Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်-မြန်မာနယ်ခြား လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီး ကြံနှင့် တစ်သျှူးငှက်ပျော တင်ပို့မှု စတင်

တရုတ်-မြန်မာ နယ်ခြား လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီး ကြံနှင့် တစ်သျှူးငှက်ပျော တင်ပို့မှု စတင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြိုရှိ တရုတ်−မြန်မာ နယ်စပ်ဂိတ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လလယ်လောက်မှ စတင်ပြီး ကိုဗစ်−၁၉ ရောဂါကြောင့် နှစ်နိုင်ငံကုန်သွယ်မှုကို တရုတ်နိုင်ငံဘက်မှ (၆)လခန့် ရပ်နားထားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နံနက်တွင် နယ်စပ်ဂိတ်ကို ဖွင့်လှစ်ကာ ကုန်သွယ်မှုစတင်ခဲ့သည်ဟု သိရသည်။

ယင်းသို နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံမှ တာဝန်ရှိသူများက On Line ဖြင့် (၃)ကြိမ် ဆွေးနွေးခဲ့ပြီး ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ယခုလို ကုန်သွယ်မှုစတင် ဆောင်ရွက်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဘက်မှ ကြံနှင့် တစ်သျှူးငှက်ပျောတို့ကို စမ်းသပ်ကာလတွင် တင်ပို့မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဂိတ်ပိတ်စဉ်က နှစ်နိုင်ငံအတွင်း ပိတ်မိနေသော ကားများကို အရေအတွက်တူညီစွာ ဦးစားပေး ဆောင်ရွက်မည်ဖြစ်သည်။

တရုတ်နိုင်ငံဘက်မှ ဓာတ်မြေသြဇာ၊ အထည်လိပ်နှင့် အိမ်သုံးပစ္စည်းမျိုးမျိုးတို့ကို တင်သွင်းမည်ဟု သိရသည်။

နှစ်နိုင်ငံသဘောတူညီချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှုအနေဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကုန်တင်ကုန်ချ အလုပ်သမားများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကိုသာ ခွင့်ပြုမည်ဟု သိရပါသည်။

Read times
Rate this item
(0 votes)