Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းသီး၊ လိမ္မော်သီးများ တရုတ်နိုင်ငံမှ တင်သွင်းနေသော်လည်း ပြည်တွင်းဈေးမြင့်တက်လျက်ရှိ

ပန်းသီး၊ လိမ္မော်သီးများ တရုတ်နိုင်ငံမှ တင်သွင်းနေသော်လည်း ပြည်တွင်းဈေးမြင့်တက်လျက်ရှိ

ယခုနှစ် ပြည်တွင်း၌ ပန်းသီးလိမ္မော်သီးများ နိုဝင်ဘာ ရာသီပေါ် ထွက်ပေါ်ချိန်တွင် တရုတ်နိုင်ငံမှ ပန်းသီးလိမ္မော်သီးများ တင်သွင်းလာသော်လည်း လတ်တလောတွင် ပြည်တွင်းပန်းသီးလိမ္မော်သီးများ၏ ဈေးနှုန်းများ ယခင်နှစ်ကထက် မြင့်တက်‌နေသည်။

ကချင်ပြည်နယ် ကန်ပိုက်တီ နယ်စပ်ဂိတ်က နိုဝင်ဘာလဝက်အထိ ပန်းသီး ၂၁ ဒသမ ၃ တန် နှင့် လိမ္မော်သီး ၄၁ တန် စုစုပေါင်း ၆၂ ဒသမ ၃ တန်တင်သွင်းလာသော်လည်း ပြည်တွင်း ဈေးကွက်တွင် စားသုံးသူများ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)ထွက် ပေါ်ဦးပေါ်ဖျား လိမ္မော်သီးများ ဈေးကောင်းရနေသည်။

ထို့ပြင် ပန်းသီးဈေးနှုန်းမှာ ယခင်ထက် လေးဆခန့် မြင့်တက် သွားရာ ပန်းသီးတစ်ဖာလျှင် ငွေကျပ် တစ်သိန်းကျော်အထိရှိ နေပြီး လက်လီဈေးမှာ တစ်လုံးလျှင် ကျပ် ၁၂၀၀ ခန့်အထိ မြင့်တက်နေသည်။

ယခင်နှစ်က လိမ္မော်သီး အသေးတစ်ပိဿာ ၁၄၀၀ ကျပ်၊ အကြီး တစ်ပိဿာ ၇၅၀၀ ကျပ်သာ ဈေးရှိသော်လည်း ယခုနှစ် တွင် လိမ္မော်သီးအသေး တစ် အကြီးတစ်ပိဿာ ၁၅၀၀ ကျပ်၊ ပိဿာ ၄၀၀၀ ကျပ်အထိ ဈေးမြင့်နေသည်။
ရင်းမြစ် (မြို့တော်သတင်း)

Read times Last modified on Saturday, 03 December 2022 20:55
Rate this item
(0 votes)