Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ခြေထောက်ပေါင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်၍စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကြက်ခြေထောက်ပေါင်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်ခြေထောက်၊ ကြက်သွန်နီ၊ ပဲအနှစ်အမဲ၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆော့၊ ဆာကေး၊ ငရုတ်သီးအနှစ်၊ သကြား၊ ဆီ၊ ချင်း၊ နာနတ်ပွင့်၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကြက်ခြေထောက်ကို ရေဖြင့်ဆေးကြောပြီး သန့်စင်ထားပါ။

 

ပြီးလျှင် ကြက်ခြေထောက်များကို သကြားဖြင့် သမအောင်ရောနယ်ပေးပြီး ဒယ်ထဲ ဆီထည့်ပြီး အညိုရောင်ရသည်အထိ ကြော်ပေးပါ။

 

ကြက်ခြေထောက်များ ကြော်ပြီးပြီဆိုရင် ရေအေးထည့်ထားသော ခွက်ထဲသို့ ဆယ်ပြီး တစ်နာရီခန့် စိမ်ထားရပါမယ်။

 

ပြီးနောက် ဒယ်အိုးတစ်ခုထဲ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ ရေဆူလာလျှင် ကြက်ခြေထောက်၊ ချင်း၊ နတ်နတ်ပွင့် တို့ထည့်၍ မီးအေးအေးဖြင့် တည်ထားပါ။

 

ပြီးရင်တော့ ကြက်ခြေထောက်များ ပြန်ဆယ်ထားပြီး ကြက်သွန်ဖြူ၊ ပဲအနှစ်အမဲ၊ ခရုဆီ၊ ဆော့၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ငရုတ်သီးအနှစ်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့်သမအောင် ရောနယ်ပြီး ရေခဲသေတ္တာ ထဲတွင် ညသိပ်ထားပေးရပါမယ်။

 

နောက်တစ်နေ့မနက် စားခါနီး ရေခဲသေတ္တာထဲမှ ထုတ်၍ ပေါင်းအိုးဖြင့် ကြက်ခြေထောက်များ အရမ်းနူအိသည်အထိ နာရီဝက်ကျော်ကြာအောင် ပေါင်းအိုးဖြင့် ပေါင်းပေးပါ။

 

ပြီးလျှင်တော့ အရသာအရမ်းရှိတဲ့ ကြက်ခြေထောက်ပေါင်းကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:07
Rate this item
(4 votes)