Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တိုင်ဝမ်မှာ ငှက်ပျောဈေးကွက် ပျက်

တိုင်ဝမ်မှာ ငှက်ပျောဈေးကွက် ပျက်

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

တိုင်ဝမ်ငှက်ပျောကို အဓိကအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့သည်။ ယမန်နှစ်က တရုတ်ပြည်တွင်း ဈေးကွက်ထဲမှာ ထိုင်ဝမ်ငှက်ပျော ဈေးကွက်အ‌ခြေအနေကောင်းမွန်ခဲ့ပြီး ပင်ရင်းဈေးနှုန်း တစ်ကီလိုလျှင် ၆ ယွမ် အထိ ရှိခဲ့သည်။ အဝယ်လိုက်သည်။ လိုသလောက် မရသည်အထိ ရောင်းအားကောင်းခဲ့သည်။ ယခုနှစ်တွင် တိုင်ဝမ်ငှက်ပျောတင်သွင်းခွင့်ကို ပိတ်ပင်ထားသည်။ တိုင်ဝမ်မှာ မရောင်းရသည့် ငှက်ပျောများ တောင်ပုံရာပုံ ဖြစ်ကုန်သည်။ 

 

ပထမတစ်ချက်မှာ ရာသီဥတု ဖြစ်သည်။ ရာသီဥတုကြောင့် ယခင်နှစ်ထက် ယခုနှစ်တွင် ပိုစောပြီး မှည့်သည်။ တိုင်ဝမ်မှာ ပူအိုက်သည့် ရာသီဥတု ဖြစ်နေသဖြင့် ငှက်ပျောများ အမှည့်မြန်နေပြီး ကြာကြာ အထားမခံ။ သို့ဖြစ်ရာ မြန်မြန်ရောင်းထွက်အောင် ဈေးချပြီး ရောင်းကြရသည်။ 

 

နောက်တစ်ချက်မှာ ယခုနှစ်စတွင် ငှက်ပျောသီးဈေးနှုန်းများ အလွန်မြင့်မားနေခဲ့သည်။ ယခင်နှစ်ထက် ပိုမြင့်နေသည်။ သို့ဖြစ်ရာ ငှက်ပျောဈေး ကောင်းနေသဖြင့် ယခုနှစ်တွင် ငှက်ပျောစိုက်သူ ပိုများခဲ့ပြီး စိုက်ပျိုးဧရိယာ ပိုများခဲ့သည်။ သို့ဖြစ်ရာ ငှက်ပျောသီး ထွက်ရှိသည့် ပမာဏလည်း မြင့်တက်သည်။ 

 

တတိယအချက်မှာ တရုတ်အစိုးရက တိုင်ဝမ်ငှက်ပျောတင်သွင်းခွင့်ကို အကြောင်းပြချက် မပေးဘဲ ပိတ်ချလိုက်သည်။  တရုတ်ပြည်တွင်း ဈေးကွက်အတွက် အရှေ့တောင် အာရှနိုင်ငံများမှာ ငှက်ပျောသီးများကို တင်သွင်းခဲ့ကြရသည်။ 

 

မကြာသေးမီက တိုင်ဝမ်တွင် ငှက်ပျောသီးများ မရောင်းရသဖြင့်  ဈေးထိုးကျသည်။ ထရပ်ကားတစ်စီး အပြည့်ကို  NT$1,000  (ယွမ် ၂၀၀ ခန့်) ဖြင့် ရောင်းချကြသည်။ သို့တိုင် ရောင်းမကုန်သည့် ငှက်ပျောသီး အများအပြား ကျန်နေဆဲ ဖြစ်သည်။ ဝက်စာကျွေးရန် ပေးပို့ခဲ့ကြသည်။ 

 

ထို့ပြင် အရည်အသွေး နိမ့်ကျသောငှက်ပျောသီး အများအပြား ရှိနေပြီး  ဈေးကွက်ထဲမှာ  စိတ်ဝင်စားသူ မရှိပေ။

ငှက်ပျောစိုက်ခင်း ရှိသည့် နေရာဒေသများတွင် ပင်ရင်းဈေးနှုန်းသည် တစ်ကီလို NT$20-30 မျှသာ ရှိသည်။ အရည်အသွေး ညံ့သည့် ငှက်ပျောများသည် တစ်ကီလို NT$3-4  ( ၁ ယွမ်အောက်) သာ ရှိသည်။ 

 

ကောင်ရွှန်းမှ ထွက်သော ငှက်ပျောသီးများကို အသွားအပြန် ခရီးတာ ၁၀ ကီလိုမီတာဈေးသော နေရာရှိ ထုပ်ပိုးစက်ရုံသို့ ပေးပို့ပြီး ရောင်းချသည့်အခါ ငှက်ပျောသီး ကီလိုဂရမ် ၂၀ ဝန်းကျင် ပါသည့် ဂျပ်ဖာတစ်ဖာလျှင် (စရိတ်စကများ နုတ်ပယ်ပြီးသောအခါ) လွန်ရောကျွံရော NT$40 မျှသာ အမြတ်ရသည်။ တိုင်ဝမ်အစိုးရ၏ စိုက်ပျိုးရေးနှင့် သီးနှံဌာနက တောင်သူများကို ထောက်ကူပေးသည့် အနေဖြင့် တစ်ကီလိုကို NT$5 ပေးပြီး ဝယ်သည်။ ထို့နောက် ဝက်စာအဖြစ် ပေးပို့သည်။ သိုဖြစ်ရာ ဂျပ်ဖာတစ်ဖာစာ ငှက်ပျောသီး ကီလိုဂရမ် ၂၀ ဝန်းကျင်အတွက် NT$100 ဝန်းကျင် ရရှိနေသဖြင့်  ထုပ်ပိုးပြီး ရောင်းချသည်ထက် ပိုရသောကြောင့် ဝက်စာအဖြစ်သာ ငှက်ပျောသီးများကို ရောင်းချကြသည်။ 

Source: Fresh Legends

#FoodIndustryGuide

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

Read times
Rate this item
(0 votes)