Chinese



တရုတ်ရေချိုငါးအမျိုးမျိုး မြန်မာနိုင်ငံသို့ တင်ပို့

တရုတ်ရေချိုငါးအမျိုးမျိုး မြန်မာနိုင်ငံသို့ တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မကြာသေးမီက စီစွမ်ဘန်နာ Xishuangbanna အကောက်ခွန်နယ်မြေရှိ လုပ်ငန်းတစ်ခုမှ မွေးမြူထားသည့် မြက်ငါးကြင်း၊ တီလားပီးယားနှင့် ငွေငါးကြင်းများကို သီးသန့်စစ်ဆေးခြင်းမှ အောင်မြင်ခဲ့ပြီး နန်ဆန်ဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာ တင်ပို့နိုင်ခဲ့သည်။ 

 

photo_2023-03-22_18-14-52.jpg

 

စီစွမ်ဘန်နာအကောက်ခွန်မှ  ပထမဆုံး အရည်အချင်းပြည့်မီ စစ်ဆးအောင်မြင်သော ရေမွေးမြူရေးထွက်ကုန်လုပ်ငန်း ကုမ္ပဏီမှ  ပုံမှန်ကုန်သွယ်နည်းဖြင့် တင်ပို့ခြင်းဖြစ်ပြီး ငါးတန်ချိန်  စုစုပေါင်း  ၂ ဒသမ ၇ တန်ရှိပြီး တန်ဖိုးငွေ ယွမ် ၄၇,၁၀ဝ ဖိုး ရှိပါသည်။

 

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ တင်ပို့သည့် အလတ်စားငါး လိုအပ်ချက် အများအပြား ရှိနေကြောင်း နှင့် မွေးမြူရေး ကုမ္ပဏီမှ ယခုနှစ်တွင် မွေးမြူရေးလုပ်ငန်းအတွက် ငါးသားပေါက် တန် ၁၀၀ ကျော် တင်ပို့ရန် မျှော်မှန်းထားကြောင်း သိရသည်။

Source m.yunnan.cn

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Wednesday, 22 March 2023 18:23
Rate this item
(0 votes)