Chinese



ထိုင်ဝမ်က စင်ကာပူဝက်သားထုတ်ကုန်တွေအပေါ် ဒဏ်ကြေးတိုးမြှင့်

ထိုင်ဝမ်က စင်ကာပူဝက်သားထုတ်ကုန်တွေအပေါ် ဒဏ်ကြေးတိုးမြှင့်

TO GET INSTANT UPDATE

Join Telegram Channel
https://t.me/Guid4U

 

ထိုင်ဝမ်က စင်ကာပူဝက်သားထုတ်ကုန်တွေအပေါ် ဒဏ်ကြေး တိုးမြှင့်သတ်မှတ်လိုက်ပါသည်။

စင်ကာပူနိုင်ငံသည် အာရှတွင်အာဖရိကဝက်တုပ်ကွေး အပြင်းဖျားရောဂါ African swine fever ကူးစက်ခံရသည့် ၁၇ ခုမြောက် နိုင်ငံဖြစ်လာသဖြင့် ထိုင်ဝမ်က စင်ကာပူနိုင်ငံမှ တင်သွင်းလာသော ဝက်သားထုတ်ကုန်များအပေါ် ဒဏ်ငွေတိုးမြှင့်လိုက်ပါသည်။

စင်ကာပူနိုင်ငံသည် တောဝက်အသေကောင်တွင် ၎င်းဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပြီး World Organization for Animal Health ထံသို့ အကြောင်းကြား သတင်းပေးပို့ခဲ့သည်။

အာဖရိကဝက်တုပ်ကွေး အပြင်းဖျားရောဂါသည် အာရှတိုက်တွင် ပျံ့နှံ့နေဆဲဖြစ်ကြောင်း အဆိုပါအဖြစ်အပျက်က သက်သေထူနေသည်။

ထိုင်ဝမ်သည် စင်ကာပူအပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံးကို ၂၀၁၉ ခုနှစ်ကတည်းက အာဖရိကဝက်တုပ်ကွေး အပြင်းဖျားရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသောနိုင်ငံများအဖြစ် စာရင်းသွင်းခဲ့သည်။

 

Han Myanmar Construction Co

 

၎င်းနိုင်ငံများမှ ဝက်သားထွက်ကုန်များကို တင်သွင်းခြင်း မပြုရန် တားမြစ်ထားပါသည်။
၎င်းနိုင်ငံများမှ ဝက်သားထွက်ကုန်ကို ယူဆောင်လာပါက ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်သည်။ စင်ကာပူနိုင်ငံမှ ဝက်သားထွက်ကုန် ယူဆောင်လာပါက ထိုင်ဝမ်ဒေါ်လာသစ် ၁၀,၀၀၀(US$332) ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်သည်။ အာဖရိကဝက်တုပ်ကွေး အပြင်းဖျားရောဂါ ဖြစ်ပွားမှုအသစ် စင်ကာပူတွင် တွေ့ရှိခဲ့ပြီးနောက်

စင်ကာပူမှ ဝက်သားထွက်ကုန်များ ယူဆောင်လာပါက ပေးဆောင်ရမည့် ဒဏ်ငွေကို ပထမအကြိမ်အတွက် ထိုင်ဝမ်ဒေါ်လာသစ် ၂၀၀,၀၀၀ အထိ တိုးမြှင့်လိုက်ပါသည်။ ထပ်မံကျုးလွန်ပါက တစ်ကြိမ်ကျူးလွန်တိုင်း ထိုင်ဝမ်ဒေါ်လာသစ် ၁ သန်း ပေးဆောင်ရန် သတ်မှတ်ထားပါသည်။
စင်ကာပူ ဝက်သားထွက်ကုန်ကို တင်သွင်းလျှင်လည်း အလားတူ ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်သည်။

ဗိုင်းရပ်စ်က လူကို ဒုက္ခမပေးပါ။ သို့သော် ဝက်ကို ကူးစက်ပါက ဝက်သေဆုံးနိုင်ပါသည်။ နိုင်ငံ၏ ဝက်မွေးမြူရေးကဏ္ဍတစ်ခုလုံး ပျက်သုန်းသည်အထိ ဖြစ်ပွားစေနိုင်ပါသည်။

 

Source taipeitimes

TO GET INSTANT UPDATE

Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 21 February 2023 10:53
Rate this item
(0 votes)