကြသည်။

 

သို့သော်ပီရူးနိုင်ငံ၏ထုတ်လုပ်မှု ပမာဏသည် တရုတ်ထက်များစွာ နည်းပါးသည်။ Covid-19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန်ရုန်းကန်နေရဆဲဖြစ်သည့် ပီရူးက အပြိုင်အဆိုင် ရှိနေသော်လည်း တရုတ်ချင်းတင်ပို့မှုကို အမှန်တကယ်ခြိမ်းခြောက်မှုမရှိနိုင်ပါ။ တရုတ်ချင်းစျေးကွက်၏ အနာဂတ်အလားအလာနှင့် စပ်လျဉ်း၍ မန်နေဂျာ Chen က "ယခုနှစ်တွင် ထုတ်လုပ်မှုပမာဏများပြားသော်လည်း ရာသီဥတု အခြေအနေမှာမူ သိပ်မကောင်းမွန်ခဲ့ဘူး။ ပြီးတော့ ချင်းက အစိုဓာတ် ထိန်းထားတာ အရမ်းများနေလို့ ထုတ်ကုန်အရည်အသွေးကျဆင်းခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

 

ချင်းပျိုးပင်အသစ်များကို မတ်လတွင်စိုက်မည်ဖြစ်ကြောင်းသိရသည်။ ချင်းစိုက်ခင်းများနှင့် သက်ဆိုင်သည့် ဧရိယာသည် သိသိသာသာကျယ်ပြန့်နိုင်သည်။ အကြောင်းမှာ ချင်းစျေးနှုန်းမြင့်တက်နေတာ နှစ်နှစ်ရှိပြီဖြစ်သည်။ လယ်သမားများသည် လာမည့်ရာသီနှင့် ပတ်သက်၍ ချင်းထုတ်လုပ်မှုပမာဏ တိုးချဲ့ရန်နှင့် အမြတ်တိုးရရန် စိတ်အားထက်သန်နေကြသည်။

 

Ref: freshplaza.com

Read times
Rate this item
(0 votes)