Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ် ရွှေလီအကောက်ခွန်ဌာနက ကြံတင်သွင်းမှုအတွက် ချောမွေ့စွာ အကောက်ခွန်ရှင်းလင်းနိုင်ရန် အစွမ်းကုန်ဆောင်ရွက်လျက်ရှိ

တရုတ် ရွှေလီအကောက်ခွန်ဌာနက ကြံတင်သွင်းမှုအတွက် ချောမွေ့စွာ အကောက်ခွန်ရှင်းလင်းနိုင်ရန် အစွမ်းကုန်ဆောင်ရွက်လျက်ရှိ

 

ဧပြီလ အစပိုင်းတွင် ရွှေလီမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ်လာသည်နှင့်အမျှ ရွှေလီအကောက်ခွန်ဌာနသည် နယ်စပ်ဂိတ်ပေါက်များတွင် ကုန်စည်ပို့ဆောင်ရေးနှင့် အကောက်ခွန်ရှင်းလင်းရေး ပုံမှန်ပြန်ဖြစ်ရန်နှင့် ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်ရန် အဓိက တာဝန်အနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 

 

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ လေယွီလမ်းကြောင်း၏ အခြေခံအဆောက်အအုံနှင့် ကြီးကြပ်ရေးလုပ်ငန်းခွင်နေရာများ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုအခြေခံအဆောက်အအုံ တည်ဆောက်ရေးအခြေအနေများကို အကြိမ်ပေါင်းများစွာ ကွင်းဆင်းလေ့လာစူးစမ်းခဲ့ပါသည်။ 

 

284485257_5188841054487445_3083841231317356391_n.jpg

 

လေယွီလမ်းကြောင်းသည် ကြံတင်သွင်းမှုကို ပုံမှန်ပြန်ဖြစ်ရေးကို တရားဝင် ဆောင်ရွက်ပြီးနောက် ရွှေလီအကောက်ခွန်ဌာနသည် အထူးပြတင်းပေါက်နှင့် အစိမ်းရောင်လမ်းကြောင်းကို ဖွင့်လှစ်ထားပြီး ပိုးမွှားရောဂါ ချက်ချင်းစစ်ဆေးခြင်းပုံစံကို ကျင့်သုံးကာ စစ်ဆေးပြီးမှ ခွင့်ပြုပေးခြင်းကို အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။ 

 လေယွီလမ်းကြောင်းမှတစ်ဆင့် ကြံတင်သွင်းမှုအား ချောမွေ့စေရန် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါသည်။ 

မေလ ၂၄ ရက်နေ့မှစ၍ ကြီးကြပ်စစ်ဆေးပြီး ခွင့်ပြုပေးသည့် ကြံတင်သွင်းမှု ၁၇၂ သုတ်ရှိကြောင်း၊ စစ်ဆေးသည့် ကြံတင်ကား ၇၁၃ စီးရှိပြီး ကြံတန်ချိန် စုစုပေါင်း ၂၁,၁၀၀ တန် ရှိပါသည်။ စုစုပေါင်းတန်ဖိုးငွေပမာဏမှာ တရုတ်ယွမ် ၉.၇၃၇ သန်းရှိကြောင်း သိရပါသည်။ 

(ရင်းမြစ် - တယ်ဟုန်ညီညွတ်ရေးသတင်းစာ)

Read times
Rate this item
(0 votes)