Chinese



လက်ကျန်မရှိ အကုန်ရောင်းရသည့် ခွက်ကြီးခေါက်ဆွဲပုံး'

လက်ကျန်မရှိ အကုန်ရောင်းရသည့် ခွက်ကြီးခေါက်ဆွဲပုံး'

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံ ရှန်ကျန်းမြို့ရှိ Sam's Club မှ ထုပ်ပိုးပုံ အဆန်းထွင် ထားသည့်  'ခွက်ကြီးခေါက်ဆွဲပုံး' သည် အွန်လိုင်းတွင် ခေါ်ဈေး ‌ကန်ဒေါ်လာ ၂၇၀ ကျော်အထိ ရောက်ရှိခဲ့သည်။

 .

 

photo_2023-07-08_14-30-41.jpg

 

ပုံးတစ်ခုစီတွင် ၄၅ စင်တီမီတာအမြင့် ရှိပြီး အရသာ မတူသော ပုံမှန် ခွက်အရွယ်အစား  ၂၄ ခွက် ပါရှိသည်။

.

အမေရိကန်မှ လက်လီအရောင်း လုပ်ငန်းကြီး Walmart မှ ပိုင်ဆိုင်သည့် Sam’s Club သည် 'ခွက်ကြီးခေါက်ဆွဲပုံး'ကို အရေအတွက် အကန့်အသတ်ဖြင့် ရှန်ကျန်းမြို့ရှိ ၎င်း၏ စတိုးဆိုင်တွင် ဇူလိုင်လ ၆ ရက်တွင် စတင်ရောင်းချခဲ့သည်။ 

ရောင်းဈေးမှာ တစ်ပုံးကို ၁၆၈ ယွမ် ဖြစ်ပါသည်။

 

photo_2023-07-08_14-30-34.jpg

.

ခေါက်ဆွဲပုံးများ အကုန်လုံး ၁၅ မိနစ်အတွင်း ရောင်းထွက်သွားသည်။

.

'ခွက်ကြီးခေါက်ဆွဲပုံး' ကို ဝယ်ကြသည်မှာ အဆန်းထွင်ထားသည့် ထုပ်ပိုးပုံကြောင့် ဖြစ်သည်။

.

စတိုးဆိုင်တွင် ကုန်သွားသောအခါ 'ခွက်ကြီးခေါက်ဆွဲပုံး' ကို အွန်လိုင်းတွင် ပြန်ရောင်းသူများ ရှိလာသည်။

တစ်ပုံးကို ယွမ် ၁,၉၉၉ (ကန်ဒေါ်လာ ၂၇၇) အထိ ဈေးခေါ်ထားသူများ ရှိသည်။ အများစုမှာ ယွမ် ၅၀၀ ဝန်းကျင်ဖြင့် ရောင်းချသည်။

Source straitstimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 08 July 2023 14:33
Rate this item
(0 votes)