Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဘက်က ပိတ်ထားလို့ နယ်စပ်ရောက် လယ်ယာထွက်ကုန် ရရာစျေးနဲ့ ရောင်းရ

နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာ နှစ်လနီးပါးကြာလာတဲ့အတွက်

နယ်စပ်ကို ရောက်နေတဲ့ ဆန်နဲ့ဆန်ကွဲတွေဟာ ပျက်ဆီးစပြုလာနေပြီလို့ ကုန်သည်တွေက ပြောပါတယ်။

ဒါကြောင့် ကုန်သည်တချို့ဟာ ဆန်နဲ ဆန်ကွဲတွေကို မန္တလေးကို ပြန်လည်သယ်ယူနေရတယ်လို့ မန္တလေးအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မူဆယ် နယ်စပ်ဂိတ်တခုထဲမှာကို ပိတ်မိနေတဲ့ ဆန်နဲ့ဆန်ကွဲအိတ်ရေ သိန်းချီရှိနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းပြောဆိုပါတယ်။

ဆန်နဲ့ဆန်ကွဲလို တန်ဖိုးမြင့်တဲ့ကုန်တွေကို မန္တလေးဘက်ပြန်သယ်တာ၊ ဂိုဒေါင်ထဲထည့်သိုလှောင်တာတွေ လုပ်ပေမဲ့ ကြက်သွန်နီတွေကိုတော့ ကုန်သည်တွေက ကားခမပေးနိုင်တဲ့အတွက် ကားဆရာတွေက ရရာဈေးနဲ့ရောင်းနေရတယ်လို့ ကားဆရာတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုများတဲ့ ဇူလိုင်လဆန်းကစလို့ တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေးတွေကို ပိတ်လိုက်တဲ့အတွက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဟာ ရပ်တန့်ခဲ့တာပါ။

ကုန်သွယ်မှုဟာ ပုံမှန်ဆိုရင် နေ့စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်း ရှိသလို မြန်မာနိုင်ငံကထွက်တဲ့ လယ်ယာထွက်ကုန်တွေကို အဓိက တင်ပို့နေရတဲ့ ကုန်သွယ်ရေး စခန်းတွေလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရုတ်အစိုးရအနေနဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးကို ခြောက်လလောက် ပိတ်ထားနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားတဲ့အတွက် မကြာခင်ပေါ်ထွက်လာမယ့် လယ်ယာထွက်ကုန်ဈေးကွက်ဟာ ထိခိုက်မှုများ မှာဖြစ်တယ်လို့ ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။

 

BBC

Read times
Rate this item
(0 votes)