Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သား ဟမ်ဘာဂါ

Unicode

 

ဝက်သား ဟမ်ဘာဂါ


ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်ဝယ်စားစရာမလိုဘဲ အိမ်တွင် ကလေးများအကြိုက် ပြုလုပ်ပေးနိုင်တဲ့ ဝက်သား ဟမ်ဘာဂါ လုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဝက်သား၊ ဟမ်ဘာဂါပေါင်မုန့်၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ချိစ်၊ ကြက်ဥ၊ ဆလပ်ရွက်၊ ထောပတ်၊ မရောနိစ်၊ ဆား တို့လိုအပ်ပါမယ်။

 

Biscuits, Crackers & Cookies ဘီစကစ်၊ ဘီစကစ်ပွကြွပ်နှင့်ကွတ်ကီးလုပ်ငန်းပေါင်း ၆၄ ခုကိုရှာရန်နှိပ်ပါ။

 

ဝက်သားကို ရေဆေးသန့်စင်ပြီး  နုပ်နုပ်စင်းထားပါ။

 

ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ပြီးရင် ထောပတ် ၁ဇွန်းကို ဒယ်အိုးထဲထည့်ပြီး ဒယ်အိုးမှာ ထောပတ်ဆီတွေ နှံ့သွားအောင် မွှေပေးပါ။

 

နုတ်နုတ်စဉ်းထားတဲ့ ဝက်သားကို အပြားလိုက်ဖြစ်အောင် လုပ်ပြီး ဒယ်အိုးထဲမှာ ထည့်ကြော်ပါ။

 

Read More >>>>>    ပျားရည်နဲ့ ကြက်ကင်လေး အိမ်တွင် လုပ်စားရအောင်

 

ကြက်ဥကို အဝိုင်းလိုက်လေးဖြစ်အောင် ပုံစံခွက်ထဲထည့်ပြီး ကြော်ပေးပါ။

 

ဟမ်ဘာဂါလုပ်တဲ့ ပေါင်မုန့်ကို တစ်ဝက်ပိုင်းလိုက်ပါ။ ပြီးနောက် ပေါင်မုန့်ကို ထောပတ်သုတ်ပါ။ ဝက်သားပြားကိုထည့်၊ ချိစ်ထည့်၊ သခွားသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ပါ။

 

ပြီးလျှင်ဆလပ်ရွက်ထည့်ပါ။ ပြီနောက် ကြက်ဥကြော် ထည့်ပြီးလျှင်တော့ အရသာရှိတဲ့ ဝက်သားဟမ်ဘာဂါကို အသင့်သုံးဆောင်နိုင်ပါပြီ။

 

#Myanmar Food Industry Directory (WWH)

 

 

 

ဝက္သား ဟမ္ဘာဂါ

 


 


 

Biscuits, Crackers & Cookies ဘီစကစ်၊ ဘီစကစ်ပွကြွပ်နှင့်ကွတ်ကီးလုပ်ငန်းပေါင်း ၆၄ ခုကိုရှာရန်နှိပ်ပါ။

 


 


 


 

Read More >>>>>    ပျားရည်နဲ့ ကြက်ကင်လေး အိမ်တွင် လုပ်စားရအောင်

 


 


 


 


Read times Last modified on Tuesday, 18 February 2020 17:33
Rate this item
(1 Vote)