Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


သစ်သီးရထားများ ချန်ဒူးနှင့် ချုံကင်းသို့ ဆိုက်ရောက်

သစ်သီးရထားများ ချန်ဒူးနှင့် ချုံကင်းသို့ ဆိုက်ရောက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

သစ်သီးရထားများသည် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ ဆိုက်ရောက်လာကြသည်။ 

.

သစ်သီးဝလံများ တင်ဆောင်ထားသည့် ရထားတစ်စီးသည် တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် စီချွမ်ပြည်နယ် မြို့တော် ချန်ဒူးသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိခဲ့သည်။

အခြားမီးရထားတစ်စီးသည် ကြာသပတေးနေ့တွင် ချုံကင်းမြို့သို့ ရောက်ရှိခဲ့သည်။

ထူးခြားချက်မှာ ပြည်ပမှ တင်သွင်းသော သစ်သီးဝလံများကို ရထားလမ်းမှ တစ်ဆင့် မြို့နှစ်မြို့သို့ ပထမဆုံး တိုက်ရိုက်တင်ပို့ခြင်း ဖြစ်သည်။

.

အအေးပေး ကွန်တိန်နာ ၂၅ လုံးစီ တင်ဆောင်ထားသည့် ရထားနှစ်စင်းတွင် ထိုင်းနှင့် လာအိုနိုင်ငံတို့မှ ကနစိုသီးများနှင့် ငှက်ပျောသီးများ အပါအဝင် သစ်သီးဝလံ တန်ချိန် ၁,၃၀၀ ကျော်ကို သယ်ဆောင်လာကြသည်။

.

ချန်ဒူးသို့ ဆိုက်ရောက်လာသည့် ရထားသည် ၄ ရက်ကြာ ခရီးနှင်ခဲ့ပြီး ချုံကင်းသို့ ဆိုက်ရောက်လာသည့် ရထားသည် ၆ ရက်ကြာ ခရီးနှင်ခဲ့သည်။ တရုတ်နိုင်ငံမှ သစ်သီးဝလံ ဖြန့်ဖြူးသူများ အချိန်နှင့် ပို့ဆောင်စရိတ် သက်သာမှု ရရှိကြသည်။

.

"ယခုတစ်ကြိမ် ချန်ဒူးသို့ ကနစိုသီး ကွန်တိန်နာ ၂၅ လုံး တင်သွင်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်သွင်းရင် ပုံမှန်အားဖြင့် ၁၀ ရက် ကြာပါတယ်။ လာအို-တရုတ် ရထားလမ်းကြောင်း အချိန်လည်း သက်သာပါတယ်။ ကုန်ကျစရိတ်လည်း သက်သာပါတယ်။ ၃၀% လောက် သက်သာသွားပါတယ်။ အသီးတွေရဲ့ လတ်ဆတ်မှုလည်း ပိုကောင်းပါတယ်" ဟု Chongqing Jinguoyuan Industrial Co Ltd မှ အမှုဆောင်ဒါရိုက်တာ Ai Zhonghua က ပြောကြားသည်။

Chongqing Jinguoyuan Industrial Co Ltd သည် ယမန်နှစ်က ကနစိုသီး တန်ချိန် ၇ သောင်းကို ထိုင်းနိုင်ငံမှ တင်သွင်းခဲ့သည်။

.

သစ်သီးဝလံ ဖြန့်ဖြူးရေးလုပ်ငန်း  Chongqing Hongjiu Fruit Co Ltd က ကွန်တိန်နာ အလုံး ၂၀ ဖြင့် ကနစိုသီးများ တင်သွင်းသည်။ ကွန်တိန်နာ ၅ လုံးဖြင့် ငှက်ပျောသီးများ တင်သွင်းသည်။ 

တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်လည်ပတ်ခဲ့သည်။ ယခုအခါ နှစ်ပတ်လည်ခဲ့ပြီ ဖြစ်သည်။ ၎င်းရထားလမ်းသည် အရှည် ကီလိုမီတာ ၁,၀၀၀ ကျော် ရှိပြီး ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းတို့ကို ဆက်သွယ်ထားသည်။

Source chinadaily

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 13 December 2022 20:49
Rate this item
(0 votes)