Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ပို့ကုန် မြေပဲ နှမ်းစျေးတွေ ဆက်တိုက်ကျ

တရုတ်ပို့ကုန်ဖြစ်တဲ့ မြေပဲဆံနဲ့ နှမ်းတွေ ရက်ပိုင်းအတွင်း ဈေးကျလာသလို ပြည်တွင်း အရောင်းအဝယ်ပါ ထက်ဝက် ကျဆင်းသွားတယ်လို့

မန္တလေးမြို့ ပဲနှမ်း ကုန်သည်နဲ့ ဆီစက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

"ငါးဆယ် ရာခိုင်နူန်းလောက် အရောင်းအဝယ်ကျတာ။ ပြည်တွင်း ဆီစက်တွေကလည်း ကိုဗစ်နဲ့ နပန်းလုံးနေရတာ။ မလုပ်နိုင်ကြဘူး။ တရုတ်က ပိတ်။ မြေပဲဆံလည်း မဝယ်။ နှမ်းလည်း မဝယ်။ ဈေးတွေက တအားကျ"လို့ မန္တလေးမြို့ ပဲ၊ နှမ်း ကုန်သည်တစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၈ရက်နေ့က စပြီး တရုတ်နယ်စပ်ကုန်သွယ်မှုမှာ ကုန်စည်စီးဆင်းမှုကို ကန့်သတ်ပိတ်လိုက်တာကြောင့် တရုတ်ဘက်ကို တင်ပို့တဲ့ကုန်တွေဖြစ်တဲ့ ပဲ နှမ်း စျေးကွက် ရောင်းဝယ်တာတွေ ရပ်တန့်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ တရုတ်ဝယ်လက် တင်ပို့ကုန် မြေပဲ၊ နှမ်းတွေ တဖြည်းဖြည်း ဈေးကျရာမှ စက်တင်ဘာလဆန်းမှာ မြေပဲဆံ တစ်ပိဿာဟာ ကျပ် ၂၆၅၀ ဖြစ်ခဲ့ပါတယ်။

အရင် တရုတ်ဝယ်လက်ရှိစဉ်က မြေပဲဆံ တစ်ပိဿာဟာ ကျပ် ၃၃၀၀ ဈေးရှိခဲ့ပါတယ်။ နှမ်း( အညို၊ အနက်၊ အဖြူ)ကုန်တွေလည်း တရုတ်ဝယ်လက် ရှိစဉ်ကထက် သုံးတင်းဝင် တစ်အိတ်ကို ကျပ် ငါးသောင်းကျော်၊ ခုနှစ်သောင်းကျော်ထိ ဈေးပြုတ်ကျခဲ့တယ်လို့ ပဲနှမ်းကုန်သည်တွေကနေ သိရပါတယ်။

ပြည်တွင်းငွေဈေးတွေ ကျဆင်းနေပြီး ပဲနှမ်းအသစ်ရာသီပေါ်ချိန်ရောက်လာလို့ တရုတ်နယ်စပ် ကုန်စည်လမ်းကြောင်း မဖွင့်ရင် တရုတ်ပို့ကုန် ပဲတွေ နှမ်းတွေ အရောင်းအဝယ် မဖြစ်သလို ဈေးကွက်လည်း ကျဆင်းနိုင်လို့ တောင်သူတွေအတွက် အခက်ခဲတွေဖြစ်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

BBC

Read times
Rate this item
(0 votes)